Sunday, June 29, 2014

ဖိတ်​ကြားလွှာ

Leave a Comment
မြန်​မာသက္ကရာဇ်​ ၁၃၇၆ ခုနှစ်​ ဝါဆိုလပြည့်​​နေ့ ဝါဆိုဝါဝင်​မင်္ဂလာပူ​ဇော်​ကန်​​တော့ပွဲ နှင့်​ ဝါဆိုသင်္ကန်း ကပ်​လှူပူ​ဇော်​ပွဲ ဖိတ်​ကြားခြင်း...

အခမ်းအနားအစီအစဉ်
၁၃၇၆ ခုနှစ်​ ဝါဆိုလပြည့်​​နေ့ (11.7.2014) ​သောကြာ​နေ့

နံနက်​(၈း၀၀)နာရီ

ဆရာခန့်​​ကျော်​စွာ (​အောင်​ထူးဆန်း ​ဗေဒင်​ယတြာခန်း)
(၇/၅)လမ်း ​ခေတ္တရာမြို့သစ်​/ ပြည်​မြို့

မိတ်ဆွေတို့၏ အကျိုးစီးပွားကိုအမှန်တကယ်လိုလားသောဆန္ဒဖြင့်အသိပေးဖိတ်ကြားလိုက်ပါရစေဗျာ....
ဒီလိုဗျ..မြန်မာဓလေ့ထုံးစံမှာဗုဒ္ဓဘာသာရဲ့အထူးအတ်ြကာလအဖြစ်ဝါဝင်ကာလရဟန်းသံဃာဝါဆိုတာအထူးအခြားရှိတယ်လို့အားလုံးသိပြီးသားပါ။ အဲဒီကာလကို အကြောင်းပြုပြီး လူ့အရပ်မှာ ဝါဝင်ဝါထွက်အချိန်ဆိုတာရှိတယ်အဲဒီအချိန်အခါကောင်းကိုဘဲ ကန်တော့ပူဇော်ကြခြင်းကို ဝါဝင်ဝါထွက် ကန်တော့ခြင်းလို့လူ့အရပ်မှာ အလွယ်တကူ သုံးနှုန်းပြောဆိုကြတယ်။ ဝါထွက်ချိန် သီတင်းဝါလကျွတ်ခြင်းအခါမှာတော့ ဆရာသမားမိဘများနှင့်ဆွေမျိုးညာတိကျေးဇူးရှင်တို့ကိုမင်္ဂလာရှိသောအစဉ်အလာအဖြစ်မုန့်ပဲ သရေစာအသုံးအဆောင်တို့ဖြင့်ပူဇော်ကန်တော့ကြပါတယ်။ခေတ်အဆက်ဆက် ယနေ့ထိတိုင်အစဉ်အလာမပျက် ပူဇော်ကန်တော့နေကြတဲ့ဓလေ့ထုံးစံအစီအစဉ်ပါပဲ။
   အဲဒီအစဉ်အလာတွေဆိုတာ အဓိပ္ပါယ်မဲ့အကြောင်းမဲ့မဟုတ်တာသေချာပါတယ်။ ရှေးခေတ်ကိုယ့်ထီး ကိုယ့်နန်း နဲ့ရှိခဲ့ကြတုန်းက ဝါထွက်ချိန်ဆိုရင်သားသမီးတွေက သူတို့ရှာဖွေရရှိပိုင်ဆိုင်ထားတဲ့ ဆင်၊မြင်း၊ကျွဲ၊နွား၊စပါး၊ဆန်၊ရေ ဥစ္စာအထွေထွေကိုဝါထွက်ချိန်မှာ ( သီတင်းကျွတ်ကာလ ) အထွက်ဓာတ်မိ၍ ထွက်သွား၊ပျောက်သွား၊ရန်သူမျိုးငါးပါးဖျက်ဆီးသွားမှာကြောင့် အမိအဖ ဆရာသမားများကို လက်အုပ်ချီမိုး ရှိခိုးကန်တော့အပ်နှံလေ့ရှိတယ်။ ဂမ္ဘီရသဘောအရတပည့်သားသမီးများ၏ ဥစ္စာပစ္စည်းသည်
မိဘဆရာသမားလက်ဝယ်၌တည်ရှိ
လျှင် မည်သူမျှမဖျက်ဆီးနှိင်ကြောင်း ဓာတ်သဘောအရ အပ်နှံပူဇော်ကြတာပေါ့။ အမိအဖတို့သည်လည်း သားသမီးတပည့်တို့၏ ဝါထွက်ချိန်တွင်ပူဇော်သောဥစ္စာပစ္စည်းကို ကန်တော့ခံယူပြီးတဲ့နောက် ဆုမွန်ကောင်းတောင်း မေတ္တာစကားဖြင့်ဆုံးမ၍တပည့်သားသမီးတို့လက်ဝယ်သို့ပြန်လည်ချီးမြှင့်၏။ ထိုရှေးရိုးအစဉ်အလာအကြောင်းသည် ခေတ်အဆက်ဆက်ပြောင်းလဲရွေ့လျားသောအခါ ယခုခေတ်၌ ဆင်၊မြင်း၊ကျွဲ၊နွား၊ဥစ္စာပစ္စည်းတို့အစား ကျွန်တော်တို့သည် ကိတ်မုန့်လေး (၁)လုံး၊မုန့်ပုံးလေး(၁)ဗူး၊ပုဆိုးလေး(၁)ထည်၊လုံချည်လေး(၁)ကွင်းဖြင့် အစဉ်အလာမပျက်သာလျှင်မိဘဆရာတို့ကိုကန်တော့၏။ဆရာမိဘလူကြီးသူမတို့ကလည်းမုန့်ဖိုးသွားရေစာချီးမြှင့်၍ ဆုမွန်ကောင်းပေးကြ၏။ထိုသို့သောသီတင်းကျွတ်ကန်တော့ပူဇော်ခြင်းမင်္ဂလာ အစဉ်အလာသည်ဂမ္ဘီရ သဘောအရ ဥစ္စာပစ္စည်းပျက်စီးဆုံးရှုံးသောအထွက်ဓာတ် ပယ်ဖျက်သည့် ရှေးဂမ္ဘီရ အစီရင်ကြီးတစ်ခုပင်ဖြစ်ပါလေ၏။
  ထို့အတူ အထွက်ဓာတ်ပျက်စီးခြင်းကို ပယ်ဖျက်သောအကြောင်းကဲ့သို့ အဝင်ဓာတ်သဘောဆောင်သော ဝါဝင်ခြင်းအခါတွင်လည်း ရှေးဆရာကြီးသူမြတ်တို့သည်မကောင်းသောဒုက္ခဆင်းရဲဘေးဥပါဒ်အန္တရာယ်အရပ်ရပ်တို့ကိုသားသမီးတပည့်တို့ထံ ချဉ်းနင်းဝင်ရောက်မလာရန် နှင့်ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအလီလီ အထပ်ထပ်ဝင်ရောက်ရရှိပါစေရန် ဝါဝင်ကန်တော့ခြင်းအစီအရင်ထူးကြီးကိုဂမ္ဘီရဓါတ်သဘောဖြင့်စီရင်ထားကြ၏
  ထိုသို့သော ဝါဝင်မင်္ဂလာဂမ္ဘီရ အစီရင်ပူဇော်ကန်တော့ပွဲကြီး ကို မိတ်ဆွေတို့၏ အကျိုးစီးပွားကိုလိုလားသော မေတ္တာသန့်သန့်ဖြင့် ကျွန်တော်ဦးဆောင်သော အောင်ထူးဆန်း ဗေဒင်ယတြာအဖွဲ့မှ တဖက်ပါ အစီအစဉ်အတိုင်းကျင်းပပူဇော်မည်ဖြစ်ပါ၍ မိတ်ဆွေအား ခင်မင်လေးစားစွာဖိတ်ကြားလိုက်ရပါတယ်ဗျာ....။
 မှတ်ချက်။ ။ ဝါဝင်ပူဇော်ကန်တော့လိုသော (၇) ရက် သားသမီးမိတ်ဆွေများသည် ( ၇.၇.၂၀၁၄ )ရက်နေ့နောက်ဆုံးထား၍အသိပေးဆက်သွယ်စေလိုပါသည်ခင်ဗျာ...။

0 comments:

Post a Comment

Facebook Like Page