Friday, June 27, 2014

အနံ့ဆိုးများခံစားနေရသူများမှ မိမိတို့ လက်ရှိခံစားနေရသော ဝေဒနာများ/ခံစားနေရသော အမှိုက်၏ အနံ့အသက်များအကြောင်းကို ၀မ်းနည်း ကြေကွဲစွာဖြင့် (ငိုစွာ) ပြောဆိုဆွေးနွေးသွား

Leave a Comment






ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ တာဂွအနီး  ဦးလေးကြီး(လက်ဖက်ရည်ဆိုင်) ဆိုင်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ကားများဖြင့်
ပြည်မြို့ တမြို့လုံးရှိစွန့်ပစ်အမှိုက်များအား ဦးလေးကြီး(လက်ဖက်ရည်)ဆိုင် နောက်တွင်လာရောက်စွန့်ပစ်လျှက်ရှိရာ ဒေသခံများအနံ့ဆိုးဝါးမှုများကြောင့်
ဌာနဆိုင်ရာတချို့သို့ တိုင်စာများပေးပို့ခဲ့ရာတွင် မြို့နယ်စင်ပင်သာရေးကော်မတီ မှ တာဝန်ရှိလူကြီးများ နှင့် စည်ပင်လူကြီးတချို့လာရောက်ရှင်းလင်း ဆွေးနွေးပွဲ
ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးညှို့နိုင်းပွဲတွင်  မကြာသေးမှီက(လပိုင်း)ခန့်လောက် မှ ပွဲစည်းထားသော မြို့နယ်စင်ပင်သာယာရေးကော်မတီအဖွဲ့မှ  ဥက္ကဌ ဒေါ်ဝေေ၀ နှင့်အတူ
ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော..ဦးအေးချို/ဦးစိန်ဌေး/ဦးအောင်ပြည့်/ ပြည်မြို့ အမှတ်(၃)ရဲစခန်း မှ ဒုရဲအုပ်ဇော်လွင်ထွန်း/အောင်ဆန်းရပ်/ထောက်/ကူ ဥက္ကဌ
ဦးသိန်းလွင်ဦး /  ပြည်မြို့မ ဈေးကြီးမှ ဈေးခေါင်းကြီး ဦးစိုးနိုင်ဝင်း/ပြည်မြို့မှ ဈေးကြီးမှ ဒုဦးစီးမှုး(ဈေး) ဦးဖြိုးဝေအောင်/ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ/
ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်ဇော်အေး/ ပြည်အမှတ်(၃)ရဲစခန်းမှ နယ်မြေတာဝန်ခံ တ.က အောင်မျိုးဟိန်း အဆိုပါကိစ္စအားတိုင်ကြားထားသူ များ နှင့် ပြည်မြို့ပေါ်ရှိ သတင်း
မီဒီယာများ တက်ရောက်ခဲ့ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးညှိနိုင်းပွဲတွင် အနံ့ဆိုးများခံစားနေရသူများမှ မိမိတို့ လက်ရှိခံစားနေရသော ဝေဒနာများ/ခံစားနေရသော အမှိုက်၏ အနံ့အသက်များအကြောင်းကို ၀မ်းနည်း
ကြေကွဲစွာဖြင့် (ငိုစွာ) ပြောဆိုဆွေးနွေးသွားခဲ့ပြီးနောက်ဆက်တွဲအနေဖြင့် ၄င်းနေရာအနီး ချောင်းမှ ဇီးစက်မှ စွန့်ပစ်သော အမှိုက်များ ဇီးမှုန့်များကြောင့် ထပ်မံခံစားနေရမှုများ
ကိုပါတစ်ပါတည်း ထည့်သွင်း ဆွေးနွေးသွားခဲ့ပြီးနောက် အဆိုပါခံစားနေရသူ ဒေါ်အေးနု မှ ယခုလိုထပ်မံဖြည့်စွပ်ပြောကြားခဲ့...
(...အညစ်အကြေးတွေကို ကိုယ်ချင်းမစာချတယ် ခံစားနေရတာ အရမ်းများနေပြီ ကျွန်မတို့ကပင်စင်စားတွေပါ နှလုံးရောဂါလည်းရှိတယ် မယုံရင်ဆေးမှတ်တမ်းတွေယူကြည့်လို့ရတယ်
အညစ်အကြေားအနံ့တွေခံစားနေရတဲ့အထဲ  အမှိုက်ချမှုတွေကို တားတော့ ဒုညွှန်မှုး မျိုးဇင်ဝင်းကချခိုင်းတာ တဲ့ အဲဒိစည်ပင်သာယာက ဒုညွှန်မှုးဆိုလားပဲ သူ့နာမည်က
 မျိုးဇင်ဝင်း ပြောသွားသေးတယ် ကျွန်မတို့ကို ချစရာရှိတာချ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး ကိုယ့်ဘာသာချတာဘာဖြစ်လည်းတဲ့ ကျွန်မတို့ကို အဲလိုပြောသွားတော့ ပိုဆိုးတာပေါ့
)ဟုပြောကြားသွားခဲ့သည်။)..

အဆိုပါအပြန်အလှန်ဆွေးနွေးပွဲများပြုလုပ်ပြီးနောက် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ကိုယ်စား ဦးအေးချိုမှ ယခုလက်ရှိ တမြို့လုံးက အမှိုက်တွေ စွန့်ပစ်ရန်
မြေနေရာဝယ်ထားကြောင်း တဖက်မှာ ရောင်းဝယ်မှု့ (၇၅)ရာခိုင်နူန်းပြီးစီးနေပြီ ဖြစ်ကြောင်း  မကြာသောအချိန်မှာ တမြို့လုံးက အမှိုက်တွေ စွန်ပစ်ရန်အတွက် မြေနေရာ
ဝယ်ယူမှုပြီးစီးရန် အချိန် (၂)ပတ်ခန့် သည်းခံစောင့်ပေးပါရန် တောင်းပန်စကားပြောကြားပြီးနောက် လက်ရှိ ပထမ ၀ယ်ယူထားသော မြေနေရာမှ ယူနက်စကို မှကမ္ဘာ့အမွေ
အနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့သော သရေခေတ္တရာ ရှေးဟောင်းနယ်မြေ၏ အတွင်းသို့ေ၇ာက်ရှိနေပါသောကြောင့် အမှိုက်စွန့်ပစ်ခွင့်မရ၍ ၀ယ်ယူထားသော ငွေ
ကြေးတန်ဖိုးများဆုံးရှုံးခဲ့ရကြောင်း  တမြို့လုံးရှိ အမှိုက်များစွန့်ပစ်ရန် နေရာအခက်အခဲအလွန်ရှိနေသောကြောင့် (၂)ပတ်တာအချိန်စောင့်ပေးရန် ယခုဝယ်ယူထားသော
မြေနေရာမှ အေးငြိမ်းရာ သုသန်ဘက်တွင် မြေဈေးစကားပြောထားတာဖြစ်ပြီး ဧက(၂၀)ခန့်ကျယ်ဝန်းသောမြေနေရာဖြစ်တာကြောင့် ပြည်တမြို့လုံးရှိ စွန့်ပစ်အမှိုက်များကို(
၅ နှစ် မှ ၁၀နှစ်)ခန့်စွန့်ပစ်နိုင်မှာဖြစ်ပြီးဒေသခံများ၏ ခံစားနေရမှုကိုလည်း ကိုယ်ချင်းစာမိပါကြောင်း တမြို့လုံးရဲ့ ကိုယ်စားမေတ္တာရပ်ခံတောင်းပန်ခဲ့ပါတယ်

ထို့နောက် တက်ေ၇ာက်လာဒေသခံတွေမှ တမြို့လုံးမှ စွန့်ပစ်အမှိုက်များကြောင့် ဖြစ်ပေါ်လာမည့် ရောဂါ(ကျန်းမာရေး) များ နှင့်အနံ့ဆိုးများမထွက်ရှိရန်ဘယ်လိုဆောင်ရွက်ပေးမလည်းဟုမေးခဲ့ရာ
............ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ကိုယ်စား ဦးအေးချိုမှ ဆက်လက်ပြီး ဒီအတွက်ကိုမပူပါနဲ့ခင်ဗျာ ကျွန်တော်တို့ဘက်က ညနေတိုင်း မှာ ရွှေတောင်ကြီးတို့လို အနံ့ဆိုးပျောက်ဆေးများ
အပြင်အခြားအနံ့ဆိုးပျောက်ဆေးများကိုပါ ညနေတိုင်းလာေ၇ာက်ဖြန်းပေးပါ့မယ် စည်ပင်သာယာကတာဝန်ရှိတဲ့သူတွေကိုပဲ ဖြန်းဖို့တာဝန်ပေးမှာပါ အကယ်လိုလာရောက် ပြီး ဆေးဖြန်းခြင်း
မရှိခဲ့ပါက ကျွန်တော်တို့အခုလာတဲ့ ကော်မတီ ဥက္ကဌ အပါအ၀င် (၄)ဦးရဲ့ဖုန်းနံပါတ်တွေပါပေးခဲ့ပါ့မယ် ကြိုက်တဲ့အချိန် ကြိုက်တဲ့နေံ လာရောက်လုပ်ဆောင်မှုမရှိ၇င် တိုက်ရိုက်ဖုန်းဆက်ပေးပါ
ဟုထပ်မံကတိပေးစကားပြောကြားခဲ့ပြီး....ဒေသခံလူထုနှင့် တက်ရောက်လာသူများအားလုံး အပြုံးပန်းဝေစွာ ဆွေးနွေးမှုအောင်မြင်ပြီးမြောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်...


သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page