Tuesday, November 5, 2013

ပြည်မြို့ ဖက်တန်းရပ် အုတ်ကြားလမ်း မဟာသိပ္ပံကျောင်းတိုက် ဘုရားရွှေထီးတော်တင်၊ ဘုရားအနေကဇာတင် မင်္ဂလာ ကထိန်ခင်း သိက္ခာထပ် နှင့်သိမ်ကျောင်းရေစက်ချ ပွဲဓမ္မသဘင် ကျင်းပမည်

Leave a Comment

ပြည်မြို့ ဖက်တန်းရပ် အုတ်ကြားလမ်း ဆံတော်ရက်ကွက် မဟာသိပ္ပံကျောင်းတိုက် အတွင်း တည်ထားပူဇော်အပ်သော “ အန န္တဇိနရွှေကံပွင့်စေတီတော်မြတ်” ကိုရွှေထီးတော် တင်လှူခြင်း၊ ဘုရားအနေကဇာတင်မင်္ဂလာ၊ ဘုရားအမှူးရှိသော စတုဒ္ဒိသာမြတ်သံဃာတော်တို့အား ရည်မှန်း၍ ပင့်သံဃာတော်(၁၀၈) ပါးတို့အား ကထိန်လျာမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ မဟာသိပ္ပံကျောင်း ဆရာတော်အားသိက္ခာထပ်ခြင်းနှင့် သိမ်ကျောင်းဆောင်သစ်ရေစက်ချအလှူတော်မင်္ဂလာ ကုသိုလ်ကောင်းမှူ အစုစုတို့ကို ရေစက်သွန်းချမည့် အခန်းအနားကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ၄င်းအခမ်းအနားကို ၁၃၇၅ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၆) ရက် အောက်တိုဘာ ၈ ရက် သောကြာနေ့ နံနက် ၉နာရီအချိန်တွင် ရွှေထီးတော်တင် အလှူတော်မင်္ဂလာ ည ၇ နာရီအချိန်တွင် ဘဒ္ဒ န္တ ဉာဏောဘာသ (ရွှေတည်- မေတ္တာဆရာတော်) မှ တရားဓမ္မ ပို့ချခြင်း ၊ အောက်တိုဘာ ၉ ရက် စနေနေ့ နံနက် ၆ နာရီအချိန်တွင် ဘုရားအနေကဇာတင်နှင့် ကထိန်အလှူတော်မင်္ဂလာ ည ၇ နာရီအချိန်တွင် ဘဒ္ဒ န္တ သာဂရ (ပရဟိတ ဆရာတော်) မှ တရားဒမ္မ ပို့ချခြင်းနှင့် အောက်တိုဘာ ၁၀ ရက် တနင်္ဂနွေနေ့ နံနက် ၇ နာရီအချိန် သိက္ခာထပ်နှင့် သိမ်ကျောင်းရေစက်ချအလှူတော်မင်္ဂလာ ကျင်းပမည် ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ တရားချစ်ခင်သူတော်စင်များ တရားတော်နာ မုန့်သုံးဆောင်ရန် ကြွရောက်ကြပါရန် ဖိတ်ကြား အပ်ပါသည်။

အလှူတော်နေရာ “မဟာသိပ္ပံကျောင်းတိုက်” အုတ်ကြားလမ်း၊ ဘုရားဈေးအနီး၊ ဖက်တန်းရပ် ၊ ပြည်မြို့

ပြည့်သဲမောင် (ပြည်)

0 comments:

Post a Comment

Facebook Like Page