Saturday, October 12, 2013

သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ နှင့် သရုပ်ဆောင် ခန့်စည်သူ နှင့် အနုပညာရှင် များစွာပါဝင်သော မေတ္တာသင်္ဂဟအဖွဲ့တို့ပူးပေါင်းကျင်းပခဲ့

Leave a Comment

ဒီကနေ့မနက် ၉း၀၀ အချိန်တွင် ပဲခူးတိုင်း ဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့အတွင်းရှိ အမှတ်(၁) ကျောင်းဝန်းအတွင်းရှိ (၃) ထပ်ကျောင်းဆောင်ကြီးအတွင်မှာ ရှေးဟောင်းအမွေအနှစ် မြို့ကြီး ( ၃ ) မြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုက်ရန် အတွက် မေတ္တာသင်္ဂဟ အသင်းအဖွဲ့ မှအနုပညာရှင်များပူးပေါင်းပါဝင်မူ့များအခမ်းအနားပွဲကြီးကို စည်ကားစွာကျင်းပသွားကြောင်း သတင်းရရှိခဲ့ပါသည် အဆိုပါအခမ်းအနားတက်ရောက်သူ အနုပညာရှင်များဖြစ်ကြသော ခန့်စည်သူ၊ဇေယျ၊ချစ်စနိုးဦး၊ခရစ်စ္စတီးနား၊ပုလဲဝင်း တို့ပါအနုပညာရှင်များစွာတို့က မနေ့က ညနေပိုင်းတွင် မှော်ဇာပြတိုက်အတွင်း သီရိခေတ္တရာမြို့ဟောင်းအတွင်းရှေးဟောင်း အမွေအနှစ်များအားသွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ ဒီကနေ့အခမ်းအနားမှာလည်း အဆိုပါအနုပညာရှင်များစွာနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၊အသင်းအဖွဲ့များ၊မြို့နေပြည်သူများ၊မြို့မိမြို့ဖများ၊အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့များ၊စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားကို အစီစဉ်(၄)ခုဖြင့်ကျင်းပပြုလုပ်သွားပြီး အဆိုပါအခမ်းအနားပြီးမြောက်ပြီးနောက် အနုပညာရှင်များ မှ အမှတ်တရလက်မှတ်ရေးထိုးပေးခြင်း၊အမှတ်တရဓာတ်ပုံရိုက်ခြင်းများကို မြို့နေပြည်သူများနှင့်ပူးတွဲဆောင်ရွက်သွားပါကြောင်းသတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း ၁၂.၁၀.၂၀၁၃
 
 သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ နှင့် သရုပ်ဆောင် ခန့်စည်သူ နှင့် အနုပညာရှင် များစွာပါဝင်သော မေတ္တာသင်္ဂဟအဖွဲ့တို့ပူးပေါင်းကျင်းပမည့်
သရေခေတ္တရာ နှင့် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်လာရေး စည်းရုံးလှုံ့ဆော်ပွဲ ကျင်းပပါမည်။

၁၂/၁၀/၂၀၁၃ စနနေေ့ နံနက် ( ၉ ) နာရီ။ အ'ထ'က(၁) ပြည်။ သိရီရတနာခန်းမ။ အနုပညာရှင်များ အမှတ်တရလက်မှတ်ရေးထိုးပြီး တီရှပ်တစ်ထည်သုံးထောင် ကျပ်ဖြင့် အားပေးနိုင် ပါမည်။ မင်းသားမင်းသမီးများနှင့်တွဲ၍ အမှတ်တရဓါတ်ပုံရိုက်နိုင်ပါမည်။ အားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါသည်။

ပြည်သတင်းမှ ထပ်လောင်း တင်ပြ တိုက်တွန်း ပါရစေခင်ဗျာ။
(သရေခေတ္တရာ နှင့် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်လာရေး) သေချာစဉ်းစားကြည့်ပါ ခင်ဗျာ အရမ်းအရေးကြီးပါတယ်။ ပြည်မြို့၏ စီးပွားရေး၊ လူမှုရေး၊ တိုးတက်ဖွံ့ဖြိုးရေးတွေ အများကြီးပြောင်းလည်း သွားမှာပါ။

ကမ္ဘာ့ယဉ်ကျေးမှု အမွှေအနှစ်စားရင်းဝင်ဖြစ်လာရေး တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ကြပါစေ။
 
ပွဲအတွက် ပြင်ဆင်ထားပုံများ

Sriksetra Heritage Trust - Thayakhittaya Pyay

ပြည်သတင်း
https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
 
0 comments:

Post a Comment

Facebook Like Page