Monday, May 5, 2014

(၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပပြုလုပ်ရာတွင် ပြည်မြို့၌ (ပထမ)ဦးဆုံးအကြိမ် မီးလောင်မှု မြို့လုံးကျွတ်မီးလောင်မှု မှတ်တမ်းဓါတ်ပုံများကိုပါထည့်သွင်းပြသခဲ့

Leave a Comment

 (၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပပြုလုပ်ရာတွင် ပြည်မြို့၌ (ပထမ)ဦးဆုံးအကြိမ်
မီးလောင်မှု မြို့လုံးကျွတ်မီးလောင်မှု မှတ်တမ်းဓါတ်ပုံများကိုပါထည့်သွင်းပြသခဲ့
*****************************************************************


ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့တွင် ခရိုင်အဆင့်ရှိ (၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို
မေလ(၅)ရက်နေ့ ပြည်မြို့အတွင်းရှိ မြို့တော်ခန်းမတွင် မနက်(၉း၀၀)ချိန်တွင် ကျင်းပပြုလုပ်ခဲ့သည် အဆိုပါအခမ်းအနားကို
အစီစဉ်( ၄ )ခုဖြင့် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားတွင် ဒေသဆိုင်ရာအာဏာပိုင်များနှင့်  ပါတီအဖွဲ့အစည်းအသီးသီး
တို့အပြင် မီးသတ်ရဲဘော်အင်အားစုစုပေါင်း( ၅၀၀  )ခန့်တက်ရောက်ခဲ့သည် ထို့နောက် ပြီးခဲ့သော(၆၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်
တပ်ဖွဲ့နေ့ ပြည်မြို့ပေါ်ရှိအရံမီးသတ်တပ်ဖွဲ့များမှစက်ကြီး/စက်ကလေး ဖြင့်ပြည်မြို့ အရံမီးသတ်များမှသွားရောက်
ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိခဲ့သူ များအား ဆုချီးမြင့်ခြင်းအခမ်းအနားကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ် အဆိုပါအခမ်းအနားတွင်တက်ရောက်လာသော
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်..ဦးဝင်းမြင့်/အမျိုးသားလွှတ်တော်ကိုယ်စားလှယ်..ဒေါက်တာခင်မောင်လေး/တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်.
.ဦးကျော်ကျော်လင်း နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်..ဦးအောင်ချိုဦးတို့အပါအ၀င် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး..ဦးအောင်ဇော်ထက်..
မြို့နယ်ရဲမှူး..ဦးမြင့်ဦးတို့နှင့်အတူ ဒေသဆိုင်ရာ အာဏာပိုင်များတက်ရောက်အားပေးခဲ့ပြီးအခမ်းအနား နှင့် တပြိုင်တည်း
 မီးသတ်အသုံးပြုဆိုင်ရာပစ္စည်းများကလည်း ပြည်သူများဗဟုသုတရစေဖို့ရာ ခင်းကျင်း
ပြသခဲ့ကြောင်းသိရသည် အဆိုပါ ပြခန်းတွင် ရေပြင်ရှာဖွေကယ်ဆယ်ရေးကရိယာပစ္စည်းများ နှင့် မီးငြိမ်းသတ်ရေးကရိယာပစ္စည်းများအပြင်
တချိန်တုန်းက ပြည်မြို့ပေါ်ရှိ မီးသတ်ရဲဘော်ဟောင်းကြီးများအသုံးပြုခဲ့သည့် ရှေးဟောင်းမီးသတ်ကရိယာပစ္စည်းများကိုပါ ထည့်သွင်းပြသခဲ့ပါတယ်။
ထည့်သွင်းပြသခဲ့သည့်ပစ္စည်းများအားလုံးသည် ပြည်မြို့အတွင်းရှိ လက်ရှိအသုံးပြုနေသော ပစ္စည်းများဖြစ်ပြီး အဆိုပါပစ္စည်းများကို ဗဟို မီးသတ် တပ်ဖွဲ့ နှင့်
ပြည်မြို့ပေါ်ရှိ အရံမီးသတ်တပ်ဖွဲ့ပိုင်ပစ္စည်းများစုပေါင်း စုဆောင်းကာ ပြသထားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ပြခန်းကို (၆၇)နှစ်မြောက် ကတစ်ကြိမ်
ယခု(၆၈)နှစ်မြောက်တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ပြသသွားတာဖြစ်ပြီး နောင်နှစ်များမှာလည်း ဒိထက်ပိုမိုစိတ်ဝင်စားစရာ မီးသတ်အသုံးအဆောင်ပစ္စည်း
များကိုပါ ပြည်သူတွေ ဗဟုသုတအလို့ငှာပြသသွားအုံးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပြခန်းနှင့်တပြိုင်တည်း အထူးခြားဆုံးပြသမှုကတော့
(၁၉၅၃)ခုနှစ်က ပြည်မြို့တစ်မြို့လုံးနီးပါးကုန်မတတ်လောင်ကျွမ်းခဲ့သော ပြည်မြို့တွင်(ပထမ)ဦးဆုံးမီးလောင်ကျွမ်းခဲ့သော ဓါတ်ပုံများကိုပါပြသသွားခဲ့သည်။
(မှတ်ချက်).....ပြည်သတင်းလူငယ်(ပြည်သတင်း)စုံစမ်းရမိသလောက်မှာ....၁၉၅၃  ခုနှစ် ပြည်မြို့ (ပထမ)ဦးဆုံးအကြိမ် မီးလောင်ကျွမ်းမှု မြို့လုံးကျွတ်မီးလောင်မှု
မှာ ပြည်မြို့  ကျောင်းကြီးအိုးတန်းရပ်ကွက်  ကမ်းနားလမ်း နှင့် ထီးစုလမ်းဒေါင့် (ယခု)သမာဓိ စိုက်ပျိုးရေးဆေးဆိုင်  ရွှေပုလ္လင်မှော် ဘုရားကြီးအနီးရှိ (ရေနံစိမ်းရောင်သော
 ဒေါ်မမ)အိမ်မှ စတင်လောင်ကျွမ်းခဲ့သောမီးဖြစ်သည်ဟု) စုံစမ်းသိရှိရပါသည်။ အဆိုပါ မှတ်တမ်းဓါတ်ပုံများအပြင်အခြားမီးလောင်မှုမှတ်တမ်းဓါတ်ပုံများကိုပါထည့်သွင်းဖော်ပြသခဲ့သည်။

အဆိုပါ (၆၈)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား နှင့်ပက်သတ်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းညွှန့် မှပြည်သတင်း သို့ ယခုလိုပြောကြားခဲ့.............
"ပြည်သူတွေစိတ်ဝင်စားစေဖို့ တစ်နှစ်တစ်မျိုးမရိုးအောင် ဗဟုသုတအနေနဲ့ မီးသတ်ဆိုင်ရာ ပစ္စည်းတွေကိုပြသမယ် ပြီးတော့ ဟိုးအရင်ကသုံးခဲ့တဲ့မီးသတ်ဆေးဘူး မီးသတ်
တံဆိပ် နဲ့ အခြားမီးသတ်ပစ္စည်းတွေရယ် အခုခေတ်ပေါ်မီးသတ်ဆေးဘူးတွေ မီးသတ်နဲ့ဆိုင်ရာ အသက်ကယ်ဆယ်ရေးကရိယာတွေအပြင် ၁၉၅၃ ခုနှစ်က ပြည်မြို့တစ်မြို့လုံး
မီးလောင်တဲ့ မှတ်တမ်းဓါတ်ပုံတွေပါ ပြခန်းမှာပြသသွားမှာပါ ပြခန်းပြတာဒီနှစ်နဲ့ဆို (၂)နှစ်ရှိပါပြီ အဲဒိဓါတ်ပုံတွေထဲမှာ မီးသတ်ရဲဘော်တွေဟိုးတုန်းက (အာဇာနည်)ကျောက်တိုင်တွေ
နားမျာအလေးပြုနေတဲ့ပုံတွေပါတွေ့ခဲ့ရပါတယ် ကျောင်းကြီးအိုးတန်းမီးသတ်က ဒုတပ်ခွဲမှူး စိုးအောင် ရဲ့အဖေက သူမသေခင် သူ့သားဖြစ်တဲ့စိုးအောင်ကိုပေးခဲ့လို မှတ်တမ်း
ဓါတ်ပုံတွေ ပုံ(၆၀)ကျော်လောက်ရှိတဲ့မှတ်တမ်းဓါတ်ပုံတွေရရှိခဲ့ပါတယ် ပြခန်းမှာ မီးသတ်တပ်ဖွဲ့လှုပ်ရှားမှုတွေကိုလည်းပြသသွားမှာပါ တပ်မတော်နေ့အခမ်းအနားလုပ်သလို
လမ်းမှာ ကန့်လျတ်ဖြန့်ဆိုင်းဘုတ်တွေလည်းပြည်မှာထောင်ထားပါတယ် ခရိုင်တွေတိုင်းတွေအတော်များများရှိတဲ့အထဲက ကျွန်တော်တို့ပြည်ကတော်တော်လေးကို တပ်ဖွဲ့ဝင်အင်အား
စိတ်ဓါတ် ခွန်အားတွေအရမ်းတက်ကြွနေတော့ အခြားသောနေရာတွေထက်ခမ်းခမ်းနားနားဆောင်ရွက်နိုင်ခဲ့ကြပါတယ် မီးသတ်နေ့မှာလမ်းလျှောက်ချီတက်ခွင့်ကို အထက်ရုံးချုပ်ကတားမြစ်
ထားပါတယ် မြန်မာနိုင်ငံတစ်နိုင်ငံလုံးလမ်းလျှောက်ချီတက်ခွင့်မပေးပါဘူး ရုံးချုပ်ကညွှန်ကြားတဲ့အတိုင်းဆောင်ရွက်နေရလို့ပါ အခမ်းအနားပြီးတာနဲ့ ဗိုလ်ချုပ်ကျောက်ရုပ်မှာ ရေပက်မယ်
ဥသြဆွဲပြီးရေပက်မှာပါ ဒါပြီးရင်အခမ်းအနားပြီးပါပြီ ဖြည့်စွပ်ပြောချင်တာကတော့ ကျွန်တော်တို့မီးသတ်ရဲဘော်တွေအနေနဲ့ အမြဲတမ်းစွမ်းစွမ်းတမံဆောင်ရွက်နေပါတယ် ပြည်သူတွေမီးသတ်ကို
သတိထားမိစေရန်အတွက် တစ်နှစ်နဲ့တစ်နှစ်မရိုးရအောင် အခုလိုသရုပ်ပြပွဲတွေ မီးသတ်ကရိယာပစ္စည်းတွေကိုရှာဖွေစုဆောင်းပြသသွားမှာပါလို့ပြောချင်ပါတယ်"  ဟုပြောကြားခဲ့သည်။

ထို့နောက် (၁၉၅၃)ခုနှစ်က ပြည်မြို့လုံးကျွတ်မီးလောင်ရာတွင် ပြည်မြို့တွင် မီးသတ်ကားအစီးရေ စုစုပေါင်း(၈)စီးခန့်သာရှိခဲ့ပါတယ် အသေးစိတ်စုံစမ်းရမိသလောက်ကတော့..
ကျောင်းကြီးအိုးတန်းမီးသတ်မှာ(၁)စီး /  တရုတ်အမျိုးသားမီးသတ်မှာ(၃)စီး  /  ရွှေကူမီးသတ်မှာ(၁)စီး  /  ဈေးကြီးမှ ၀ါနိစ္စ မှာ(၁)စီး  /  ဗဟိုမီးသတ်မှာ(၂)စီး အဆိုပါ(၂)စီးမှာ (ဒေါ့ဂျစ်တစ်စီး နှင့်
 ထွေလာတစ်စီး) ဖြစ်ပါတယ် အဆိုပါ ၁၉၅၃ ခုနှစ်က မီးလောင်မှုပထမဦးဆုံးအကြိမ်လည်းဖြစ် တစ်မြို့လုံးကုန်လုနီးပါးလောင်ကျွမ်းသွားသောမီးကို ငြိမ်းသတ်ခဲ့သော ကား(၈)မှာ
ယနေ့ (၂၀၁၄)ခုနှစ်အထိကို လက်ရှိ(၁)စီးသာကျန်ရှိပါတော့တယ် ကျန်မီးသတ်ကားများမှာ အစိုးရမှ ပြည်သူပိုင်အဖြစ်သိမ်းသွားခဲ့စဉ်ကပါရှိသွားကြောင်းသိရပါသည်။...(မှတ်ချက်)
..ပြည်သတင်းလူငယ်(ပြည်သတင်း)မှ စုံစမ်းသိရှိသမျှ ဖြစ်စဉ်များကိုရေးသားပြပါသည်။.........အဆိုပါ တစ်စီးသာကျန်ရှိသောမီးသတ်ကားမှာ ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ် တပ်ခွဲ(၁)
တပ်စု(၂)မီးသတ်ရုံးတွင်ယနေ့အချိန်အထိရှိနေပါသေးတယ် အဆိုပါမီးသတ်ကားကြီးမှာ ယနေ့အချိန်အထိအသုံးပြုလို့ရနေပါသေးတယ် အဆိုပါမီးသတ်ကားကြီးရဲ့ရပ်တည်မှုကိုလည်း
တပ်ခွဲ(၁)တပ်စု(၂) တပ်ခွဲမှူး ဦးစောဝင်း မှ ပြည်သတင်းကိုယခုလိုပြောကြားခဲ့......." ၁၉၅၃ ခုနှစ်က ပြည်မြို့တစ်မြို့လုံး ပထမဦးဆုံးအကြိမ် မီးလောင်ခဲ့စဉ်က ငြိမ်းသတ်ခဲ့တဲ့ကားကြီးပါ
ကျန်တဲ့ကားတွေတော့မရှိတော့ပါဘူး ပြည်တစ်မြို့လုံးမှာ ဒီတစ်စီးပဲကျန်ပါတော့တယ် လက်ရှိအသုံးပြုနေပါတယ် ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲမှာလည်းအသုံးပြုဖို့ရှိပါတယ်
ကားကြီးရဲ့အင်ဂျင်မှုရင်းက (VX)အမျိုးအစားပါ အင်ဂျင်မကောင်းတော့လို့ နောက်အင်ဂျင်(TO YO TAR)အမျိုးအစားကိုပြန်လည်တပ်ဆင်ထားရပါတယ်   ပြပွဲမှာဘာ့ကြောင့်မပါရတာလည်းဆိုတော့
အစည်းအဝေးလုပ်တော့ ဒီကားကြီးအကြောင်းမပြောခဲ့ကြပါဘူး ကျွန်တော်တို့လည်း မပြောခဲ့ဘူး ဒါ့ကြောင့်မပြဖြစ်တာပါ      မီးသတ်နေ့လမ်းလျှောက်မချီတက်ဖြစ်တာဒီနှစ်ဆို(၅)နှစ်
ရှိပါပြီ ကျွန်တော်သိတာကတော့ အထက်ကမလျှောက်ခိုင်းတာလို့တော့ပြောတာပါပဲ  လူငယ်လေးတွေက လမ်းလျှောက်ချီတက်ချင်ကြပါတယ် အားလုံးပါပဲ တစ်နှစ်မှတစ်ခါ တစ်ခါမှ
တစ်ကြိမ်ဆိုတော့လမ်းလျှောက်ချီတက်ကြချင်မှာပဲလေ လူငယ်တွေလမ်းလျှောက်မချီတက်ရတော့ စည်းရုံးဖို့တောင်နည်းနည်းခက်နေတယ် တက်ကြွတဲ့ရဲဘော်လူငယ်တွေလမ်းလျှောက်
ချီတက်မှုကိုအရမ်းအားသန်နေကြပါတယ်" ဟု ပြောကြားသွားခဲ့ပါတယ်။.........

ထို့နောက်(၅)နှစ်တာလမ်းလျှောက်ချီတက်ခွင့်မရလို့ မီးသတ်ရဲဘော်တစ်ဦးမှလည်း ပြည်သတင်းကိုယခုလိုပြောကြားခဲ့ ......
"ကျွန်တော်မီးသတ်ထဲဝင်တာ (၈)နှစ်ကျော်ပါပြီ အခုလမ်းလျှောက်ချီတက်ခွင့်မရတာ ဒီနှစ်နဲ့ဆို(၅)နှစ်ရှိနေပါပြီ သိရသလောက်ကတော့ ဗဟိုရုံးချူပ်ကချတဲ့အမိန့်ပါ
ကျွန်တော်တို့ မီးလောင်ပြင်မျာအသက်စွန့်ပြီးမီးငြိမ်းသတ်ခဲ့ရတဲ့ ဘ၀အမောတွေကို အခုလိုတစ်နှစ်မှတစ်ခါသာ လမ်းလျှောက်ခွင့်ရတဲ့ အပျော်လေးတွေနဲ့ဖြေချင်ပါတယ်
ပျော်စရာဆိုလို့ မီးသတ်နေ့ပဲရှိပါတယ် ကုသိုလ်ယူစရာဆိုလို့ ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲလုပ်တဲ့အချိန်ကျွန်တော်တို့ရေလှူရတာလေးတွေ ထိထိမိမိကုသိုလ်ယူရပါတယ်
ဘာသာရေးနဲ့ကုသိုလ်ယူတာပါ မီးသတ်သမားတိုင်း မီးသတ်ရဲဘော်တိုင်း မီးသတ်တပ်ဖွဲ့နေ့မှာ လမ်းလျှောက်ချီတက်ချင်နေကြပါတယ် နောင်နှစ်တွေမျာ လမ်းလျှောက်ခွင့်
ပြုပေးပါလို့ မီးသတ်အလံနောက်ကွယ်ကနေ ပြောကြားလိုပါတယ်ဗျာ...."ဟုပြောကြားသွားခဲ့သည်.......

ပြည်သတင်းလူငယ်(ပြည်သတင်း)        
















(၁၉၅၃)ခုနှစ်မှ မှတ်တမ်းဓါတ်ပုံများ..........ပြည်သတင်းလူငယ်(ပြည်သတင်း) ၏ကြိုးစားဖော်ပြမှု

























0 comments:

Post a Comment

Facebook Like Page