Thursday, October 31, 2013

ပြည်မြို့ ကိုးသောင်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့

Leave a Comment


ကိုးသောင်း ဆိုင်ကယ်တိုက်မှုဖြစ်ပွား

31.10.2013 ညနေ (6) နာရီ ခန့်တွင် အသက် 20 ၀န်းကျင်ခန့် အမျိုးသားတစ်ဦးသည် အနောက်မှ အရှေ့သို့ ဦးတည်မောင်းနှင်လာသော 110 ဆိုင်ကယ် (တရုတ်အမျိုးအစား) သည် အရှိန်ပြင်းထန်စွာ မောင်းနှင်လာပြီး အသက် (20) ကျော် အမျိုးသားတစ်ဦး အနောက်မှ အရှေ့သို့ လမ်းမှန်အတိုင်း ပုံမှန်မောင်းနှင်နေသော VIVA (အမျိုးစား) ဆိုင်ကယ်အား အရှိန်မထိမ်းနိုင်ဘဲ VIVA (အမျိုးအစား) ဆိုင်ကယ်၏ အနောက်ကို ပြင်းထန်စွာဝင်တိုက်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်တွင် အရှိန်ပြင်းထန်စွာမောင်းနှင်လာသော 110 ဆိုင်ကယ် ပိုင်ရှင်သည် မေးပြုတ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ အတိုက်ခံရသော VIVA ဆိုင်ကယ် ပိုင်ရှင်မှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပွားစဉ် တာဝန်သိပြည်သူများ၏ အကူညီဖြင့် ယာဉ်ထိန်းရဲ နှင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားပြီး ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးစလုံးအား ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသည်။ ယာဉ်ထိန်းအရာရှိမှာ (တပ်ကြပ်ကြီး ကျော်နိုင်ထွန်း) ချက်ခြင်းဆိုသလိုရောက်လာပြီး ဒဏ်ရာရရှိသူအနေအထားကိုကြည့်ပြီး တာဝန်အရ လုပ်ဆောင်ရမည့် လည်းကောင်း၏ တာဝန်များကို မြန်မြန်ဆန်ဆန်ပြုလုပ်ကာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ယခုလို ၀န်ထမ်းနှင့် ပြည်သူ လက်တွဲကူညီမှုအရရော တာဝန်အရရော လူမှုရေးစိတ်ဓါတ်အရပါ စိတ်ရင်းမှန်ကန် ဖြူစင်မှုတွေကိုပါ လေးစားမိပါတယ် ပြည်မြို့မှာ ယာဉ်အန္တရယ် အသိပညာပေးမှုများ အားနည်းနေပါသေးတယ် ယာဉ်မောင်းသူများမှလည်း မိမိမောင်းနှင်လာသော ယာဉ်များကို မောင်းနှင်နေစဉ် စည်းကမ်းလိုက်နာစွာမောင်နှင်နိုင်မှ စည်းကမ်းအရှိဆုံးမြို့တစ်မြို့ဖြစ်အောင်အားလုံးကြိုးစားနိုင်ကြစေရန် နှင့် ယာဉ်မောင်းနေစဉ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မိမိကိုယ်တိုင်းနည်းစနစ်ကျကျသိရှိနားလညနိုင်ပြီး ယာဉ်မောင်းနေချိန် (သင့်အား သင့်မိသားစုမှ သင့်အိမ်အပြန်ကို စောင့်မျှော်နေပါသည်)ဆိုတာလေးကို တွေးထားသင့်ပါတယ်..။ ။ပြည်သတင်း....


ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page