Friday, December 20, 2013

စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် အလှူလုပ်နိုင်ပြီ

Leave a Comment
ပထမဆုံး စွန့်ပစ်ပစ္စည်းအလှူခံပုံးတစ်ခုကို ပြည်မြို့၊ အဝေးပြေးကားဂိတ်ဝန်းရှိ၊ အာရှကားဂိတ်တွင် ယနေ့နံနက် ၁၀း၀၀ နာရီတွင် စတင်ချလိုက်ပြီဖြစ်ပါတယ်။

အာရှကားဂိတ်မှတာဝန်ရှိသူတစ်ဦးကလည်း ၄င်းတို့ဂိတ်မှ ဂိတ်ဝင်/ထွက် စာရွက်စာတမ်းများ၊ ပြေစာစာအုပ်များ၊ ရေသန့်ဗူးများ စသည်တို့ကို လာရောက်လှူဒါန်းပါတယ်။ ၄င်းစွန့်ပစ်ပစ္စည်းများကို ယခင်က သွားရောက်ရောင်းချတာဖြစ်သော်လည်း လမ်းပျော်ကလေးများအတွက် ရန်ပုံငွေလှူဒါန်းပါဝင်လိုပါသဖြင့် ယခုလို လှူဒါန်းတာဖြစ်ကြောင်းလည်း ရှင်းပြသွားပါတယ်။

အခြား ကားဂိတ်များမှလည်း ယခုလို စွန့်ပစ်ပစ္စည်းအလှူခံပုံးများကို ၄င်းတို့၏ ကားဂိတ်အသီးသီးတွင် လာရောက်ချထားသင့်ကြောင်း အကြံပြုကြပါတယ်........



ငွေသားကို အလှူမခံချင်၍ အားလုံးအကျိုးရှိအောင် စဉ်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် အခုလို အလှူခံအမှိုက်ပုံးများ ထပ်မံပြုလုပ်နိုင်ရန် အလှူငွေလိုအပ်နေသေးသည်မှာ အမှန်ပင်ဖြစ်ပါတယ်ခင်ဗျာ

ယခု အလှူခံပုံးတစ်ခုလျှင် ငွေ ၇၅၀၀၀ ကျပ် ကုန်ကျပါတယ်။ ရာသီဥတုဒဏ်ခံနိုင်ပြီး အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ထားရှိရမည်ဖြစ်သဖြင့် အခိုင်အခံပြုလုပ်ထားရခြင်းလည်းဖြစ်ပါတယ်။

လှူဒါန်းသူများ၏ အမည်များကို အလှူခံပုံးများတွင် ကမ္ဗည်းထိုးမည်ဖြစ်ပြီး မိမိတို့၏ အင်တာနက်စာမျက်နှာမှ အသိပေးဖော်ပြသွားမည်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ....

ကရုဏာလက်များကွန်ရက်(ပြည်)

0 comments:

Post a Comment

Facebook Like Page