Monday, March 3, 2014

မလိုအပ်ပဲလုပ်နေသောစီမံကိန်းများ သရ၀ဏ်(ပြည်)

Leave a Comment

မလိုအပ်ပဲလုပ်နေသောစီမံကိန်းများ

သရ၀ဏ်(ပြည်)

ဖေဖော်ဝါရီလ (၂၁)ရက်နေ.ထုတ်မြန်မာ.အလင်းသတင်းစာတွင် တစ်နေ.တည်းဖတ်ရှုလိုက်ရသော မတူကွဲပြားသည်.သတင်း သုံးပုဒ်ကိုဖတ်ရှုပြီးဤစာကိုရေးလိုက်ပါသည် ။ ပထမသတင်း မှာ “ ဘားအံမြို.လည်ကောင် နာရီစင်အနီးတွင် ကျောက်တင်ကားတိမ်းမှောက် “ ဆိုသောသတင်းဖြစ်သည် ။ ဒုတိယသတင်းမှာ “ မြောက်ဥက္ကလာပမြို.နယ် သံလမ်းခုံးကျော်တံတားပေါ်မှ မော်တော်ယာဉ်တစ်စီးရထားသံလမ်းပေါ်ပြုတ်ကျ “ ဟူသောသတင်းနှင်.၊ တတိယသတင်းမှာ “ ရန်ကုန်မန္တလေး အမြန်လမ်းမ ပြုပြင်ထိမ်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ “ ဟူသော သတင်းများဖြစ်သည် ။ နာရီစင်အနီးကျောက်တင်ယဉ်တိမ်းမှောက်သောသတင်းအနှစ်ချုပ်မှာ ဘိလပ်မြေစက်ရုံသို.ဂေါဒန်တင်ပို.နေသော တန်ပိုတင်ယာဉ်တစ်စီးသည် နာရီစင် အနီးတွင်အရှိန်မထိမ်းနိုင်ပဲတိမ်းမှောက်သွားကြောင်းဖြစ်သည် ။ ဤကားတန်ပိုတင်လာခြင်း မတင်လာခြင်းကိုတော.ကျွန်တော်လည်းမျက်စေ.ဖြင်.မမြင်ရသဖြင်. ဘာမှမှတ်ချက်မပေးလိုပါ ။ သို.သော် မြို.တိုင်းရွာတိုင်း ၏လမ်းဆုံလမ်းခွများတွင်ခပ်တည်တည်နေရာယူထားသော နာရီစင်များအကြောင်းတော.ပြောချင်ပါသည် ။

မြန်မာနိုင်ငံသည်ဗြိတိသျှလက်အောက်သို.သူ.ကျွန်ဘ၀ဖြင်. ၁၈၈၅ ခုတွင်ကျရောက်ခဲ.ရာ ဗြိတိသျှတို.ရောက်မလာခင်အထိ စက်နာရီ ကိုမြန်မာတို.အသုံးပြုခဲ.ခြင်းမရှိပါ ။ ထိုအစား အချိန်နာရီမောင်းများကို ဗဟိုရ်စည်မှ ရိုက်ဆော်တီးကာ အသံဖြင်. အချိန်ကိုကြေငြာခဲ.ပါသည် ။ အင်္ဂလိပ်တို.သည် မြန်မာ.ထုံးစံ နာရီစနစ်ကိုဖျက်သိမ်းပြီး အင်္ဂလိပ်စက်နာရီစနစ်ကို စတင်ကျင်.သုံးခဲ.ကြရာ ပြဿနာမှာ မြန်မာနိုင်ငံသားများထံ၌ လူတိုင်း စက်နာရီ (ထိုစဉ်က) ရှိမနေကြခြင်းဖြစ်သည် ။ ထို.ကြောင်. ပြည်သူအများအင်္ဂလိပ် နာရီကိုအလွယ်တကူကြည်.နိုင်ကြစေရန် မြို.တိုင်း နယ်တိုင်း၌ မြို.လည်ကောင်လူစည်ကားသောနေရာများတွင် နာရီစင်များဆောက်လုပ်၍ အချိန်ကိုသိစေ ခဲ.ပါသည် ။ သို.သော် ထိုဓလေ.သည် ၁၉ ရာစု ကုန်ကာနီးခေတ်သမယက ဓလေ.များဖြစ်ပါသည် ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသော ၁၉၄၅ ခုနှစ်လောက်ကစ၍ မြန်မာပြည်အပါအ၀င် တစ်ကမ္ဘာလုံးတွင် လက်ပါတ်နာရီပါတ်သောဓလေ.ထွန်းကားလာပါသည် ။ လူတိုင်းလူတိုင်းတွင်လက်ပါတ်နာရီတစ်လုံးတော.ပါတ်ကြစမြဲဖြစ်သည် ။ လက်ပါတ်နာရီမပါတ်လျင် ယုတ်စွအဆုံး တိုင်ကပ်နာရီ (သို.မဟုတ် ) စားပွဲတင်နာရီ လေးတစ်လုံးတော.အိမ်တို်င်းမှာ ဆောင်ထားကြပါသည် ။ အမှန်စင်စစ်ထိုခေတ်ကပင်နာရီစင်မလိုတော.ပါ ။ ရဟန်းသံဃာတော်များတွင် ပင် အိပ်ဆောင်နာရီအ၀ိုင်းလေးတွေ ဆောင်ထားတတ်ကြပါသည် ။

အင်္ဂလန်နိုင်ငံတွင်ပင် Big Ben နာရီစင်ကြီးမျိုးမှအပ မြို.များတွင်နာရီစင်မထားတော.ပါ ။ မြန်မာနိုင်ငံတွင်လည်း အင်္ဂလိပ်တို.ထားခဲ.သော နာရီစင်များများမကျန်တော.ပါ ။ မေမြို.မှ ပါဆယ်တာဝါခေါ်နာရီစင်ကြီးသာ ထင်ထင်ရှားရှားရှိတော.ပါသည် ။ထိုနာရီမှာလည်းရာဇ၀င်နှင်.ဖြစ်သည် ။ ပဉ္စမမြောက် ဂျော.ဘုရင်နန်းသက် ၂၅ နှစ် (ငွေရတု )အထိမ်းအမှတ်အဖြစ် ၁၉၃၄ တွင် တစ်ကမ္ဘာလုံး၌ (၁၀ )လုံးသာ Gillette & Johnson ကုမ္မဏီမှထုတ်ဝေသော နာရီထဲမှ တစ်လုံးဖြစ်သည် ။ နာရီစင်ကိုမန္တလေးမှ ဆေးဆရာ မစ္စတာပါဆယ် ( Mr. Purcell ) ကလှူ၍ ပါဆယ်တာဝါဟုအမည်တွင်သည် ။ ထိုနာရီစင်မှာယခုထက်တိုင် အချိန်မှန်စွာ မြည်သံပေးနေဆဲဖြစ်သည် ။ အင်္ဂလိပ်ကိုမကြိုက်သော်မှ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိမ်းသိမ်းစောင်.ရှောက်ထားသင်.သော နာရီဖြစ်သည် ။

ခေတ်တွေပြောင်းခဲ.ပြီ ။စနစ်တွေလည်းပြောင်းခဲ.ပြီဖြစ်သည် ။ မြန်မာပြည်မှာနာရီစင်တွေခေတ်မစားတော.တာကြာချေပြီ ။ဤသို.ဖြင်. ၁၉၈၈ ခုနှစ်သို.ရောက်လာခဲ.သည် ။ ထိုအချိန်တွင်မြန်မာပြည်သူလူထုသည် နာရီကိုမလိုပါချေ ။လိုနေသည် မှာ အလုပ်အကိုင်အခွင်.အလမ်းများ၊လူတန်းစေ.စားနိုင်သောက်နိုင်ရန် ဆန်နှင်.ဆီ ဈေးနှုန်းများတည်ငြိမ်ရန် ၊ ပြည်သူများဘ၀အေးချမ်းလုံခြုံရန်ဖြစ်သည် ။ သို.သော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ. ( အာဏာသိမ်း အစိုးရ)သည် ပြည်သူကမတောင်းဆိုသောအရာတစ်ခုကိုအဆောတလျင်အားသွန်ခွန်စိုက်ဖြည်.ဆီးပေးခဲ.သည် ။ထိုအရာမှာ မြို.လည်ခေါင်များတွင်နေ.ခြင်းညခြင်းပေါ်ပေါက်လာသော နာရီစင်များဖြစ်သည် ။ ကျွန်တော်တို.ပြည်မြို.ရွှေဆံတော်ဘုရားမြောက်ဖက်စောင်းတန်းထိပ်တွင်လည်း ယခင်ကရှိခဲ.ဖူးသော သမိုင်းဝင် ကျောက်ထီးတိုင်ကြီး နှင်.အ၀ိုင်းပါတ်စနစ်ပျောက်သွားပြီး ပုံပန်းမကျသော နာရီစင်ကြီးတစ်ခုလမ်းလည်ကောင်တွင် ရွှေဆံတော်ဘုရားမြင်ကွင်းကိုပိတ်ကာ ကိုးလို. ကန်.လန်.ပေါ်လာသည် ။ မိမိကိုယ်စွမ်းကိုယ်စထက် ဗေဒင်တွေ ၊ယတြာတွေ ၊အဆောင်တွေ ယုံကြည်လွန်းသောစစ်ဗိုလ်ချုပ်ကြီးများသည် ထိုစဉ်က နာရီစင်များကို မြို.ကြီးများတွင် တစ်ပြိုင်နက်တည်းအရေးတကြီး (အခြားလုပ်စရာကိစ္စများစွာ ရှိနေသည်.ကြားမှ ) ဘာကြောင်.တည်ဆောက်ခဲ.သလဲဆိုတာ သံသယ၀င်စရာကောင်းသည် ။ န.၀.တ အစိုးရတည်ဆောက်ခဲ.သော နာရီစင်များမှာ တစ်နေ.လျင် နှစ်ကြိမ်အချိန်မှန်ပြနိုင်ရုံကလွဲ၍ နာရီလက်တံများမှာရပ်နေသည်ကများပေသည် ။ သေချာသည်ကတော.မြန်မာပြည်၏မြို.ကြီး တော်တော်များများတွင်စီမံကိန်းချ၍ တည်ဆောက်ခဲ.ကြသောနာရီစင်များအတွက် နိုင်ငံ.ဘဏ္ဍာငွေများအဟောသိကံ ဖြစ်ကုန်ရခြင်းဖြစ်သည် ။ ထိုနာရီတည်ဆောက်ရေးကန်ထရိုက်များကြောင်. တရုတ်တိုင်ကပ်နာရီ ရောင်းချခွင်.ရသူများ ၊ နာရီစင်ဆောက်လုပ်ရေး ကန်ထရိုက်ရသူများထောသွားကြခြင်းမှလွဲ၍လူထုအတွက်အကျိုးအမြတ်မယ်မယ်ရရဘာမှပြစရာမရှိချေ ။

နောက်ထပ်ဆိုးကွက်တစ်ခုမှာ နာရီစင်များသည် မြို.လည်ကောင်လူစည်ကားသောလမ်းမအလည်ကောင်တွင်ရှိတတ်ပြီး အများအားဖြင်. ကားမောင်းသူများ ၊ ဆိုင်ကယ်စီးလာသူများ ၊ ဆိုက်ကားဆရာများ၏မြင်ကွင်းကိုကွယ် ထားလေ.ရှိသည် ။ နာရီစင်ရှိသောနေရာသည် အလွန်စည်ကားရှုပ်ထွေးသောနေရာဖြစ်တတ်ပြီး တစ်ဖက်မှ ယာဉ်သွားယာဉ်လာကိုအလွယ်တကူမမြင်နိုင်သဖြင်.ယဉ်တိုက်မှုများ အများဆုံးဖြစ်ပွားလေ.ရှိသောနေရာဖြစ်သည် ။ နာရီစင်စီမံကိန်းကြောင်.အကျိုးထက်အပြစ်ကများပေသည် ။ ၁၉၈၈ ဟူသောကာလတွင် မြန်မာပြည်သူလူထုသည် အချိန်သိရန် နာရီစင်သို.ပြေးကြည်.ရသော ကာလမဟုတ်တော.ချေ ။ ထို.ထက်အလွန်ဆိုရလျင် ယနေ.ခေတ်သည် ၂၁ ရာစုသို.၀င်လာသော အိုင်တီခေတ်ဖြစ်သည် ။ ဆိုက္ကားဆရာပင် လက်ကိုင်ဖုန်းကိုင်နေနိုင်သောခေတ်တွင် ဖုန်းအားလုံး၌ နာရီပါသည်ဖြစ်ရာ နာရီစင်မှနာရီကိုပင်မဆိုထားဘိ လက်ပါတ်နာရီများပင်မည်သူမျှမပါတ်တော.သဖြင်.ရောင်းအား ကျနေပေသည် ။ တကယ်မလိုအပ်သောနာရီစင် များသည် ယာဉ်တိုက်မှုဖြစ်စေတတ်သောမျက်ကွယ်အရပ်တစ်ခုဖြစ်နေသည်မှလွဲ၍ ၊ ကွေ.ပါတ်မောင်းနေရသဖြင်. ယာဉ်တိုက်မှုများဖြစ်ပေါ်တတ်သည်မှလွဲ၍ ဘာမှအကျိုးမရှိသော စီမံကိန်းတစ်ခုသာဖြစ်၍ တစ်နိုင်ငံလုံးမှနာရီစင်များကိုချက် ချင်း ဖျက်သိမ်းသင်.ပါသည် ။

နောက်ထပ်သတင်းတစ်ပုဒ်အကြောင်းကိုဆက်ပါရစေ ။မြောက်ဥက္ကလာ တံတားပေါ်မှမော်တော်ယာဉ်တစ်စီး အောက်သို.ပြုတ်ကျသွားသဖြင်. ယာဉ်မောင်းသေဆုံးသွားပြီး မော်တော်ယာဉ်ပေါ်ပါလာသော လူငါးဦး ဆေးရုံတင်ထားရ သည်ဆို၏ ။မြောက်ဥက္ကလာပ မြို.နယ် နှင်.မရမ်းကုန်းမြို.နယ်ကိုဆက်သွယ်ထားသော န၀ဒေးရုပ်ရှင်ရုံအနီးမှ ခုံးကျော်တံတားမှာ မကြာခနယာဉ်မတော်တဆဖြစ်လေ.ရှိသောတံတားတစ်စင်းဖြစ်သည် ။ တံတားတည်ဆောက်ပုံမှာ ဖြောင်.ဖြောင်.တန်းတန်းမဟုတ်ပဲ ( င ) ပုံသဏ္ဍန်ကွေးကွေးကောက်ကောက် တည်ရှိသော ဒီဇိုင်းဖြစ်သည် ။ အရက်မူး၍ဖြစ်စေ ၊ အကြောင်းမသိ၍ ဖြစ်စေ အရှိန်ဖြင်.မောင်းတက်လာသော ကားများသည် အရှိန်မထိမ်းနိုင်ပဲ တံတားလက်ရမ်းကိုဝင်တိုက်လေ.ရှိပြီး ထိုတံတားလက်ရန်းကျိုးပဲ.ကာအောက်သို.ကျလေ.ရှိသည် ။ အကယ်၍သာ တံတားလက်ရမ်းကိုယခုထက်ပိုမိုခိုင်ခန်.သော Guard Rail သံလက်ရမ်းများ တပ်ဆင်ခဲ.မည်ဆိုလျင် မတော်တဆ မှုဖြစ်လျင်သော်မှ ယခုကဲ.သို. အသက်ဆုံးရှုံးမှုဖြစ်မည်မဟုတ်ချေ ။ ပြင်ဦးလွင်မှ မန္တလေးသို.ဆင်းသောတောင်ဆင်းကားလမ်းတစ်နေရာမှာလည်းလွန်စွာအဆင်းမတ်စောက်လှသောကြောင်. ကားများမကြာခန ချောက်ထဲသို.ကျ တတ်ပေသည် ။ ထိုနေရာမျိုးတွင် ခိုင်ခန်.သော Guard Rail သံတန်းများအခိုင်အမာကာထားပါက လူသေမှုကိုလျှော.ချတားဆီးနိုင်ပေမည် ။ နာရီစင်ကဲ.သို. မယောင်ရာဆီလူးသော စီမံကိန်းများကို အချိန်ဖြုန်း ငွေဖြုန်းတည်ဆောက်မည်.အစား လူ.အသက်ကိုကယ် နိုင်သော စီမံကိန်းမျာကိုအားသွန်ခွန်စိုက်ဆောင်ရွက်သင်.ပေသည် ။

တတိယဖတ်ရသောသတင်းမှာ ရန်ကုန် -မန္တလေးအမြန်လမ်းမတွင်ပြုပြင်ထမ်းသိမ်းမှုများဆောင်ရွက်သောသတင်းဖြစ်သည် ။ထိုသတင်းထဲတွင် ယခုတပ်ဆင်လိုက်သော Guard Rail နှင်. Concrete Barrier များကြောင်. ယာဉ်သည်မတော်တဆမှုဖြစ်သော်လည်း သေဆုံးမှုကျသွားခြင်း ၊ဒဏ်ရာရရှိသည်.ပမာဏကျသွားခြင်းကိုဆေးမှတ်တမ်းများအရလေ.လာတွေ.ရှိခဲ.ရကြောင်း “ ဟူ၍ဖော်ပြပါရှိထားပါသည် ။ ထို.ကြောင်.လမ်းဘေးတွင်ခိုင်ခန်.သော အကာအရံများသည် ယာဉ်မတော်တဆမှုကြောင်.ဖြစ်ရသောလူသေဆုံးမှုများကို ကာကွယ်နိုင်ကြောင်းသိရပေသည် ။ ထိုသို.သောစီမံကိန်းများအတွက်မူနိုင်ငံ၏ဘဏ္ဍာငွေများမှ လိုအပ်သလောက်ထုတ်ယူသုံးစွဲသင်.ပေသည် ။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကောက်ရိုးမီးကဲ.သို. အဓိပ္ဖါယ်မရှိ ၊ပွဲပြီးမီးသေ စီမံကိန်းမျိုး အများဆုံးရှိသော နိုင်ငံဖြစ်မည်ထင်သည် ။ နိုင်ငံ.အကြီးအကဲတစ်ဦးစိတ်ရူးပေါက်ရာ ဗေဒင်ကိန်းခန်းဖြင်. ညွှန်ကြားရာကိုတစ်ပြည်လုံးလိုက်လုပ်ရသော ကြက်ဆူပင်စီမံကိန်းကိုပင်ကြည်.ပါ ။ အနှစ်မရှိသောတောတွင်ကြက်ဆူပင်မင်းမူသည် ဟူသောစကားလိုပင်ခေါင်းဆောင်ဟောင်းကြီး၏် ကြက်ဆူပင်စီမံကိန်းသည် မြန်မာပြည်တွင်တွင်ကျယ်ခဲ.ပါသည် ။ ထိုစီမံကိန်းမှ ထွက်လာသောအကျိုးရလာဒ်မှာတိုင်းပြည်အတွက်ဘာမှ ကောင်းကွက်မထွက်ပေါ်ခဲ.သော်လည်းတစ်ပြည်လုံး မှာ အရူးများကဲ.သို.အဓိပါယ်မရှိသော စီမံကိန်းတွင် ပါဝင်ခဲ.ကြရသည် ။ကြက်ဆူဆီဖြင်.မောင်းသော ကားတစ်စီးတစ်လေမှ မမြင်ရသော်လည်း တိုင်းပြည်၏ အချိန်များ ၊ငွေများ ၊လုပ်အားများ လေမှာမျောခဲ.ရသည် ။ ထိုစဉ်ကနိုင်ငံပိုင်သတင်းစာများမှ ကြက်ဆူဆီကောင်းကြောင်း မစားရ၀ခမန်း ၀ါဒဖြန်.ရေးသားချက်များ မှာလည်းယခုအခါဘယ်ဆီရောက်သွားပြီမသိရတော.ပေ ။ ရှက်တတ်လျင်ကိုယ်.မျက်နှာကိုယ်ဓါးနှင်.လှီးသင်.သောကြေးစားကလောင်ရှင်များဖြစ်သည် ။

နောက်ထပ် ထင်ရာလုပ်သောစီမံကိန်းမှာ ရန်ကုန်မြို.မှ တက္ကစီများတွင်မီတာတပ်ခြင်းဖြစ်သည် ။ တက္ကစီကားများကို မ၀ယ်မနေရဇွတ်အဓမ္မမီတာတပ်ခိုင်းခဲ.သော်လည်း မီတာများကိုရောင်းချရန်ကန်ထရိုက်ယူထားသောကုမ္မဏီများသာပွသွားခဲ.ကြပေသည် ။ ထိုမီတာများကိုတကယ်အသုံးပြု၍မောင်းနေသော တက္ကစီ ယာဉ်ဘယ်နှစ်စီးရှိသနည်း ။ အငှားယာဉ်များ၏ကားရှေ.ခန်းတွင်တော.တက္ကစီမီတာများမှာဖုန်အလိမ်းလိမ်းတက်လျက် ။ ရန်ကုန်မြို.တွင်တက္ကအစီးရေ မည်မျှရှိသနည်း ။အစီးရေ နှစ်သောင်းကျော်ကျော်လောက်တော.ရှိပေလိမ်.မည် ။တက္ကစီတစ်စီးတွင် မီတာတစ်ခုမှာကျပ်တစ်သိန်းအထက်ကျသင်.ရာ ကားစီးရေနှစ်သောင်း အတွက် ကျပ်သိန်းပေါင်းနှစ်သောင်းမှာ ဘယ်ဆီသို.ရောက်သွားကြသနည်း။တက္ကစီတစ်စီးခြင်း ပေးလိုက်ရသောငွေများသည် မည်သူ.ထံသို.ရောက်သွားကြသနည်း။ အမိန်.ထုတ်သောပုဂ္ဂိုလ်နှင်. မီတာရောင်းသော ပုဂ္ဂိုလ်သည် မည်သို.အချိတ်အဆက်ရှိသနည်း ။ယာဉ်မောင်းများ လိုက်နာရန်မဖြစ်နိုင်သောဈေးနှုန်းများကို အဓိပါယ်မဲ. စီမံကိန်းများအဘယ်.ကြောင်.ချခဲ.ကြသနည်း ဆိုသည်မှာလည်းတာဝန်ရှိသူများကဘယ်တော.မှဖြေမည်မဟုတ်ပေ။ မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းကိုပြည်သူလူထုကလက်မခံ ဆန်.ကျင်ကန်.ကွက်သောအခါ ထိုစဉ်ကလျှပ်စစ်စွမ်းအားဝန်ကြီးဦးဇော်မင်းက ပြည်သူတွေ ဧရာဝတီရောဂါထနေသည် ၊ လျှပ်စစ်ဓါတ်အားများမှာ ပိုလျှံနေသဖြင်.တရုတ်ကိုရောင်းချရခြင်းဖြစ်သည်ဟု အထက်က ဆရာကြီးများအကြိုက် မြွေမကြောက်ကင်းမကြောက်ဗြောင်လိမ်ရဲခဲ.သည် ။ ထိုသို.အထက်ကိုလိမ်လည်လျှောက်တင်၍ ခွင်ရိုက်ခဲ.ကြသော နိုင်ငံတော်စီမံကိန်းများ ဘယ်၍ဘယ်မျှရှိနေမည်လဲတော.မရေတွက်နိုင်ချေ ။ လခစားပါဟုဆိုသော အရပ်ဘက် ၊စစ်ဘက်အရာရှိကြီးများကတော. သူတို.လစာနှင်. ဆယ်ဘ၀စုဆောင်းသော်မှ လက်လှမ်းမမှီနိုင်သော ပိုင်ဆိုင်မှုများဖြင်.ချမ်းသာနေခဲ.လေပြီ ။ စီမံကိန်းကျေးဇူးကားသူတို.အတွက်ကြီးပေစွ ။

နေပြည်တော်ကြီးဖောက်လုပ်ရာတွင်လည်းကောင်း၊အမြန်လမ်းမကြီးဖောက်လုပ်ရာတွင်လည်းကောင်း၊ စီမံကိန်းကိုအကြောင်းပြု၍ နိုင်ငံတော်ပိုင် ပစ္စည်းများကို ခိုးကြ ၀ှက်ကြ အပျောက်ရိုက်ကြသော ယူနီဖောင်းဝတ် ပုဂ္ဂိုလ်များအကြောင်းကိုလည်းဂျာနယ်များတွင်ဖတ်ရပေသည် ။ စီမံကိန်းများအတွက် ခွင်.ပြုငွေသွားထုတ်သောအခါ စာရင်းထဲတွင်အမှန်အတိုင်းလက်မှတ်ထိုးခဲ.ရပြီးလက်တွေ.တွင် ဌာနမှအကြီးဆုံးပုဂ္ဂိုလ်ကရာခိုင်နှုန်း ဖြတ်ယူထား လိုက်ကြောင်းကိုလည်း မကြာခနကြားရပေသည် ။
ထို.အတူပင် မဖြစ်နိင်သည်ကိုဗန်းပြ၍ ခရိုနီများ ထောသွားသော ရေနက်ကွင်းစပါးစိုက်ပျိုးရေးစီမံကိန်း ၊ နွေစပါးမိုးစပါးစီမံကိန်း ၊ သစ်ဆိမ်.ပင်စီမံကိန်း ၊ အာဆီယံစံနှုန်းဆိုသောစီမံကိန်း၊ တဲပေါ်မှတိုက်ပေါ်တင်သောစီမံကိန်း၊တန်ဖိုးနည်းအိမ်ယာစီမံကိန်း၊ မြေလွတ်မြေရိုင်းဖော်ထုတ်ရေးစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ စက်မှုဇုန်ထုတ်ကားများနိုင်ငံခြားသို.တင်ပို.နိုင်ရေးစီမံကိန်း၊ဆင်းရဲမွဲတေမှုလျှော.ချရေးစီမံ ကိန်း၊သဘာဝဓါတ်ငွေ.တူးဖော်ရေးစီမံကိန်း၊ ကြေးနီစီမံကိန်း၊ မြန်မာ.အားကစား ကမ္ဘာသို.လွှမ်းရေး စီမံကိန်း၊ရေလှောင်တမံစီမံကိန်းစသည်ဖြင်.များပြား လှပေသည် ။

စီမံကိန်းများသလောက်တိုင်းပြည်သည် တစ်ဖြည်းဖြည်းမွဲသထက်မွဲလာသောနိုင်ငံကိုပြပါဟုဆိုလျင် မြန်မာနိုင်ငံကိုပြရပေလိမ်.မည် ။ ယခုအခါ ကျန်းမာရေးနှင်. ပညာရေးစီမံကိန်းများအသစ်ရေးဆွဲဦးမည်ဟုကြားရပေသည် ။ ထမင်းနပ်မှန်ဖို. ၊ကျောခင်းစရာတစ်နေရာရဖို. အသည်းအသန်ရုန်းကန်နေရသောနိုင်ငံတွင် စီမံကိန်းဆိုလျင်လူတွေကကြောက်နေပေပြီ ။ ဘာစီမံကိန်းညာစီမံကိန်းများအသံကြားသည်နှင်. ငါ.အိမ် ငါ.မြေ ငါ.လယ်ကလေးများလာသိမ်းတော.မလားဟုလူတွေကတွေးပူနေရလေပြီ ။

၁၉၉၀ လောက်က ကရင်ပြည်နယ်တောပိုင်းမှ မိတ်ဆွေတစ်ယောက် ရန်ကုန်ကိုလာလည်ရာ ယူနီဖောင်းဝတ်စစ်သားတစ်ယောက်ကိုမြင်သည်နှင်.ကြောက်ပြီးထွက်ပြေးသဖြင်.မနဲလိုက်ဆွဲရ၏။ ဘာဖြစ်တာလဲမေးသောအခါ သူတို.ရွာတွင်ထိုပုဂ္ဂိုလ်များသည် လမ်းမှာတွေ.တာနှင်. လက်ပါတ်နာရီချွတ်ခိုင်း၏။ အိမ်မှာမွေးထားသောဝက်ကို သေနတ်နှင်.ပစ်ပြီးယူသွား၏ ။ လူကိုလည်းပေါ်တာဆွဲတတ်သေးသည်ဆို၏ ။ ထို.ကြောင်.ရန်ကုန်ကိုလာစဉ် ထိုလူများကိုမြင်တာနှင်.ထွက်ပြေးခြင်းဖြစ်သည် ။ ကျွန်တော်.မိတ်ဆွေ ရန်ကုန်သားတစ်ပိုင်းဖြစ်နေသောအခြားကရင်တစ်ယောက်က ရန်ကုန်တွင်စစ်သားမြင်တိုင်းထွက်ပြေးစရာမလိုကြောင်း၊ ကြောက်စရာမလိုကြောင်း ဆိုးသွမ်းရိုင်းစိုင်းခြင်းမရှိကြောင်း မနည်းရှင်းပြရသည် ။

ယခုအခါတွင်လည်း ယခင်ကစစ်တပ်ကိုမြင်တာနှင်.တောကလူများကြောက်ကြသလို ၊စီမံကိန်းဆိုတာကြားသည်နှင်.ပြည်သူလူထုကကြောက်နေပါပြီ ။တတ်များတတ်နိုင်လျင် အစိုးရမင်းများသည် ပြည်သူများအကြောက်ပြေရေးစီမံကိန်းတို. ၊ မြေယာမသိမ်းရေးစီမံကိန်းတို. ၊၀န်ကြီးများယဉ်ကျေးလိမ္မာစီမံကိန်းတို. ၊ လာဘ်စားသူများ ထောင်ချရေးစီမံကိန်းတို. လုပ်ကြစေချင်ပါသည် ။ ယုတ်စွအဆုံးဘာမှမလုပ်နိုင်လျင်တောင် စီမံကိန်းလျှော.ချရေးစီမံကိန်းတော. လုပ်သင်.ပါကြောင်းအကြံပြုအပ်ပေသည် ။

သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၄.၃.၂၀၁၄
 
 Photo: မလိုအပ်ပဲလုပ်နေသောစီမံကိန်းများ 

0 comments:

Post a Comment

Facebook Like Page