Thursday, June 19, 2014

ပညာသင်ခွင့်သည် လူတိုင်း၏ အခွင့်အရေးဟူသော ကမ္ဘာ့နိုင်ငံအသီးသီးက ထားရှိသောပညာရေး မူဝါဒအရ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုသည် ၎င်းမူဝါဒကို အကောင်အထည်ဖော်ရာ တွင်တစ်နိုင်ငံနှင့်တစ်နိုင်ငံ များစွာကွဲပြားမှု ရှိ

Leave a Comment





ပညာသင်ခွင့်သည် လူတိုင်း၏ အခွင့်အရေးဟူသော ကမ္ဘာ့နိုင်ငံအသီးသီးက
ထားရှိသောပညာရေး မူဝါဒအရ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုသည် ၎င်းမူဝါဒကို
အကောင်အထည်ဖော်
ရာ တွင်တစ်နိုင်ငံနှင့်တစ်နိုင်ငံ များစွာကွဲပြားမှု ရှိ


  ပြည့်သဲမောင်(ပြည်)
ပညာသင်ခွင့်သည် လူတိုင်း၏ အခွင့်အရေးဟူသော ကမ္ဘာ့နိုင်ငံအသီးသီးက
ထားရှိသောပညာရေး  မူဝါဒအရ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုသည် ၎င်းမူဝါဒကို
အကောင်အထည်ဖော်ရန် မိမိတို့၏နည်း၊ မိမိတို့ ၏ဟန်ဖြင့် တစ်မျိုးတစ်ဖုံစီ
အကောင်အထည် ဖော်နေကြပါသည်။ ဤသို့အကောင်အထည်ဖော်ရာ တွင်
တစ်နိုင်ငံနှင့်တစ်နိုင်ငံ များစွာကွဲပြားမှု ရှိပါသည်။
အချို့နိုင်ငံများတွင် မူလတန်းလွန်ပညာရေး အဆောက်အအုံကို အထွေထွေပညာပေးရန်
ရည်ရွယ် ချက်ဖြင့် ဖွဲ့စည်းပါသည်။ ၎င်းဖွဲ့စည်းပုံသည်ကျောင်းသားလူငယ်များအား တူညီ
သော အခြေခံပညာ ပေးရန် အတတ်နိုင်ဆုံးစီစဉ်ထားပါသည်။ သို့သော် ၎င်းဖွဲ့စည်းပုံအရ
မူလတန်းလွန်ပညာရေး ပထမ အဆင့်တွင်ပညာရေးလမ်းကြောင်းများကို ခွဲခြားပေးနိုင်မည်
 မဟုတ်သေးပါ။ ထို့အတူမူလတန်းလွန် ပညာရေး ဒုတိယအဆင့်တွင်လည်း ပညာရေးလမ်း
ကြောင်းများခွဲခြားမှုကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားပါသည်။
ကမ္ဘာ့အချို့နိုင်ငံများတွင်မူ မူလတန်းလွန်ပညာရေး ပထမအဆင့်တွင် ပညာရေးလမ်းကြောင်းခွဲခြားမှု
များကို အတန်းအချို့အတွက်သာ ခွင့်ပြုထားပါသည်။ဒုတိယအဆင့်၌သာ ပညာရေးလမ်းကြောင်း ခွဲခြားမှုများကို ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုထားပါသည်။
အထက်ဖော်ပြပါ နိုင်ငံများနှင့်မတူညီသောအချက်များမှာအချို့နိုင်ငံများတွင် ပညာရေးလမ်းကြောင်း အမျိုးမျိုးခွဲခြားမှုများကိုမူလတန်းလွန် ပညာရေးပထမအဆင့် အငယ်တန်းများမှ အစပြု၍ စီစဉ်ထား သည့်အပြင်အတန်းအဆင့်များ အဆင့်ဆင့်မြင့်မားလာသည်နှင့်အမျှ ပို၍ထိရောက် ပီပြင်သော
ပညာ ရေးလမ်းကြောင်းအမျိုးမျိုးကို ဆက်လက် ဆည်းပူးနိုင်ရန်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ကမ္ဘာတွင် လက်ရှိပညာရေး အဆောက်အအုံ ပုံစံသုံးမျိုးကိုသက်ဆိုင်ရာနိုင်ငံများကနှစ်ပေါင်းများစွာ စမ်းသပ်အသုံးပြုနေကြသော်လည်းမည်သည့်ပုံစံက ညီတူညီမျှ ပညာသင်ကြားမှုအခွင့်အရေးကို
ပေးနိုင်ပါသနည်းဆိုသော အချက်ကိုမူ ယနေ့ထက်တိုင် အငြင်းပွားနေကြရဆဲ ဖြစ်ပါသည်။
အကယ်စင်စစ်နိုင်ငံရွေးချယ် ဖွဲ့စည်းရာတွင် အောက်ပါ အချက်များကိုထည့်သွင်း စဉ်းစားရ မည် ဖြစ်သဖြင့် အခက်ကြုံရမည်မလွဲပေ။
-အထွေထွေ ပညာရေး အဆောက်အအုံပုံစံကို လက်ခံကျင့်သုံးလျှင်
ကျောင်းဆရာများထံမှ ဘက်စုံ အရည်အသွေးကို ရရှိဖို့ လိုအပ်ပါမည်။ သို့သော်
ကျောင်းဆရာများတွင် ဘက်စုံအရည်အသွေးရှိသည့် တိုင် တစ်တန်းတည်း အတူတူ
စာသင်ကြသည့် တပည့်များအား တက်တက်ကြွကြွ ပညာသင်ကြဖို့ နှိုးဆော်ရန်မှာ
အခက်အခဲရှိနိုင်ပါသည်။ တပည့်များတွင် အထုံဝါသနာနှင့်စိတ်ဝင်စားမှုချင်
မတူညီပါ။
-မူလတန်းလွန်ပညာရေး ပထမအဆင့်တွင် အစပြု၍ ပညာရေးလမ်းကြောင်းအမျိုးမျိုးကု
ခွဲခြားထား သော ပညာရေး အဆောက်အအုံပုံစံကို လက်ခံကျင့်သုံးလျှင်
ကျောင်းဆရာများအဖို့ ဘာသာရပ်တစ် ခုခုကိုသာ ကျွမ်းကျင်ရမည်ဖြစ်၍
အလုပ်အကိုင် လွယ်ကူသက်သာပါသည်။ တပည့်များ၏ အထုံ ဝါသနာနှင့်
စိတ်ဝင်စားမှုများကိုလည်း အားပေးမြှင့်တင်နိုင်သည်။ သို့သော် ၎င်းတို့အဖို့
ပညာရေးလမ်း ကြောင်းတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသင်ယူရန်
အခက်ကြုံရပါမည်။ ထို့အပြင် ပို့ချသော သင်တန်းအမျိုးမျိုးသည်
အားလုံးတန်းတူ ရည်တူ တန်ဖိုးရှိကြောင်း တပည့်နှင့် မိဘများက လက်ခံယုံ
ကြည်ထားဖို့ လိုပါသည်။ ကမ္ဘာ့နိုင်ငံ အတော်များများတွင် ဤကိစ္စနှင့်
ရင်ဆိုင်ရပါသည်။
မူလတန်းလွန်ပညာရေးနှင့် အဆင့်မြင့် ပညာရေးဆက်သွယ်မှု
မူလတန်းပညာရေးအား မူလတန်းလွန် ပညာရေးနှင့် ဆက်သွယ်ပေးရာတွင် အခက်အခဲ
ရှိလှမည် မဟုတ်ပါ။ မူလတန်းဆင့်မှ ထွက်လာသော ကလေးများအား မူလတန်းလွန်
ပညာရေးပထမအဆင့် တွင် လက်ခံရုံသာ ဖြစ်ပါသည်။ သို့သော်
အများဆုံးတွေ့ရှိရသော အခက်အခဲတစ်ခုမှာ မူလတန်း ကလေးများသည် မူလတန်းဆင့်
ပညာသင်နှစ်များတွင် ဆရာတစ်ဦးတည်းဖြင့် သင်ကြားခဲ့ကြရာမှ မူလတန်း လွန်ဆင့်
အစဦးပိုင်းတွင် ဘာသာရပ် ဆရာအမျိုးမျိုးနှင့် ရုတ်တရက် ရင်ဆိုင်ရခြင်းပင်
ဖြစ်ပါသည်။
မူလတန်းလွန် ပညာရေးအား အဆင့်မြင့်ပညာရေးနှင့် ဆက်သွယ်ပေးရာတွင်မူ
အခက်အခဲများ ပိုရှိ လာပါသည်။ အကြောင်းမှာ မူလတန်းလွန် အထက်ဆင့်မှ
မွေးထုတ်လိုက်သော တပည့်များသည် ပညာရေးလမ်းကြောင်းအမျိုးမျိုးမှ
သက်ဆိုင်ရာအရည်အချင်း အမျိုးမျိုးကို ရရှိလာခဲ့သောကြောင့်ဖြစ် ပါသည်။
ဥပမာအားဖြင့် အထွေထွေပညာရေးလမ်းကြောင်းမှ ထွက်လာသူများအား တက္ကသိုလ်တွင်
ပညာဆက်သင်ရန် လက်ခံခြင်း၊ အထွေထွေပညာနှင့် အကြိုသက်မွေးသင်တန်းများမှ
အောင်မြင်သူ များအား တက္ကသိုလ်အဆင့် မဟုတ်သေးသော
အသက်မွေးဝမ်းကျောင်းသိပ္ပံများနှင့် ဆက်သွယ်ပေး ခြင်း အစရှိသော
ပညာရေးအဆောက်အအုံ ဆက်သွယ်တည်ဆောက်ရေး ကိစ္စများတွင် အခက်အခဲ
များစွာရှိပါသည်။
အချို့နိုင်ငံများတွင် မူလတန်းဆင့် ပညာရေးနှင့် မူလတန်းလွန်ဆင့် ပညာရေး
ချိတ်ဆက်မှု မခိုင်မာ သောကြောင့် အခြေခံပညာကို လုံလုံလောက်လောက်မရရှိဘဲ
ကျောင်းထွက်သွားရခြင်းနှင့် အသက် မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုကို
မတတ်မြောက်ဘဲ ကျောင်းကိုစွန့်ခွာသွားရခြင်းတည်းဟူ သော ပညာရေး
လေလွင့်မှုများ ရှိနေပါသည်။ ထို့အတူ မူလတန်းလွန်ဆင့် ပညာရေးနှင့်
အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာရေး ချိတ်ဆက်မှု မခိုင်မာသောကြောင့်
လူ့အဖွဲ့အစည်းတွင် လူနေမှု အဆင့်ဟန်ချက် မညီမှုများကို ဖြစ်ပေါ်စေပါသည်။
အများဆုံး ဟန်ချက်မညီမှုကို တက္ကသိုလ်အဆင့် ပညာရေးနှင့် တက္ကသိုလ်အဆင့်
မဟုတ်သော အသက်မွေးဝမ်းကျောင်းပညာရေးလောကတွင် တွေ့ရ ပါသည်။
မျက်မှောက်ကာလတွင်ပင် ကျောင်းသားလူငယ်များနှင့် မိဘများသည် အသက်မွေးဝမ်း
ကျောင်း သင်တန်းများထက် တက္ကသိုလ်အဆင့် ပညာရေးကိုသာ အထင်ကြီးပါသည်။
အသက်မွေးဝမ်း ကျောင်းသင်တန်းများကလည်း အားရဖွယ်ကောင်းလောက်သော
ဆွဲဆောင်မှုများ မရှိသေးပါ။
ပညာသင်ခွင့် ဒုတိယအခွင့်အရေး
မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံအတော်များများတွင် မူလတန်းလွန်ပညာရေးကို
ပြီးမြောက်စွာ မသင်ယူ နိုင်ခဲ့သော ပုဂ္ဂိုလ်များအတွက်လည်းကောင်း၊
အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်စုံတစ်ခုကိုမျှ မရရှိခဲ့သော
ပုဂ္ဂိုလ်များအတွက်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကို
စွန့်လွှတ်ခဲ့ ရသူများအတွက်လည်းကောင်း၊ ပညာသင်ခွင့် ဒုတိယအခွင့်အရေးကို
ဖန်တီးထားပေးပါသည်။ ဤကဲ့ သို့သော ပညာရေးအဆောက်အအုံမျိုးများကို
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး တွေ့ရှိရပါသည်။ ဖွံ့ဖြိုးသည့်
စက်မှုနိုင်ငံများကလည်း အသုံးပြုပါသည်။ နေ့သင်တန်း၊ ညနေသင်တန်းနှင့်
အဝေးရောက် သင်တန်းများဖွင့်၍ စီစဉ်ပေးပါသည်။ ၎င်းသင်တန်းများအတွက် စာပေးစာယူ
သင်တန်းတည်း။ ရေဒီယိုနှင့် ရုပ်မြင်သံကြားဖြင့် ပို့ချနည်း၊
ကွန်ပျူတာဖြင့် ပို့ချနည်း အစရှိသော နည်းအမျိုးမျိုးကို မိမိတို့
နိုင်ငံနှင့် သင့်လျော်သလို အသုံးပြုနေကြပါသည်။ ၎င်းသင်တန်းများ၏ အဓိက
ရည်ရွယ်ချက်နှစ်ရပ်မှာ အခြေခံပညာကို ခိုင်မာစေ၍ သဘောတရား အသိပညာကို
ထပ်လောင်း အင်အားဖြည့်ရန်နှင့် နိုင်ငံ၏ လိုအပ်ချက်နှင့် သဟဇာတဖြစ်မည့်
အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရရှိစေရန် ဖြစ်ပါသည်။
  ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page