ရက်ကွက်နေပြည်သူများ၏ ဆန္ဒကိုဆန့်ကျင်၍ လမ်းမြေနေရာ၊မြောင်းမြေပေါ်ကျူးကျော် မိမိကိုယ်ကျိုးတံတားထိုးပြီး အဆောက်အဦးဆောက်လုပ်နေသူအား တိုင်ကြားထား
***********************************************************************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)သဲကုန်းမြို့နယ်၊အင်းမမြို့၊ဗောဓိကွက်သစ်ထိပ် နှင့် ဗောဓိကွက်သစ်(၁)ရပ်ကွက်နေ ဦးကြည်တင် နှင့် မိသားစုသည် ဗောဓိကွက်သစ်ရေထွက်မြောင်း
နှင့် ဗောဓိကွက်သစ်(၂)ရပ်ကွက်ရေထွက်မြောင်းပေါ်တွင် ရေမြောင်းများအားပိတ်ဆို့၍ အဆောက်အဦးဆောက်လုပ်လျှတ်ရှိကြောင်းသတင်းရရှိခဲ့ပါတယ်။ အဆိုပါအဆောက်အဦး
ဆောက်လုပ်နေမှုကို ရပ်မိရပ်ဖများ၊ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် ဒေသခံတွေက ၂၂.၄.၂၀၁၄ ရက်နေ့ကသွားရောက်တားစီးခဲ့တယ်လို့သိရပါတယ် သို့သော်လည်း လိုက်နာမှုမရှိပဲ
ယခုအချိန်အထိဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်းသိခဲ့ရပါတယ်။ အဆိုပါရေထွက်မြောင်းမှာ မိုးတွင်းပိုင်း မိုး(၂)ကြိမ်ခန့်ရွာသွန်းမိလျှင်ပဲ ရေပြည့်ရေလျှံနှစ်စဉ်ဖြစ်ပေါ်လျှပ်ရှိပါ
တယ်။ ရေမြောင်းရေလျှံမှုများဒဏ်ကို နှစ်စဉ်ခံနေရသောဒေသခံများမှာ ယခုလို ရေမြောင်းအလည်တည့်တည့်ကနေ ကျောက်တိုင်များအခိုင်အမာဆောက်ပြီး ရေမြောင်းပိုမိုပိတ်
ဆို့အောင် ပြုလုပ်လျှက်ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ် အဆိုပါဖြစ်စဉ်များကို သဲကုန်းမြို့နယ်အုပ်ချူပ်ရေးမှူးရုံး/ အင်းမရဲတပ်ဖွဲ့/ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး/သဲကုန်းမြို့နယ်
စည်ပင်သာယာဦးစီးဌာန/သဲကုန်းမြို့နယ်မြေစာရင်းဦးစီးဌာနရုံး/သဲကုန်းမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာန နှင့် အင်းမအုပ်စု အထောက်အကူပြုကော်မတီများသို့ တိုင်ကြားထားသော်လည်း
လာရောက်ကြည့်ရှုရုံလုပ်ပြီး အဆောက်အဦးသာဆက်လက်ဆောက်လုပ်နေပြီး ဘာမှထူးခြားမှုမရှိခဲ့ပါဘူးဖြစ်နေပါတယ် အဆိုပါရေမြောင်းပိတ်ဆို့မှုအတွက်ရရှိလာမည့် ရင်ဆိုင်လာရမည့်
ကျေးရွာသူ/သားများ၏ဒုက္ခများမှာ...
၁။ရေမြောင်းများပိတ်ဆို့လာမှုကြောင့် ဗောဓိကွက်သစ်၊ဗောဓိအပိုင်း(၁)နှင့်(၂)ရပ်ကွက်များရေလျှံခြင်းတို့ကြောင့် ရန်ကုန်/ပြည်လမ်းမကြီးပေါ်များသို့ ရေလွမ်းမိုးမှုများဖြစ်ပေါ်လာနိုင်
ခြင်း၊
၂။ရေမြောင်းပိတ်ဆို့၍ ဗောဓိကွက်သစ်လမ်းများ ပျတ်စီးနိုင်ခြင်း
၃။ရေမြောင်းပိတ်ဆို့မှုကြောင့် ရပ်ကွက်နေပြည်သူများကျန်းမာရေးထိခိုက်လာနိုင်ခြင်း
၎။ရေမြောင်းပိတ်ဆို့မှုများကြောင်းရေထွက်ပေါက်ပိတ်ကာ နှစ်စဉ်ရေကြီးရေလျှံခြင်းများစသည့်ဆိုးကျိုးများသာဖြစ်ပေါ်လာနိုင်ပါသည်။
အဆိုပါအဆောက်အဦးသည်အများပြည်သူပိုင် ၊လမ်းပိုင်မြေ၊မြောင်းပိုင်မြေများပေါ်တွင်ဆောက်လုပ်နေခြင်းဖြစ်သောကြောင့် ဒေသခံရပ်ကွက်နေပြည်သူပေါင်း(၄၆)ဦးမှ မှတ်ပုံတင်နံပါတ်များ
နေရပ်လိပ်စာတိတိကျကျများ လက်မှတ်များရေးထိုးတိုင်ကြားထားပါသော်လည်းယနေ့အချိန်ထိဆောက်လုပ်လျှပ်ရှိနေကြောင်းသိရပါတယ် အဆိုပါတိုင်ကြားထားသူများထဲမှ...
ဦးဝင်းနိုင်/ဦးသိန်းဝင်း/ဦးခင်ဝင်း/ဦးဟံရွှေ တို့မှ ပြည်သတင်းကိုယခုလိုပြောကြားခဲ့...
မြို့နယ်အုပ်ချုပ်ရေးမှုးလာကြည့်တယ် ပြီးတော့ပြန်သွားတယ် အဲနောက်ပိုင်းဘယ်သူမှမလာတော့ဘူး ဘာမှထူးခြားမှုမရှိဘူး ပထမကတော့ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့
ရပ်မိရပ်ဖတွေဝိုင်းတားတယ်မရဘူးခုထိဆက်လုပ်နေပါတယ် ကျွန်တော်တို့အားလုံးပါတီနိုင်ငံရေးကင်းရှင်းပါတယ် ပြည်သူစစ်စစ်တွေပါ တိုင်စာတွေကိုယ်ရေးတတ်သလိုရေးအားကိုးလို့
ရမဲ့သူကိုအဓိကထားပြီးတိုင်ခဲ့တယ်ဘာမှဖြစ်မလာပါဘူး အဲဒါကို ပြည်သတင်းကနေအကူအညီတောင်းခံချင်တာပါ ကျွန်တော်တို့ဘာမှနားမလည်ဘူးလေ ဒီသတင်းဖတ်ပြီး သက်ဆိုင်ရာ
လူကြီးတွေကူညီကြပါအုံးလို့လေးစားစွာဒီကနေတင်ပြတာပါဗျာ....ဟုပြောကြားခဲ့ပါတယ် ...........သတင်းနှင့် ဓာတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment