လက်မှတ်အတုထိုးသူတွေကိုအရေးယူပေးဖို့နဲ့၊လယ်တွေပြန်ရဖို့အတွက်လယ်သမားတွေဆန္ဒပြမယ်ဟုသိရ
*****************************************************
ပြည်မြို့နယ်၊တီတွတ်ကျေးရွာမှလယ်ယာများကိုသိမ်းပြီး၊သိရိခေတ္တရာဂေါက်ကွင်းအဖြစ်လယ်သမားတွေက-လှုဒါန်းထားသည်ဟု၊ဒေသခံအာဏာပိုင်က-လယ်သမားများ၏လက်မှတ်တုများဖြင့်ခေါ်ယူသတိပေးသည့်အ တွက်၊၁၁၊၉၊၂၀၁၃။ရက်နေ့ကဆန္ဒပြရန်-မြို့နယ်ရဲတပ်ဖွဲ့မှုးထံသို့လျှောက်ထားခဲ့ကြပါသည်
သီရိခေတ္တရာဂေါက်ကွင်း ကြီးသည်(၁၉၉၆/၉၇)ခုနှစ် က တပ်မ(၆၆)က-ဧက(၁၀၀)ကျော်ကို-ဦးဆောင်သိမ်းယူလိုက်ပြီး-“လ/န” (၃၉)-နိုင်ငံတော်အမိန့်စာတစုံတရာပေါ်တွင်လက်မှတ်ရေးထိုးခိုင်းတာမျိုးမရှိခဲ့ပဲ-အလံစိုက်(ဆိုင်းဘုတ်)ထောင်ပြီး စစ်တပ်မြေမကျုးကျော်ရ-မည်သူမှဝင်ရောက်-လယ်လုပ်ကိုင်ခြင်းမပြုလုပ်ရ -အရေးယူခြင်းခံရမည်ဟု-ကြေငြာကာ-ထိုအချိန်ကထဲက-အသိမ်းခံလိုက်ရပါသည်။ ထိုကိစ္စအတွက်(၇-၉-၁၂ရက်နေ့တွင်တကြိမ်) ၊ (၇-၁၂-၁၂)နေ့တွင်တကြိမ်-တရားဥပဒေစိုးမိုးရေးကော်မတီသို့လိပ်မူပြီး တိုင်စာပေးပို့ခဲ့ပါတယ်။နောက်တစ်ကြိမ်(၈-၁-၁၃)ရက်နေ့တွင် မြို့နယ်မြေစာရင်းဦးစီးမှုးက ခင်ဗျားတို့လယ်အတွက်ဦးဆောင်သူ (၂)ဦးလက်မှတ်တိုးပြီးတိုင်ကြားစာရေးလိုက် ကျွန်တော် အထက်သို့စီစစ်ပြီးတင်ပေးလိုက်မည်ဟုပြောသဖြင့် တခါ-တိုင်စာထပ်ပို့လိုက်ပါသည်-တိုင်စာထပ်ပို့လိုက်ပါသည်( .၇.၂၀၁၃)ရက်နေ့တွင်စတုထ္ထအကြိမ်-ထပ်မန်တိုင်ကြားခဲ့ပါသော်လဲ။ဒီနေ့အထိတော့ဘာမှထူးခြားမလာခဲ့ပဲ- (၅.၇.၂၀၁၃)ရက်နေ့တွင်၊မြို့နယ်အုပ်ချုပ်ရေးမှုးက လယ်သမားအချို့ကိုခေါ်ယူတွေ့ဆုံပြီး-(၇.၆.၁၉၉၉)နေ့ ရက်စွဲနှင့် လယ်သမား(၃၆)ယောက်က စွန့်လွှတ်လှုဒါန်းထား ကြောင်း-စာကိုထုပ်ယူအသိပေးပြသခဲ့ပါသည်။
ထူးဆန်းသည်မှာထိုစာကို သွားရောက်ကြည့်သူထဲတွင်-အသိမ်းခံလယ်သမားတွေ-ကိုယ်တိုင်မိမိတို့ဘယ်အချိန်တုံးက လယ်တွေကိုလှုဒါန်းလိုက် ကြောင်း လက်မှတ်ထိုးမိသလဲဆိုတာကို မသိလိုက်ခြင်းနှင့်၊-(၁၉၈၆-ခုနှစ်ကသေဆုံးသွားသော-ဦးမောင်စိန်၊၁၉၉၂-ခုနှစ်ကသေဆုံးသွားသော-ဦးအေးမောင်၊၁၉၉၅)ခုနှစ်ကသေဆုံးသွား သော-ဦးအောင်စိန်)တို့ ပါတမလွန်မှလာရောက်ပြီးလက်မှတ်ထိုးသလိုမျိုးဖြစ်နေပါတော့သည်။
သူတို့ကို-မြို့နယ်အုပ်ချုပ်ရေးမှုးကခေါ်ယူပြီး-လယ်တွေကိုလှုဒါန်းကြောင်း လက်မှတ်ထိုး-စာကိုပြသစဉ်က- “မိတ္ထူ” ကူးယူဖို့ခွင့်တောင်းရာ ခွင့်မပြုနိုင်ကြောင်း-အုပ်ချုပ်ရေးမှုးက ပြောပြီး-ထိုစာတွင်-ဒုတိယ၀န်ကြီး-ဦးတင်စိုး ကလက်မှတ်ရေးထိုးထားပါသည်။ဟု--ဦးးကျော်အောင်-`ကမ္ဘီလာ´ရွာမှပြောပြပါတယ်။
ထိုလယ်ယာကိစ္စနှင့်ပတ်သတ်ပြီးပြည်မြို့နယ်မြေစာရင်းဦးစီးမှုးကိုဖုန်းဆက်ပြီးမေးကြည့်တော့-သူတို့လယ်တွေက-လ/န(၃၉)နှင့်အစိုးရကသိမ်းထားတာ၊ပြန်ရဖို့ကိုတော့ကျွန်တော်အဆင့်အနေနှင့်မပြောနိုင်ကြောင်း၊လက်ရှီအနေနှင့်မြေပုံစာ ရင်းအနေနှင့် ဂေါက်ကွင်းအနေနှင့်သာ စာရင်းပေါက်ကြာင်း သူတို့အနေနှင့်မကြေလယ်ပါကအထက်အဆင့်သို့ထိတိုင်ကြားနိုင်ကြောင်၊သူ့အနေနှင့် လိုအပ်လျှင်အကူအညီပေးဖို့ရှိကြောင်၊မကြာခင်ကလဲ သူကူညီခဲ့ကြောင်း၊ ၀န်ကြီးချုပ်ထံ ထိသို့ရောက်ရှိပြီးဖြစ်ကြာင်းတို့ကို -လဲပြောပြခဲ့ပါသည်။
ဒေသခံတောင်သူကိုအောင်ဝင်းက-(၈.၁.၂၀၁၃)ရက်နေ့က-မြို့နယ်မြေစာရင်းဦးစီးမှုးက အထပ်ကို တိုင်စာပေးဖို့ရန်အတွက် တောင်သူတွေ ကိုခေါ်ယူတွေ့ဆုံစဉ်ကလဲ-သူတို့မြေစာရင်းမှုးအခန်းတွင်းတွင်ဝင်ရောက်ထိုင်စောင့် နေခိုက်တုံးက သူရဲ့ရုံးခန်းတွင်းတွင်ချိတ်ဆွဲထားသော၊သူတို့ဒေသရဲ့မြေပုံချတ်ဆွဲထားတာကိုတွေ့ရသဖြင့်၊ကြည့်လိုက်ရာ သူတို့မြေကွပ်တွေနဲ့၊ဦးပိုင်အမှတ်တွေသာတွေ့ခဲ့ရြေ့ကာင်းနှင့်၊ထိုနေရာတွင်ယခုတည်ရှိနေသော “၊ဂေါက်ကွင်းဟု” ဖေါ်ပြထားခြင်းး ကိုမတွေ့ခဲ့ရသည်အတွက်၊ထိုကိစ္စသည် နိုင်ငံတော်အဆင့်အထိမသိလောက်ဖူး၊ခရိုင်အဆင့်လောက်ကသာ၊ လုပ်ခြင်းဖြစ်ကြောင်း၊အခုလိုသူတို့လယ်ယာတွေသိမ်းထားတာကိုလုပ်မပေးတာဟာလဲ-အခုမှသိရတာက-ခရိုင်အုပ်ချုပ်ရေးမှုးကိုယ်တိုင်က-ထိုဂေါက်ကွင်းရဲ့-ဥက္ကဋ္ဌ၊ ဖြစ်နေလို့လားမှမသိတာလို့ပြောပြပါတယ်။
သူတို့ကဆန္ဒပြခွင့်ကို(၁၇)ရက်နေ့တွင်ြ့ပုလုပ်ဖို့လျှောက်ထားပြီး၊ခွင့်မပြုရင်လဲဆန္ဒပြသွားမည်ဖြစ်ကြောင်း-တီတွတ်ရွာမှ `ဦးမြင့်ထူး´ ကပြောပြပါတယ်-`သူတို့ကဆန္ဒပြခွင့်တင်လိုက်ပြီးနောက်(၃)နာရီလောက်ခြားပြီးတော့-မြို့နယ်ရဲတပ်ဖွဲ့မှုးရုံး က -ရဲတယောက်လိုက်လာပြီး-ဆန္ဒပြနဲ့စုရုံးချိန်ကြာချိန်က(၄)နာရီတောင်ဖြစ်နေတယ်ဒါကြောင့်-အချိန်(၁)နာရီလျှော့ပေးဖို့လိုက်ပြောရာ-တောင်သူတွေက-ခင်ဗျားတို့က-(၁)နာရီတော့လျှော့ခိုင်းတယ်-ခွင့်ပေးမှာလားဆိုတော့-`ခွင့်ပေးမှာပါ´ လို့ထိုရဲတပ်သားကပြောပြပါတယ်---လို့ ---ဦးမြင့်ထူးကပြောပြပါတယ်။
ကိုဗမိုး(ပြည်)..မှ ပြည်သတင်းသို့ပေးပို့ထားသည်။
အဆိုပါခွင့်ပြုမိန့်တောင်းခံသည့်စာကို ငြင်းပယ်ခြင်း
**********************************
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှုးရုံး မှ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းခွင့်ပြုပါရန် လျှောက်ထားချက်ကို ငြင်းပယ်သည့်အမိန့်စာမှာတော့
အမှတ်စဉ်(၅/၂၀၁၃)
စာအမှတ်၊၁၀၀၂(၁)/၁၀၃/ဦး ၁
ရက်စွဲ..၂၀၁၃ခုနှစ်၊စက်တင်ဘာလ၂၂
၁။ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုလုပ်လိုကြောင်း လျှောက်ထားသည့် ပြည်မြို့နယ် ထမ္မကောက်အုပ်စု တီတွဒ်ရွာနေ ဦးမြင့်ထူး၊ဦးကျော်ဝင်း၊ဦးကျော်အောင်တို့၏ လျှောက်ထားချက်ကို ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၅)တွင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်လိုက်ကြောင်းသိရသည်။ အဆိုပါငြင်းပယ်ရသည့်အကြောင်း အရင်းမှာ..
တီတွဒ်ကျေးရွာရှိ သီရိခေတ္တရာဂေါက်ကွင်းနေရာသည် ပြည်သူ့လွှတ်တော်၏ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စီစစ်တင်ပြထားခြင်းဖြစ်သဖြင့် ညွှန်ကြားချက်ကို စောင့်ဆိုင်းရန် နှင့် မလိုအပ်သေးပဲ ဆန္ဒဖော်ထုပ်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေမည့် ကိစ္စများ မဖြစ်ပွားစေရေးအတွက် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို ခွင့်မပြုသင့်ကြောင်း နှင့် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၉)အရ အယူခံဝင်နိုင်ပါကြောင်း အသိပေးပါသည်။(ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲ ၂၈၇၄ ဒုတိယရဲမှုးဝင်းခိုင်).. ဆိုတဲ့ ခွင့်ပြုမိန့်ငြင်းပယ်သည့်စာကိုထုတ်ပြန်ထားကြောင်းသိရှိခဲ့ပါသည်။ ပြည်သတင်း..

0 comments:
Post a Comment