Thursday, December 19, 2013

ဂိတ်တံခါး ပိတ်ထားပါလျှက် ကားတိုက်ခံရတဲ့ ကားရထား

Leave a Comment


ဒီဇင်ဘာလ ၁၆ ရက်နေ့  မနက်
၇း ၄၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊အုတ်ဖိုမြို့ နယ်
သင်မန်းကုန်းကျေးရွာရှိ ရထားလမ်းနှင့် ကားလမ်း ဆုံရာ ဂိတ်တံခါးနေရာ၌ လက်ပံတန်းမြို့ မှ ပြည် မြို့ သို့  စက်ခေါင်းမောင်း ဦးကျော်ဌေး မောင်း
နှင်လာသည့် အမှတ် ၆၀၉ RBE ၂၅-၂၆ ကားရထား မောင်းနှင်လာ၍
ဂိတ်တံခါး ပိတ်ထားစဉ် ပြည်ဘက်မှ ရန်ကုန် ဘက်သို့  ယာဉ်မောင်း
ကိုနေမင်း ၃၆ နှစ် (ဘ )ဦးလှမြင့်၊ ဒွာရဝတီ မြို့ သစ်၊ သံတွဲ မြို့  နေသူ
မောင်းနှင်လာသည့် "" အောင်ပြည့်စုံ"" အမည်ရှိ သံတွဲ - ရန်ကုန် ခရီးသည်
တင် မော်တော်ယာဉ် က ဂိတ်တံခါးကို ဝင်တိုက် ပြီး ကားရထားကိုပါ ဆက်ပြီးတိုက်ခဲ့ ပါသည်။

ကားဖြင့်အတိုက်ခံရမှုကြောင့် ကားရထား၏ ဘယ်ဖက်ခြမ်း မှန် ၂ ချပ်ကွဲ ခြင်း။ အတက်အဆင်း တံခါးလက်ကိုင်ကျိုးခြင်း ၊ရေပိုက်ပျက်စီးခြင်း၊ ကားရထားဘယ်ဖက်ခြမ်းထိခိုက်ကာ ဆေးများပွန်းခြင်း၊ ဂိတ်တခါး ပျက်စီး ကာ စုစုပေါင်းတန်ဖိုး ကျပ် ( ၇ )သိန်း ခန့်  ပျက်စီးခဲ့သည်။

ကားရထားအား ကားက ဝင်တိုက်ခဲ ခြင်းအတွက် မြန်မာ့ မီးရထား မှ
အငယ်တန်း အင်ဂျင်နီယာ ( ၃ ) ဦးမျိုးထွန်း ( လက်ပံတန်းမြို့ )က ယာဉ်မဆင်မခြင် မောင်းနှင်သူ နေမင်း အား အရေးယူပေးရန် တိုင်တန်းသဖြင့် အုတ်ဖိုမြို့ မ ရဲစခန်း က ယာဉ်မောင်း နေမင်း ကို
( ပ )၂၈၆/၂၀၁၃ ၊မီးရထား အက်ဥပဒေ ပုဒ်မ ၁၂၄/ ၁၂၆ အရ အရေးယူ
ဆောင်ရွက်လျက်ရှိပြီး၊ ယာဉ် ၂ စီး တွင် လိုက်ပါလာသူများအနေဖြင့် ထိခိုက်ဒါဏ်ရာရရှိမှု မရှိကြောင်း နှင့် အခင်းဖြစ်နေရာသို့ ကူညီမှု များ ပြုနိုင် ရန် မြို့ နယ်မီးသတ် ဦးစီးမှုးနှင့် တပ်ဖွ့ွဲ ဝင်များလည်း လာရောက်ခဲ့ ကြောင့်း သိရှိရသည်။


ဦးတင်ကိုကိုထွဋ်
၀၉၄၂၃၇၅၃၇၄၄

Tinkoko Htut

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364





0 comments:

Post a Comment

Facebook Like Page