Wednesday, March 12, 2014

ထူးကြီး ၊ မူးကြီး ( ပြည်သူ.ချဉ်ဖတ် ) သရ၀ဏ်( ပြည်)

Leave a Comment



ထူးကြီး ၊ မူးကြီး ( ပြည်သူ.ချဉ်ဖတ် )

သရ၀ဏ်( ပြည်)

ထူးကြီး နှင်. မူးကြီး သည် ဘယ်နေရာမှအဆင်မပြေသဖြင်. အကြံကုန်ဂဠုန်ဆားချက်သဘောဖြင်. အောက်ပါအတိုင်းဆွေးနွေးတိုင်ပင်ကြလေသည် ။

ထူးကြီး- ဟေ.ကောင်မူးကြီးရေ ၊ ငါတို. ဒီအတိုင်းနေလို.တော.မဖြစ်တော.ဘူးကွာ

မူးကြီး- ဒီအတိုင်းမနေလို. ကင်းမြီးကောက်ထောင်နေရမှာလားဟ

ထူးကြီး- မူးကြီးရေ မင်းကို အဲဒါကြောင်.လူတွေက အိုင်ကျူနိမ်.တယ် ၊ခြောက်တန်းတောင်မအောင်ဘူးလို.လူတွေကပြောကြတာဟ ၊ ငါပြောတာက ခါတော်မီနိုင်ငံရေးပါတီလေးဘာလေးထောင်ပြီး ၊ ၂၀၁၅ အမီ လုပ်စားရရင်မကောင်းဘူးလားကွာ ။ ကံကောင်းရင်တို.နှစ်ယောက် အမတ်တွေဘာတွေတောင်ဖြစ်နိုင်တယ်မောင် ။

မူးကြီး- ကြိုက်တယ်ကွာ မင်းအိုင်ဒီယာ ။ ဒါပေမယ်. ပါတီထောင်တယ်ဆိုတာငွေလိုတယ်ကွ ။ဖွတ်ကလိဒင်္ဂါးလိုတယ် ။ငွေမရှိတဲ.ပါတီဟာ ဘာတစ်ခုမှလူရာမ၀င်ဘူးဟ ။ ငါတို.တောင်ထမင်းနတ်မမှန်တာ ဘယ်လိုလုပ်ပြီး ပါတီကုန်ကျစားရိတ်တွေ အတွက် ငွေကရမှာလဲ

ထူး- ဒါကတော.မပူပါနဲ. ၊ လူကြံရင်ထရံတောင်သွားကြားထိုးတန်ဖြစ်ပါသေးတယ်ကွ ။ ဒီမှာ ငွေရှိပြီးအိုင်ဒီယာမရှိ ပဲ လူရာဝင်ချင်နေတဲ.သူတွေလောကမှာတစ်ပုံကြီးပါ ။ အဲဒီလို အူကြောင်ကြောင်တစ်ကောင်ကိုငွေစိုက်ခိုင်းပြီး ငါကဥက္ကဌ မင်းကအတွင်းရေးမှူးလုပ်လိုက်ရရင်မကောင်းဘူးလား ။

မူး- ကောင်းတယ်ကွာ ။ အဲဒါဆို ဒို.ပါတီထောင်ဖို.ဘယ်သူ.ကိုအကူအညီယူမလဲ

ထူး- လမ်းထိပ်က ကိုသံချောင်းသိတယ်မဟုတ်လား

မူး- ဈေးထဲမှာချဉ်ဖတ်ရောင်းတဲ. ကိုသံချောင်းလား

ထူး- ဟုတ်တယ်မောင် အဲဒိကိုသံချောင်းက အိမ်သာကျင်းတူးရင်းရှေးဟောင်းရွှေဒင်္ဂါးတွေရပြီးချမ်းသာနေပြီမောင် ၊ သူက အရင်ကချဉ်ဖတ်ရောင်းရပေမယ်. အခုအခါမှာတော.လူရာဝင်ချင်တဲ.ရောဂါထနေလေရဲ. ။ပြောနေကြာတယ် ငါကိုသံချောင်းကိုအခုသွားခေါ်လိုက်မယ် ။

မူးကြီးနှင်.ထူးကြီးသည် ကိုသံချောင်းအား သွားရောက်တွေ.ဆုံ၍ နိုင်ငံရေးပါတီ တည်ထောင်မည်.အကြောင်းပြောပြစည်းရုံးရာ ကိုသံချောင်းက သူ.အား ဒုဥက္ကရာထူးပေးလျှင်ကုန်ကျငွေအားလုံးကိုစိုက်ထုတ်ပါမည်ဟုကတိခံလေ၏ ။

ထူး- ပါတီနာမည်ဘယ်လိုပေးကြမလဲ

မူး- ပေးချင်တဲ.နာမည်ပေး ၊ ပြည်သူဆိုတဲ. နာမည်တော.ပါစေချင်တယ် ။ဒါမှလုပ်စားလို.ကောင်းမယ်

သံချောင်း- ကျုပ်ကတော. ငွေစိုက်ရတဲ.သူဆိုတော. ကျုပ်လက်ငုတ်လက်ရင်းလုပ်ငန်းဖြစ်တဲ. ချဉ်ဖတ်ဆိုတာတော.ပါစေချင်တယ် ။ ဒါမှငွေစိုက်နိုင်မယ်

ထူး- ဒါဆို ချဉ်ဖတ်ပြည်သူ ပါတီဆိုရင်ကော

မူး- ချဉ်ဖတ်ပြည်သူကခေါ်ရတာမကောင်းဘူးကွ ။ ဒီလိုလုပ် “ ပြည်သူ.ချဉ်ဖတ် ပါတီ “ ဆိုရင်ရော ။ အင်္ဂလိပ်လိုတော. People’s Pickle Party ပေါ.ကွာ

သံချောင်း- ကောင်းတယ်ဗျာ ။ သိပ်ကောင်းတယ် ခင်ဗျားကြိုက်တဲ.ပြည်သူဆိုတာလဲရှေ.ကပါတယ် ။ကျွန်တော်ကြိုက်တဲ. ချဉ်ဖတ်ဆိုတာလဲပါတယ် ။

ထူး- ဒါဆိုပါတီမူဝါဒကရော

မူး- မူဝါဒကတော. သောက်ရှက်မရှိအနိုင်ရရေးမူဝါဒကွာ ။ရှင်းပြီလား ။

ထူး- ဒါဆိုရင် ရွေးကောက်ပွဲကော်မရှင်မှာသွားပြီးမှတ်ပုံတင်ကြမယ် ။ဒါနဲ. ပါတီစည်းရုံးရေးမှာသုံးဖို. ပုံလိုတယ်နော် ။ သူများပါတီတွေက ဗိုလ်ချုပ်အောင်ဆန်းပုံတို. ၊ ဒေါ်စုပုံတို.နဲ.စည်းရုံးနေတာ ငါတို. ကလဲ ကမ္ဘာကသိတဲ.လူတစ်ယောက်ဓါတ်ပုံတော. ရှိထားဖို.လိုတယ် ။

မူး- ဂဠုန်ဦးစောပုံသုံးရင်မကောင်းဘူးလား

ထူး- မူဆိုလိုနီဆိုရင်ရော

သံ- ဦးလာဘပုံ သုံးပါလား

မူး- ပေါရိသာဒ ဆိုရင်ရော

သံ- ဘိုးတော်ကျော်သောင်း ပုံဆိုရင်ရော

ထူး- ဟိုလူကြီးပုံသုံးရင်မကောင်းဘူးလား

မူး- ငါအကြံရပြီ ၊ နာဇီ ဂျာမဏီခေါင်းဆောင် ဟစ်တလာပုံ သုံးရင်ကောင်းမယ် ။ သူက ဟိုးအဝေးကြီး ဂျာမဏီကဆိုတော. ငါတို.ကိုဘယ်သူကမှလာပြီး ကန်.ကွက်မယ်.သူတရားစွဲမယ်.သူမရှိဘူး ။ ပြီးတော. ပြည်သူ.ချဉ်ဖတ်ဆိုတဲ.နာမည်နဲ.လဲလိုက်တယ် ။ သူသုံးတဲ.တံဆိပ်က စကြာတံဆိပ်ဆိုတော. တို.မြန်မာနိုင်ငံမှာ စကြာမင်းလောင်းပေါ်တဲ.နိမိတ်ပေါ.ကွာ ။မကောင်းဘူးလား

ထူး၊သံ- ကောင်းလှောင်.တေး ၊ ဂွတ်ထ ဂွတ်ထ

မူး- ဒါဆိုရင် ပါတီနာမည်နဲ. လိုဂိုတော.ရပြီ ။နယ်လှည်.တရားဟောတဲ.အခါ ရုပ်ပြကောင်းဖို.လိုသေးတယ်ကွ ။ မင်းတို.အသိထဲမှာ တစ်ကိုယ်လုံးဒဏ်ရာတွေဘာတွေရထားတဲ.လူများတစ်ယောက်တစ်လေမရှိဘူးလား

ထူး- ဘာလုပ်ဖို.လဲကွဒဏ်ရာက

မူး- နိုင်ငံရေးတရားဟောတဲ.အခါကျ တိုင်းပြည်ကိုဘယ်လောက်ချစ်ကြောင်း ဒဏ်ရာတွေလှန်ပြကြတယ်လို. ငါ ဘုတ်အုပ်တွေ ၊ ဂျာနယ်တွေထဲမှာဖတ်ဖူးတယ်ကွ ၊ သဟာကြောင်. ငါတို.ပြည်သူ.ချဉ်ဖတ်ပါတီမှာလဲ ဒဏ်ရာဒဏ်ချက်ပရပွ ရှိတဲ.လူတစ်ယောက်လောက်တော.လိုတယ်ကွ

သံချောင်း- ဒါတော.မပူနဲ. ၊ ကျွန်တော်.တာဝန်သာထား ။ကျုပ်တို.လမ်းထဲက ဘိန်းစားချက်ဖောင်းဆိုတဲ.ကောင်ဟာ တစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ ။

မကြာမှီဘိန်းစားချက်ဖောင်းရောက်ရှိလာရာ စည်းရုံးရေးမှူးအဖြစ်ပါတီဝင်စာရင်းတွင်သွတ်သွင်းလိုက်ကြပြီး အောက်ပါအတိုင်းမေးမြန်းစိစစ်ကြလေ၏ ။

ထူး- ဒဏ်ရာများ ပါတယ်နော်ကိုချက်ဖောင်း

ချက်- များသလားတော.မမေးနဲ.များမှများဗျာ ၊ကျုပ်တစ်ကိုယ်လုံး ကြိုက်တဲ.နေရာကိုလှန်ကြည်. အမာရွတ်တွေချည်းပဲ ။ဟောဒီမှာကြည်.ကြ ။

မူး- မြင်ပါပြီ မြင်ပါပြီ ။ ဟောဒီ ခြေသလုံးကအမာရွတ်ကြီးက ဘာဒဏ်ရာလဲသိပါရစေ ။

ချက်ံ- အဲဒါငယ်ငယ်တုန်းက ခွေးကိုက်ခံရတဲ.ဒဏ်ရာပါ ။

ထူး- နဖူးကဒဏ်ရာကြီးကရော

ချက်- အဲဒါက အရက်မူးပြီးချော်လဲတုန်းကရတဲ.ဒဏ်ရာပါ

သံ- ဒါနဲ. ပုခုံးက ဧရာမဒဏ်ရာကြီးကရောဗျာ

ချက်- အဲဒါက သူများအိမ်ဝင်ခိုးတုန်းက ၊အိမ်ရှင်တွေနိုးသွားလို.ထွက်ပြေးတုန်း အိမ်ရှင်ကလှံနဲ.ပစ်လိုက်လို. မှန်ထားတဲ.ဒဏ်ရာပါ ။

မူး- ခြေသလုံးက အမာရွတ်တွေကရော

ချက်ဖောင်း- အဲဒါက ၀ဲခြောက်တွေ ပေါက်ပြီးကျန်ခဲ.တဲ.အမာရွတ်တွေပါဆရာ ။

ထူးကြီး- ကြိုက်တယ်ကွာ ၊ ဘာပဲဖြစ်ဖြစ်ဒဏ်ရာများလေကြိုက်လေပဲ

မူးကြီး- ဒို.ပါတီအတွက် ဂုဏ်ယူစရာ ပုဂ္ဂိုလ်ပါပဲ

သံချောင်း- စည်းရုံးရေးအတွက်တော.စိတ်ချရပါပြီ ။ ဟိုပါတီတော. လိမ်.နေအောင်ခံရပြီပေါ.ကွာ ။ လူထူထူထဲကျရင်မင်းအမာရွတ်တွေ ၊ဒဏ်ရာတွေကိုထုတ်ထုတ်ပြီးကြွားသိလား ။ ပြီးတော.ဟစ်တလာကြီးဓါတ်ပုံကို ငါက ကိုင်ပြီးမင်းနောက်ကလိုက်မယ်

ထူး- နေဦးကွ ။ ပါတီထောင်ပြီဆိုတော. မိုက်မိုက်ရိုင်းရိုင်းပြောတတ်တဲ. သူတစ်ယောက်လောက်တော.ရှိမှဖြစ်မယ်ကွ ။ စကားကိုခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းလက်လွတ်စပယ်ပြောတတ်တဲ.လူတစ်ယောက်ရှာစမ်းကွာ ။

သံချောင်း- ဒါတော.အထူးအထွေရှာမနေပါနဲ. ။ ကျွန်တော်.ခယ်မ…မတင်ရွှေကိုပဲထည်.လိုက်ပါ ။သူက ကီလီဈေးမှာ ငါးစိမ်းရောင်းပါတယ် ။ရန်ဖြစ်ပြီး မကြာခန ဆဲဆိုနပန်းလုံးလို. ရပ်ကွက်ရုံးကို ခနခနရောက်တဲ.သူပါ ။

မူး- ကြိုက်ပြီကွာ

ထူးကြီး- ဒါဆိုဒို.ပါတီကိုဘယ်သူယှဉ်နိုင်မလဲကွ

မူးကြီး- အောင်ပြီဟေ. ၊ အောင်ပြီ

ထူး- ၂၀၁၅
မူး- အောင်ရမည်

ထူး- ၂၀၁၅
သံ- အောင်ရမည်

မူး- ပြည်သူ.ချဉ်ဖတ်
သံ- နိုင်ရမည်

ထိုသို.ကြွေးကြော်သံများကိုအော်ဟစ်ရွတ်ဆိုကြပြီး ဥက္ကဌ ထူးကြီး ၊ အတွင်းရေးမှူး မူးကြီး ၊ ဒုဥက္ကဌ သံချောင်း ၊ စည်းရုံးရေးမှူး ချက်ဖောင်းဆို.ပါဝင်သော” ပြည်သူ.ချဉ်ဖတ်ပါတီ “အဖွဲ.သည် ၂၀၁၅ တွင်အောင်ပွဲခံနိုင်ရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ရုံးဘက်သို. ချီတက်သွားကြလေသတည်း ။

သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page