Wednesday, October 30, 2013

အမှိုက်သိမ်းယာဉ်များ မောင်းနှုန်းမြန်နေသဖြင့် အမှိုက်စွန့်ပစ်သူများ အဆင်မပြေ

Leave a Comment

ပြည်မြို့ရှိ ရပ်ကွက်များတွင် အမှိုက်များလိုက်သိမ်းသော စည်ပင်သာယာ အမှိုက်သိမ်းကားသည် ပြည်သူများ၏ စွန့်ပစ်ပစ္စည်း အမှိုက်များကို သိမ်းစည်းရာတွင် အဆိုပါအမှိုက်သိမ်းယာဉ်များ မောင်းနှုန်းမှာ မြန်ဆန်နေသဖြင့် အပြေးအလွှား အမှိုက်ပစ်နေရသည်ကို မြင်တွေ့ရပါသည်။

အမှိုက်ပစ်သူများထဲတွင် အချို့မှာ ကလေးများ၊ သက်ကြီးရွယ်အိုများလည်းပါဝင်နေသည့်အတွက် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်သိမ်းကား အမှီ အပြေးအလွှားဖြင့် စွန့်ပစ်နေရပါသည်။

သို့ဖြစ်ပါသဖြင့် အမှိုက်သိမ်းယာဉ်၏ အမြန်နှုန်းကို ယခုထက်လျှော့ချမောင်းနှင်ပေးပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်းကို အပြုသဘောဆောင် တင်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page