Sunday, October 20, 2013

ဝါလကင်းလွတ် သီတင်းကျွတ်ပြီ...................သဲစုနွယ် ... သ၀ပုညကာရီ လူငယ်အသင်း

Leave a Comment



ဝါလကင်းလွတ် သီတင်းကျွတ်ပြီ...
#####################
ကြယ်စုံဖိတ်တောက် လောကအောက်ဝယ်
လရောင်လျှံဝင်း ပြည်တစ်ဝန်း၌
ဝါလကင်း၍ သီတင်းလည်းကျွတ်ခဲ့လေပြီ...
ကျေးဇူးတော်အသိန်း အနန္တကိန်းတဲ့
ရှင်တော်ဘုရား မြတ်ဗုဒ္ဓသည်
မယ်တော်နတ်သား အမှူးထားကာ
သုံးလီဝါလ စကြ၀ဠာတိုက်ဝယ်
အဘိဓမ္မာတရား ဟောကြားလို့ဆုံးခဲ့လေပြီ...
ရွှေ ငွေ ပတ္တမြား သုံးသွယ်သောစောင်းတန်းများမှာ
လူ့ရွာပြန်ကြွ တစ်ခဏတွင်
ဆီမီးရောင်စုံ အဖုံဖုံဖြင့်
တာဝတိံသာပွဲတော် ဆင်နွှဲလို့ကြိုခဲ့ကြသည်...
ကြာမျိုး ငါးမည်ကြိုင်ဖူး
နေ့မြတ်ထူး၍ ဤသမယတွင်
ယဉ်ကျေးမှု အလှအသွင် ဒို့မြန်မာ့တစ်ခွင်ဝယ်
သက်ရွယ်ဝါကြီး လူကြီးမိဘ
ဆရာအ၀၀ကို ရှိခိုးဂါရ၀ ပြုကြတယ်ဆို၏...
ထိုနေ့..ဤနေ့ သီတင်းကျွတ်သော
လပြည့်နေ့ကား အဘိဓမ္မာအခါတော်နေ့အဖြစ်
အသိအလိမ္မာပွားကြစေဖို့
အာရုံမြတ်နိုင်း လက်အုပ်မိုးကာ
ပူဇော်ကန်တော့လိုက်ပါ၏...။
သဲစုနွယ် ...

သ၀ပုညကာရီ လူငယ်အသင်း
 

0 comments:

Post a Comment

Facebook Like Page