ဖိုးဦးတောင်ဘုရား
@@@@@@@@
*************
မိတ်ဆွေအပေါင်းအသင်း သဒ္ဒါကြည်လျင်ပါရမီရှင် သူတော်စင်အပေါင်းတို့ ခင်ဗျာ ဖေါ်ပြပါ ဖိုးဦးတောင်ဘုရား(တချို့ ဖိုဝန်တောင်နှင့်မှားနေပါသည်)ပဲခူးတိုင်းဒေသကြီး
အနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့ နယ် သရေခေတ္တရာပြည်ပြို့ အနောက်ဖက်ကမ်း ရခိုင်ရိုးမှတောင်တန်းကြီး(အနောက်ရိုးမ)၏ အရှေ့ဖက်ခြမ်းတောင်ပေါ်တွင်တည်ရှိပြီ သရေခေတ္တသမိုင်းဝင် ဒွတ္တဘောင်
မင်းကြီးမှသည် မင်းအဆက်ဆက်ကိုးကွယ်ခဲ့သော ဘုရားအား ရန်ကုန်မြို့ မှ ဦးအောင်ကျော်ခိုင် မှကိုယ်ပိုင်ငွေဖြင့်ပြုပြင်မွန်မှန်ခဲ့ပြီး ပြည်မြို့ အနောက်ဖက်ကမ်းမှ ရွှေဘုံသာဘုရား မှ ရှေ့ ၅ =မိုင် ၄ ဖါလုံ
ကွာဝေးပြီး ကိုယ်ပိုင်ငွေကြေးဖြင့်လမ်းဖေါက်လုပ်ခဲ့ရာ ယခုအခါ ရာသီမရွှေးသွားနိုင်သော ကျောက်ကြမ်းခင်း မြေနီလမ်းအား ငွေကျပ်သိန်းပေါင်း ၁၀၀၀ / ကျော် (ကျပ်သိန်းပေါင်း တစ်ထောင်ကျော်) ကုန်ကြခံဖေါက်လုပ်ခဲ့ပြီး ဖိုးဦးတောင် တောင်ပေါ်တွင်လည်း ကျောင်း ဇရပ်
တောင်အောက်မှရေ ရရှိရေး ရဟန်းသံဃာတော်များအား ဆွမ်းခဲဖွယ် လိုအပ်သည်များဆောင်ရွက်နေပြီး အနည်းဝန်းကျင်ရွာများ ယခင်က ခြေလျှင်/ လှေ/စက်လှေ တို့ ဖြင့်ကျောင်းတက်ခဲ့ရပြီး ကျန်းမာရေး/ပညာရေး စီးပွါးရေး ရာသီထွက်ကုန်သီးနှံ များဒရောင်ဝယ်ရာတွင် များစွာ ခက်ခဲ ခဲ့ပြီး ယခုအခါထိုလမ်းဖေါက်လုပ်ပေးမှု့ ကြောင့် ဒေသခံပြည်သူများ အစစအရာရာ
အစင်ပြေချောမွှေ့ နေပြီးဖြစ်ပါသည် ဒေသခံရွားသားအချို့ မှ လမ်းဖေါက်လုပ်ခြင်းအား သစ်တောပိုင်မြေဖြစ်ပါလျှက် ကိုယ်ပိုင်မြေဟုဆိုကာ
ငွေကြေးတောင်ခံရယူလိုကြောင်းကြားသိရပါသည် ဒေသခံရွာသူရွာသားများအနေဖြင့် မကူညီသည့်အပြင် ဖျက်လိုဖျက်စီး ကပျက်ကယက်ပြုခြင်သည်ကို
ဘာသာတရားမသိထားဘဲ နှောက်ရှက်လိုသောစိတ်ဓါတ်သည် အရှက်ရဖွယ်ဖြစ်လေသည်။.....ဟုဒီအကောင့်ပိုင်ရှင်မှ ပြည်သတင်းသို့ပေးပို့ထားကြောင်းသတင်းရရှိခဲ့ပါသည်။https://www.facebook.com/thi.ha.180 ပြည်သတင်း..

0 comments:
Post a Comment