Thursday, February 20, 2014

(၆၇)ကြိမ်မြောက် ပြည်ခရိုင်(၆)မြို့နယ် လက်ရွေးစင်ဟောင်းများ မိတ်ဆုံစားပွဲကျင်းပ

Leave a Comment



(၆၇)ကြိမ်မြောက် ပြည်ခရိုင်(၆)မြို့နယ် လက်ရွေးစင်ဟောင်းများ မိတ်ဆုံစားပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြို့နယ်အားကစားဘောလုံးကွင်းတွင် ၁၂.၂.၂၀၁၄ ရက် ပြည်ထောင်စုနေ့တွင် ညနေ(၃း၀၀)နာရီအချိန်တွင် ပြည်ခရိုင်(၆)မြို့နယ်မှ ဘောလုံးသမားဟောင်းများ စုစည်းကာ အမှတ်တရ ဘောလုံးကန်ပြီး ညစာမိတ်ဆုံစားပွဲကို ကျင်းပခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

ကိုမင်းဇော်(ပြည်ခရိုင် ဘောလုံးသမားဟောင်း)တဦးမှ….
အခုလိုအားကစားသမားဟောင်းတွေနဲ့ တစ်နှစ်တစ်ခါဆုံတွေ့ခဲ့ရလို့ဝမ်းသာမိပါတယ် တစ်နှစ်တစ်ခါဆုံဖို့လည်းခဲယဉ်းကြပါတယ် အခုလိုတက်ညီလက်ညီပြန်တွေ့ရတော့ဝမ်းသာတယ် ဒါတောင်တချို့အားကစားသမားဟောင်းကြီးတွေမရှိတော့တာတွေရှိပါသေးတယ် နှောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီးကျင်းပနိုင်ဖို့အစီအစဉ်တွေရှိပါတယ် နောက်တက်လာမယ့်လူငယ်အားကစားသမားတွေကိုလည်းဖိတ်ခေါ်ပါတယ် ကျင်းပတာတော့ ဒီအကြိမ်နဲ့ဆို (၁၅)ကြိမ်မြောက်လောက်တော့ရှိပါတယ်ဟု.. ကိုမင်းဇော်(ပြည်ခရိုင် ဘောလုံးသမားဟောင်း) မှပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်(၆)မြို့နယ်အတွင်းမှ ဘောလုံးသမားဟောင်းများစုစုပေါင်းအင်အား(၁၀၀)ခန့်တက်ရောက်ခဲ့ပြီး အမှတ်တရစကားပြောခြင်း၊အမှတ်တရဘောလုံးကန်ခြင်း၊အမှတ်တရတီရှပ်များပေးဝေခြင်းများကိုပါ တပြိုင်တည်းကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် တိုင်းနဲ့ပြည်နယ်မြန်မာ့လက်ရွေးစင်ကြီးများ နှင့် ၀ါရင့်ဘောလုံးပညာရှင်များပါတက်ရောက်ခဲ့ပြီး အခမ်းအနားကို ညချမ်းအချိန်(၈း၀၀)ကျော်အချိန်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။






0 comments:

Post a Comment

Facebook Like Page