Sunday, October 20, 2013

ပြည်မြို့တွင် အမျိုး၊ဘာသာ၊သာသနာ၊စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

Leave a Comment


ပြည်မြို့တွင် အမျိုး၊ဘာသာ၊သာသနာ၊စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း
*******************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ သီရိခေတ္တသိရိန္ဓရသာသနာ့ဗိမာန် တော်ကြီးတွင် ဆရာတော်ကြီးများ၏ သြ၀ါဒခံယူ၍ ပြည်မြို့တွင် အမျိုး၊ဘာသာ၊သာသနာ၊စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
အခမ်းအနားကို ဒီကနေ့ (၁၈.၁၀.၂၀၁၃)ခုနှစ် နေ့လည်(၁း၃၀)အချိန်တွင်အဆိုပါအခမ်းအနားကြီးကို စတင်ဖွဲ့စည်း ကျင်းပသွားကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါအခမ်းအနားကို တိုင်း၊ခရိုင်၊မြို့နယ်အတွင်းရှိ ဆရာတော်ကြီးများ ဦး
ဇင်းများ သီလရှင်ဆရာကြီး ဆရာလေးများနှင့် ဒေသဆိုင်ရာ စိတ်ပါဝင်စားသူ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားကို အစီစဉ်(၁၁)ခုဖြင့်ကျင်းပခဲ့သည်။ အဆိုပါအဖွဲ့အစည်းကို ပြည်ခရိုင်အတွင်း(၇)မြို့နယ်
ဖွဲ့စည်းသွားပြီးဖြစ်ကြောင်း အခြားမြို့နယ် ခရိုင် တိုင်းများမှာလည်းဆက်လက်ဖွဲ့စည်းသွားဖို့ရှိကြောင်း အမျိုး၊ဘာသာ၊သာသနာ၊စောင့်ရှောက်ရေးအဖွဲ့ကို (၁)။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပညာပေး
တားဆီးကာကွယ်ရန်။ (၂)။ မြန်မာနိုင်ငံသူ/သားများ၊တိုင်းရင်းသားလူမျိုးများ ညီညွှတ်မှု စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး စည်းရုံးရန်။ (၃)။ အမျိုးဘာသာ သာသနာ တိုင်းပြည်နှင့်လူမျိုးကို တရားဥပဒေဖြင့်
ကာကွယ်ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။ ။ပြည်သတင်း

ပြည်သတင်း
https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page