Tuesday, June 24, 2014

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဆိုင်းဘုတ်တင်ပွဲ ကျင်းပပြုလုပ်ခဲ့

Leave a Comment




မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဆိုင်းဘုတ်တင်ပွဲ ကျင်းပပြုလုပ်ခဲ့
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ၊ ပြည်မြို့၌ ယမာန်နေ့ နံနက် (၈:၀၀) နာရီခန့် ခေတ္တရာ မြို့သစ်ရပ်ကွက်၊ မြို့သစ်လမ်းဆုံ ၊ မီးပွိုင့်အနီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီကာကွယ်ရေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် နံနက် (၈:၄၅ )အချိန်တွင် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ဗဟို မီးသတ်ရှေ့ ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်တင် ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦး ၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးဝင်းညွှန့်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်အုန်းမြင့် ၊ အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ ၊ မြို့နယ် ဥပဒေအရာရှိ ဦးစန်းဝင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
သတင်းဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page