Sunday, November 3, 2013

ပြည်မြို့နယ်၊ ပေါင်းတမော့အုပ်စုမှာ နှောကုန်း၊ ကံရွာ၊ စပါးထောင်းနဲ့ ရွာသာကုန်း စတဲ့ ရွာ(၄)ရွာကနေ အသုံးပြုနေတဲ့ သု၁သာန်မြေပေါ်မှာ ချဲ့ထွင်ကျူးကျော်ဝင်ရောက်နေထိုင်သူများကြောင့် သင်္ဂြီုဟ်ကိစ္စများ အသုံးပြုရာမှာ အခက်အခဲများနှင့် ကြုံတွေ့နေကြ

Leave a Comment


ပြည်မြို့နယ်၊ ပေါင်းတမော့အုပ်စုမှာ နှောကုန်း၊ ကံရွာ၊ စပါးထောင်းနဲ့ ရွာသာကုန်း စတဲ့ ရွာ(၄)ရွာကနေ အသုံးပြုနေတဲ့ သု၁သာန်မြေပေါ်မှာ ချဲ့ထွင်ကျူးကျော်ဝင်ရောက်နေထိုင်သူများကြောင့် သင်္ဂြီုဟ်ကိစ္စများ အသုံးပြုရာမှာ အခက်အခဲများနှင့် ကြုံတွေ့နေကြရပါတယ်။ ကျူးကျော်သူတို့ကို ဖယ်ရှားပေးဖို့ ရွာ(၄)ရွာက ပြည်သူတွေဟာ တာဝန်ရှိသူများနဲ့ သမ္မတရုံးတိုင်အောင် တိုင်ကြားခဲ့ကြ ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီး ၂၀၁၃ ခု၊ ဧပြီလ (၂၄)ရက်နေ့မှာ ကျူးကျော်သူတို့အား ဖယ်ရှားပေးဖို့ကိစ္စနဲ့ ဆင့်ခေါ်စာထုတ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်မျှ မသွားခဲ့ကြပါဘူး။ အဲဒီနောက် ၂၀၁၃ ခု၊ သြဂုတ်လ (၆)ရက်မှာ ပုဒ်မ-၁၈၈ ထုတ်ပြီး ရက်ပေါင်း(၃၀)အတွင်း မဖယ်ရှားပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အမိန့်စာထုတ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ရှိမြဲတိုင်းရှိနေဆဲပါ။ ယခုလည်း တရားရုံးမှာ အမှုဖွင့် တရားစီရင်ဖို့ (၄.၁၀.၁၃)တွင် တစ်ကြိမ်၊ (၁၈.၁၀.၁၃)တွင် တစ်ကြိမ်ဟု ကြားသိရပေမယ့် တစ်ခါမျှ စစ်ဆေးခြင်းမရှိဘဲ နောက်ထပ်တစ်ကြိမ် (၁၀.၁၁.၁၃)ဟု အမျိုးမျိုးချိန်းဆိုနေခြင်းက ဘယ်သူကိုအားကိုးပြီး ဘာတွေလုပ်နေကြလည်းမသိတော့အောင်ပါဘဲ။
ဘယ်လို လုပ်ပိုင်ခွင့်တွေများကိုင်ထားကြတယ်ဆိုတာ မသိတော့လို့ ပြည်သတင်း ကိုပဲ အကူအညီတောင်းခြင်းဖြစ်ပါတယ်ခင်ဗျာ
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ....
အသေးစိတ်သိလိုတာများရှိသေးရင်လည်း 09-254031892 ကို မေးမြန်းလို့ရပါတယ်ခင်ဗျာ...ကျေးရွာသူ/ရွာသားများ

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page