Monday, February 17, 2014

ပြည်မြို့တွင် လူငယ်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

Leave a Comment

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက် န၀ဒေးလမ်း ဆယ်ထပ်ကြီးဘုရား ခြေရင်းတွင် ရန်ငြိုးရှိသူ လူငယ်နှစ်ဦး စကားများရန်ဖြစ်ရာ အသက် (၁၇) နှစ်အရွယ်လူငယ်က ဓါးဖြင့်ထိုးသဖြင့် အ သက် (၁၆) နှစ်အရွယ် လူငယ် သေဆုံးခဲ့ရကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါ သည်။ သူတို့ နှစ်ယောက် စကိတ်ကွင်းမှာ ရန်ဖြစ်ဘူးတယ်။ ဆယ်ထပ်ကြီးဘုရား နောက်ကြောမှာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်တာကနေ ၇န်ဖြစ်ပြီး ဓါးနဲ့ထိုးတယ်။ ပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့မ နက် ဆုံးသွားတယ်” ဟု ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြည်မြို့သန္တေပင်ရပ် ရွာဘဲရပ်ကွက်နေသူ အသက်(၁၇) နှစ်အရွယ် မောင်အောင်မြတ်သူ (ခ) အုန်း မောင်သည် ပြည်မြို့ ပွင့်လှသင်ကုန်းရပ်ရွာဘဲရပ်ကွက်နေ အသက်(၁၆) နှစ်အရွယ် မောင်ဇေယျာထွန်း(ခ) ငဇေနှင့် စကားများရန်ဖြစ်စဉ် အသင့်ယူဆောင်လာသော အသွား(၃) လက်မခန့်ဓါးရိုးအရှည် (၃) လက်မခွဲခန့်ရှိသော မောင်းချဓါးဖြင့် ထိုးခဲ့သည်။

ဓါးထိုးခံရသူ အသက် (၁၆) နှစ်အရွယ်လူငယ်သည် ၀ဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲဘက်ခါးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ပါးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ပြည် မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသသော်လည်း ဖေဖော်ဝါရီလ(၁၅) ရက်နေ့ မနက်(၇) နာရီတွင် သေဆုံးသွားကြောင်း မြို့မရဲစခန်းမှတ်တမ်းအရ သိရပါသည်။ အဆိုပါဖြစ်စဉ်အား ပြည်မြိုမြို့မရဲစခန်းတွင် (ပ)၇၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၂၆) အရအမှုဖွင့် ဆောင်ရွက်ထားသော်လည်း ဓါးထိုးခံရသူ လူငယ်သေဆုံးသွားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) သို့ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း သိရပါသည်။

0 comments:

Post a Comment

Facebook Like Page