Saturday, September 14, 2013

စည်ပင်အရာရှိများအိမ်ကို ပုံမှန်ဆက်သရတဲ့ ဈေးဘိုးလက်ဆွဲခြင်းအကြောင်း (ပေးစာ)

Leave a Comment

ပြည်မြို့ မြို့မဈေးကြီးရဲ့ အရှေ့ဘက်၁ရုံထိပ်ကနေဈေးခေါင်းရုံးရှေ့ကဖြတ်ကျော်ပြီး နဝင်းရွှေပလ္လင်မှော်ဘုရားအနီးအထိရှည်လျားလှတဲ့ပျံကျဈေးတန်းကြီးဟာ ဈေးကြီးကိုရှေ့နောက်ပိတ်ဆို့ပြီး
ရောင်းချနေပါတယ်။ ၁ရုံထိပ်ကနေဈေးခေါင်းရုံးအထိ ဆိုင်ခန်း၂၀၀လောက်ရှိပါတယ်။ တစ်ဈေးလုံးရဲ့ဝင်ပေါက်ထွက်ပေါက်မှန်သမျကို ပိတ်ဆို့ထားပါတယ်။ ပစ္စည်းမျိုးစုံရောင်းချနေတာပါ။ စည်ပင်ကသန့်ရှင်းရေးခ၊ ကျူးကျော်ခနဲ့ ဆိုင်ခန်းအရောင်းအဝယ်အသိအမှတ်ပြုကြေးများအပြင် စည်ပင်အရာရှိများအိမ်ကိုပုံမှန်ဆက်သရတဲ့ ဈေးဘိုးလက်ဆွဲခြင်းအတွက် ငွေများကို အဲဒီဈေးတန်းကရရှိပါတယ်။ 

ပျံကျဈေးတန်းမှာ ဆိုင်ခန်းတစ်ခန်းကိုနေရာအလိုက် တစ်စကွဲယားပေကို ၃၀၀၊ ၅၀၀၊ ၁၀၀၀ အထိကောက်ခံပါတယ်။ နေရာအလိုက်ကာလပေါက်ဈေး (၁၅ ) သိန်းမှ သိန်း (၃၀) အထိပေါက်ဈေးရှိပါတယ်။ စက်ဘီးရုံတွေကလည်း စက်ဘီး၂၀၀၊ ဆိုင်ကယ် ၃၀၀ကောက်ခံနေတဲ့အတွက် ဈေးဝယ်သူတွေကဈေးထဲမဝင်တော့ပဲ အပြင်မှာပဲဝယ်ကြပါတယ်။ ယခုဆို ဈေးထဲမှာဆိုင်မထွက်နိုင်တော့တဲ့ ဈေးသည်တွေများလာပါပြီ။ သားငါးတန်းဆို ဈေးသည် လေးငါးဦးပဲရှိပါတော့တယ်။

ဈေးအပြင်လမ်းမကြီးတွေမှာလည်း စက်ဘီးရုံတွေနဲ့ပျံကျဈေးသည်တွေရဲ့ စည်းကမ်းမဲ့မှုကြောင့်နေ့စဉ် သွားအလာပိတ်ဆို့ပြီး ဈေးဝယ်ကားများရပ်စရာနေရာမရှိတော့ပါ။ အရေးပေါ်မီးသတ်ဖို့လုပ်ထားတဲ့ မီးသတ်ရေငုတ်ပေါ်အထိ ဈေးထွက်ကြပါတယ်။ လမ်းပိတ်ဆို့တဲ့အတွက် မီးဘေးအန္တရာယ်ဖြစ်လာခဲ့လျင် မီးသတ်ကားများ ဝင်/ထွက်စရာလမ်းလုံးဝမရှိတော့ပါ။

ဒီပျံကျဈေးသည်များအားလုံးဟာ ဈေးကြီးအတွင်းမှရှိတဲ့ နိုင်ငံတော်ကို တရားဝင်အခွန်တော်ဆောင်ပြီး ဈေးရောင်းနေတဲ့ဈေးသည်တွေရဲ့ ထမင်းလုပ်ကို စည်ပင်နဲ့ပေါင်းပြီး ပုတ်ချနေပါပြီ။ အမြန်ဆုံး ထိထိရောက်ရောက်အရေးယူပေးကြပါခင်ဗျာ။

ပေးပို့သူ   >>>   Sain Bay Dar   https://www.facebook.com/sainbay.dar.9



0 comments:

Post a Comment

Facebook Like Page