Monday, March 3, 2014

ထူးကြီးမူးကြီး ( အကြံကုန်ဂဠုန်ဆားချက် ) သရ၀ဏ်(ပြည်)

Leave a Comment


ထူးကြီးမူးကြီး ( အကြံကုန်ဂဠုန်ဆားချက် )

ကျွန်ုပ်တို.၏ဇာတ်လိုက်ကျော် ထူးကြီးနှင်.မူးကြီး သည် ရန်ကုန်မြို.တွင်တစ်ဝဲတစ်လည်လည်နှင်. အောက်ပါအတိုင်းတိုင်ပင်ကြလေသည် ။

ထူးကြီး - မူးကြီး ရေ ၊ငါတို.ရှေ.ဆက်ပြီးဘာလုပ်စားရင်ကောင်းမလဲကွာ ။

မူးကြီး- အေးလေ ၊ ငါတို.နေတဲ.အိမ်လဲကျူးကျော်ဆိုပြီး အဖျက်ခံလိုက်ရပြီ ။ ငါတို.အမျိုးတွေပိုင်တဲ.လယ်တွေ ယာတွေ လဲ တပ်မြေနဲ.မလွတ်လို.အသိမ်းခံလိုက်ရပြီ ၊ ငါတို.မိတ်ဆွေတွေရဲ. အိမ်တွေခြံတွေလဲ နိုင်ငံတော်စီမံကိန်းနဲ. ရောပြီး ရောသမမွှေခံလိုက်ရပြီ ။မြို.ကငါ.ဘကြီး ဂျာနယ်လစ်ဆီအလုပ်သွား တောင်းတော.လည်း ဘကြီး အယ်ချုပ်မောင်မောင်တုတ်ကိုယ်တိုင် ဒွန်းစဏ္ဍားလျှို.၀ှက်ချက်ပေါက်ကြားမှုနဲ. တရားစွဲခံနေရပြီ ။ ငါလဲမကြံတတ်တော.ဘူး ထူးကြီးရေ ။

ထူးကြီး- အကြံရပြီ မူးကြီးရေ ၊ ဒီလိုလုပ် ငါတို.နှစ်ယောက် အပြင်မှာဘာမှမယ်မယ်ရရမလုပ်နိုင်တဲ.အတူတူတော. စစ်တပ်ထဲဝင်ရရင်ကောင်းဘူးလား ၊ ကံကောင်းရင်တပ်ကသိမ်းထားတဲ.လယ်တွေကို အသစ်ဝင်လာတဲ.ရဲဘော်လေးတွေကို ဝေပေးချင်ပေးနေဦးမှာ ၊ အဲဒိအခါကျ ကိုယ်.လယ်ကိုယ်ပြန်ရတဲ.အပြင် ဦးမြိုင်တို. ၊ ဦးပိုင်တို.က သနားပြီးပြန်ပေးတဲ. လယ်ကလေး ယာကလေးတောင်ထပ်ရချင်ရဦးမှာမောင် ။

မူး- တပ်ထဲဝင်ရတာ က ထင်သလောက်လွယ်ရဲ.လားကွာ ၊ စည်းကမ်းတွေကများပါသဘိနဲ. ။

ထူး- မင်းကလဲကွာ စစ်ထဲဝင်တာပဲဘာခက်လို.လဲ

မူး- အရင်ကတော.ခက်တယ်ကွ

ထူး- အရင်ကဆိုတာဘယ်ခေတ်ကလဲကွာ

မူး- ကင်းဝန်မင်းကြီး ဦးကောင်းတို.ခေတ်က ကွ ။ အဲဒိခေတ်က မြန်မာ.တပ်မတော်ထဲကို ၀င်မယ်ဆိုရင် ဟောဒိအချက်တွေနဲ.ကိုက်ညီရမယ်ဆိုပဲကွ ။

ထူး- ဘာတွေလဲဟ ၊ ဆိုစမ်းပါဦး

မူး- အေးကွ ၊ မြန်မာပညာရှိဦးမောင်မောင်တင်ရေးသားတဲ. ကင်းဝန်မင်းကြီးသမိုင်း စာအုပ် စာမျက်နှာ (၄၈) မှာဘယ်လိုဆိုထားသလဲဆိုတော. မြန်မာ.တပ်မတော်ကစစ်သားစုဆောင်းတဲ.အထဲမှာ “ မျက်စေ.မှုန်မွဲ ၊ တိမ်စွဲမျက်ခမ်းစပ် ၊ ပန်းနာ ၊ ဒူလာအားကြီး ၊ ကြက်, ၀က် မှင်တက်ရောဂါ ၊ အိပ်ရာယောင်ယမ်း ၊ဦးဆံရှုပ်ထွေး၊ ကိုယ်ထက်ဒူးရှည် , ပေါင်ရှည် ၊ ခြေသိမ် လက်သိမ် ၊ အသက်(၂၀)မပြည်. ၊ (၅၀)ကျော်သူ ၊ ၎င်းလူတို.ကို ချန်လှပ် “ လို.ရေးထားတယ်ဟ

ထူး- ရှေးမြန်မာ.တပ်မတော်က တယ်တော်ပါလား ၊ အသက် (၂၀)မကျော်ရင်တပ်ထဲမ၀င်ရ ဆိုတော. ကလေးစစ်သား ကိစ္စကိုအဲဒိအချိန်ကတည်းက သိခဲ.ကြတာပဲဟ ။

မူး- နေပါဦးဟ (၅၀ )ကျော်ရင်မ၀င်ရဆိုတော. ပြီးခဲ.တဲ.ဟိုလူကြီးလက်ထက်တုန်းကတော. တပ်မတော်မှာ (၅၀ )ကျော်ရုံမက ၊ (၆၀ )လဲမထွက် ၊ (၆၅)လဲ ပင်စင်မယူ ၊ (၇၀)ကျော်လောက်အထိ ဒုံးပေကတ်သတ်နေသွားတယ်နော်

ထူး- ဘယ်လူကြီးတုန်းဟ

မူး- လယ်ကိုင်းမြို.စား သေနတ်ဝန် ၊ မင်းသတိုးသုဓမ္မမဟာသက်တော်ရှည် အမတ်ကြီးကိုပြောတာပါ

ထူး- သက်တော်ရှည်အမတ်ကြီးကယ်လို.ပေါ.ကွာ ၊မဟုတ်ရင်ငါထင်တာမှန်တယ် ။ မင်းလဲ ပခုက္ကူထောင်ကိုရောက်ပြီမောင် ။

မူး- အရှောင်အတိမ်း ဂျက်ဆီဂျိမ်းပါငါ.မောင်ရဲ. ၊ ကဲ ပြောနေကြာတယ် အနေအစားချောင်အောင်မင်းနဲ.ငါ ၊ တပ်ထဲဝင်လိုက်ကြစို. ။

ဤသို.ဖြင်.ထူးကြီးနှင်.မူးကြီးသည် တပ်မတော်တပ်သားသစ်စုဆောင်းရေးတပ်သို.စာရင်းသွားပေးကြရာ တာဝန်ခံအရာရှိကအောက်ပါအတိုင်းစေ.စပ်သေချာစွာ မေးမြန်းစစ်ဆေးလေသည် ။

အရာရှိ - မင်းတို.ဘာဖြစ်လို.တပ်မတော်ထဲကိုဝင်ချင်တာလဲ

ထူး- အလုပ်မရှိလို.ပါ ၊ အာမီရမ်လဲကြိုက်တတ်လို.ပါ ။

မူး- အသိမ်းခံရတဲ.လယ်တွေပြန်များရမလားလို.ပါ ။

အရာရှိ - တယ်မိုက်တဲ.ကောင်တွေပဲ ။ မင်းတို.လယ်တွေ သိမ်းတာတပ်မတော်နဲ.ဘာဆိုင်လို.လဲ ။ လယ်တွေ မြေတွေ လိုချင်လို. တပ်ထဲဝင်လာတယ်ဆိုကတည်းက သောက်ကျင်.တွေကိုကောင်းတဲ.ကောင်တွေမဟုတ်ဘူး

မူး-ထူး.။... ဗိုလ်ကြီး ဘယ်သူ.စောင်းပြောနေတာလဲ

အရာရှိ- ဘယ်သူ.စောင်းပြောရမှာလဲ ၊မင်းတို.နှစ်ယောက်ကိုပြောနေတာပေါ. ၊ လယ်ယာမြေတွေလိုချင်လို. တပ်မတော်ထဲကိုဝင်တယ်ဆိုတာတော်တော် အကြံပက်စက်အောက်တန်းကျတာပဲကွ ။ ဒီလိုလူမျိုးကိုဒို.တပ်မတော်ကလက်မခံဘူး ကွ ။

ထူး- လက်မခံတော.တာလားခင်ဗျာ

အရာရှိ- ဟေ.ကောင် ပါးပိတ်ရိုက်လိုက်ရ ၊ လက်မခံတော.တာမဟုတ်ဘူး ၊လက်ကိုမခံတာကွာ ။ တိုင်းပြည်ချစ်စိတ်နဲ. တပ်ထဲဝင်ရင်လက်ခံမယ် ။ တစ်ခြားထွေလီကာလီအကြံနဲ.၀င်လာရင်လက်မခံဘူး ။ ငါ.ဗိုက်ကိုဒီမှာကြည်.စမ်း ( ဗိုလ်ကြီးကအင်္ကျီ လှန်ပြ၏)

ထူး၊မူး။ မြင်ပါပြီခင်ဗျာ

အ၇ာရှိ- ဘာမြင်တာလဲ

ထူး၊မူး- ပွေးကွက်တွေမြင်တာပါ

ရာ- တယ် ငါလုပ်လိုက်ရသေတော.မယ် ၊ငါပြတာ ဗိုက်ကသေနတ်ဒဏ်ရာကိုဟ ၊မြင်လားဒီလိုတိုင်းပြည်အတွက်စွန်.စားတဲ.လူမျိုးမှ တပ်ထဲဝင်လို.ရတာ ။

ထူး၊မူး- အော်……အော် ရှင်းပါပြီ ခင်ဗျ ၊ သဘောပေါက်ပါပြီခင်ဗျ ၊ နားလ
ည်ပါပြီ ကျွန်တော်တို.တိုင်းပြည်ကိုတစ်ကယ်ချစ်တာပါ ။

ရာ- မင်းတို.အသက်ကောပြည်.ကြရဲ.လား

ထူး၊မူး။ ပြည်.ပါတယ်ခင်ဗျ

ရာ- ကျန်းမာရေးရောကောင်းရဲ.လား

ထူး- မာပါတယ်ခင်ဗျာ

မူး- ဒေါင်ဒေါင်မြည်လို.ပါပဲခင်ဗျာ

ရာ- မိဘများကရော သဘောတူကြရဲ.လား

ထူး- သဘောတူပါတယ်ခင်ဗျာ သူတို.တောင်
ဘယ်နားရောက်နေမှန်းမသိပါဘူး

မူး- ဟုတ်ပါတယ် ၊ အဖေရောအမေရော သဘောတူမှာပါ ။ အခုတော. ဒီမှာမရှိပါဘူး။

ရာ- မရှိလို.ဘယ်သွားသလဲ ။

ထူး- နတ်ပြည်ရောက်သွားပါပြီ

မူး- ကျွန်တော်.မိဘတွေလဲ ကွယ်လွန်တာကြာပါပြီ

အရာရှိ- နေပါဦး မင်းတို.အသက်တွေက ဘယ်နှစ်နှစ်ရှိပြီလဲ

ထူးကြီး- ကျွန်တော်က (၆၁)နှစ်ပါ

မူးကြီး- ကျွန်တော်က (၆၂ ) နှစ်ပါ

အရာရှိ- ဟေ.ကောင်တွေ မင်းတို.လို အိုနာကျိုးကန်းတွေကိုတပ်သားသစ်လက်ခံစရာလားကွ ၊သွားကွာ ခုထွက်သွားစမ်း

မူး၊ထူး- ကျွန်တော်တို. တိုင်းပြည်ကိုချစ်လွန်းလို. တပ်ထဲဝင်ချင်တာပါ ။

ရာ- မရဘူးကွ ၊ မင်းတို.အသက်ကကျော်နေပြီ

ထူး၊မူး ဟိုလူကြီး ကျော်နေတုန်းကတော.ဘာမှမပြောကြပါလား

ရာ- ဘယ်လူကြီးလဲကွ

ထူး၊မူး - သက်တော်ရှည်အမတ်ကြီးလေ

ရာ- ဘယ်ကအမတ်ကြီးလဲ ၊ ပြည်သူ.လွှတ်တော်ကလား ၊အမျိုးသားလွတ်တော်ကလား ။ တော်ပြီကွာ ဒီကောင်တွေကိုဖမ်းချုပ်လိုက်စမ်းဟေ. ။

ထိုအချိန်တွင် လူတစ်ယောက်သည်ပျာယီးပျာယာဖြင်.ပြေးလာကာ အရာရှိကြီးအားတီးတိုးပြောလိုက်ရာ အရာရှိကြီးသည် ချက်ချင်းပင် ထူးကြီးနှင်.မူးကြီးကိုသွားနိုင်ပြီဟု ပြန်လွှတ်လိုက်လေသည် ။

ထူး- မြင်တယ်မို.လား ၊ ငါတို.နာမည်ကြားတာနဲ.ဖြုံသွားတာပဲ ။ ဘယ်ရမလဲ နိုင်ငံကျော်တွေကွ ။

မူး- သိပ်လဲအထင်ကြီးမနေနဲ.ဟ ၊ ဟိုလူတိုးတိုးပြောတာငါကြားတယ် ။

ထူး- ဘာလာပြောတာလဲဟ

မူး- သူပြောတာက ဒီလူနှစ်ယောက်ကိုသူသိတယ်တဲ.၊ အရက်ကြောင်ကြောင်နေတဲ. အရူးတွေတဲ. ၊ အချုပ်ထဲထားရင်လဲ ရိက္ခာကုန်တယ်တဲ. မြန်မြန်ပြန်လွှတ်လိုက်တာကောင်းပါတယ်တဲ. ကွ

ထူး- ဟိုက်

သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page