14.1.2014 နံနက် 10 နာရီ 30 ခန့်တွင် ပြည်မြို့၊ ရွာဘဲရပ်၊ နှင်းဆီ (၃) လမ်း၊ ရတနာမာန်အောင်ကျောင်းအတွင်း ဦးသန်းထွန်းနှင့် ဦးတင်ဝင်းတို့မှ ထင်းခုတ်ရာတွင် ယခင်ခေတ်က လက်ကျန်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပါသည်။ အဆိုပါ ဗုံးသည် အလျှား 13 လက်မ၊ လုံးပတ် အလည် 10 လက်မ၊ အဖျားပိုင်း လုံးပတ် 6 လက်မနှင့် ဖင်ပိုင်းလုံးပတ်မှာ 7 လက်မရှိပြီး အမှတ် (2) မြို့မရဲစခန်းမှ ဒုရဲမှူး မျိုးမြင့်နှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်ကြိုင်နှင့်အဖွဲ့၊ SB မှ ရဲအုပ် ဇော်ဌေးနှင့်အဖွဲ့တို့မှ လာရောက်စစ်ဆေးခဲ့ပြီး အမှတ် (၉၁၁) စစ်မြေပြင်အင်ဂျင်နီယာ ဗိုလ်ကြီးအောင်မြတ်စိုးတို့မှ ဆက်လက်စစ်ဆေးရန် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
0 comments:
Post a Comment