Wednesday, October 30, 2013

မီးဘေး ကြိုတင်ကာကွယ်ရေး ဟောပြော သရုပ်ပြ

Leave a Comment

ပြည် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၂)မှ ၀န်ထမ်းများ အား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြအခမ်းအနားကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါအလုပ်ရုံ၌ကျင်းပသည်။ အခမ်းအနားတွင် ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းလတ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ခရိုင် မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းညွန့်က သဘာဝမီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် မီးငြိမ်းသတ်ရန်နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ပြည်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၂) မှ တာဝန်ရှိသူများ ပူးပေါင်း၍ မီးသတ်ဆေးဘူးများဖြင့် လည်းကောင်း၊ မီးသတ်စက်ယာဉ်များဖြင့်လည်းကောင်း မီးငြိမ်းသတ်မှု တို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

KM29102013
Pyay City

0 comments:

Post a Comment

Facebook Like Page