စားသောက်ဆိုင်များတွင်စားသုံးသူထံမှအခွန်ကောက်ခံမည်
**************************************
အခုရက်ပိုင်းမှာ-ပြည်မြို့မှစားသောက်ဆိုင်အချို့တွင်စားသုံးသူထံမှ-အခွန်(၅%)ကောက်ယူမည်ဟုချတ်ဆွဲထားသောဗွီနှိုင်းစာသားကြောင့်စားသုံးသူများနှင့်ဆိုင်ပိုင်ရှင်များထံမှဝေဖန်ပြောဆိုမှုများရှိနေခဲ့ပါတယ်။
ထိုအကြောင်းနဲ့ပတ်သတ်ြ့ပီးစားသောက်ဆိုင်ပိုင်ရှင်ကိုမော်စီကိုမေးကြည့်ရာ- ကျွန်တော်က အရက်ရောင်းမယ် ကျွန်တော့ဆိုင်လာသောက်သူတွေဆီက (၅)ရာခိုင်နူန်းကောက်ခံမယ် ပြီးရင် ကျွန်တော့ဆိုင်လာသောက်သူက ဆန်ရောင်တယ်ဆိုပါတော့ သူ့ဆီမှာ ကျွန်တော်ဝန်ထမ်းတွေစားဖို့ဆန်သွားဝယ်မယ် သူ့ကို ကျွန်တော်က(၅)ရာခိုင်နူန်းပြန်ဆောင်ပေးရမယ် ဒါဆိုရင် ဥပမာတစ်ခုပြောချင်ပါတယ် ဖဲဝိုင်းတစ်ဝိုင်းမှာ လူငါးယောက်ဖဲရိုက်မယ် တစ်ယောက်ကို တစ်သိန်းဆီ ကိုင်ထားမယ် ရုံးရင်လည်း ကျန်လေးယောက်ဆီကပြန်ချီးပြီးဆက်ဆော့ပေါ့ အကောက်အနေနဲ့ (၅၀)ကျပ်ပဲကောက်မယ် ထိုင်ရကမထပဲ ဒီငွေငါးသိန်းနဲ့ ရိုက်နေမယ်ဆိုရင် နောက်ဆုံးတော့ ဒီ ငါးသိန်းစလုံးက အကောက်ထဲပဲရောက်နေတော့မှာပေါ့ အဲလိုတွေဖြစ်နေပါတယ် အခုအချိန်အထိကျွန်တော့ဆိုင်မှာတော့ မကောက်ခံပါဘူး အမြတ်ငွေထဲကပဲစိုက်ပြီးဆောင်ပေးပါတယ် မိတ်အပျက်မခံနိုင်လို့ပါ ဟု ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။
အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး-ဦးစိုင်းခမ်းဇော်ကထိုဥပဒေက(၁၉၉၀)ခုနှစ်ကထဲကရှိခဲ့ပြီး-နိုင်ငံသားတိုင်းကကိုယ့်အိပ်ထဲကငွေထုပ်ပြီးသုံးလိုက်တိုင်း-(၅%)တိုင်းပြည်အတွက်အခွန်ပေးဆာင်၇မယ်လို့ဥပဒေအရရှိကြောင်းနဲ့ -နိင်ငံတကာမှာလဲ-(ကော်မာရှယ်)TEX ဆိုပြီးရှိကြောင်း-ကုန်သွယ်လုပ်ငန်းခွန်အကြောင်း၊စတာတွေနဲ့ပတ်သတ်ပြီးတော့လဲ ပြည်သတင်းကို ရှင်းပြခဲ့ပါတယ်။
ထိုကိစ္စနှင့်ပတ်သတ်ပြီးဆိတ်ကမ်းသာကဖီးကဦးအောင်ထွန်းက-စားသုံးသူတွေကပေးဖို့ဆန္ဒမရှိဘူးလို့ပြောပြပါတယ်-အခုထိတော့ဆိုင်ရှင်တွေကပဲဆိုက်ပြီးပေးဆောင်သွားရမှာလို့ပြောပြပါတယ်
လတ်တလောမှာတော့ထိုဥပဒေနဲပပတ်သတ်ပြီးဝေဖန်ပြောဆိုများတော့ရှိနေခဲ့ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာတော့ အဆိုပါဗင်နုင်းများကို ပြည်မြို့တစ်မြို့ထဲမှာပဲ စားသောက်ဆိုင် နှင့် ကဖီးဆိုင်များကိုပဲ ဗင်ျနိုင်များလိုက်လံကပ်နေခြင်းဖြစ်ပါတယ် အခြားမြို့တွေမှာတော့မရှိသေးဘူးလို့ထင်ပါတယ် ဟု ၄င်းမှ ဆက်လက်ပြောကြားခဲ့ပါတယ်ခင်ဗျာ…
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364

0 comments:
Post a Comment