Wednesday, September 4, 2013

သတင်းတင်ပြမှု့ကြောင့်လဲကျလျှက်ရှိသောသစ်ပင်အားရှင်းလင်းပေး

Leave a Comment

သတင်းတင်ပြမှု့ကြောင့်လဲကျလျှက်ရှိသောသစ်ပင်အားရှင်းလင်းပေး
*******************************************

အောက်ဖော်ပြပါ ဓါတ်တိုင်(သို့)ကျောက်တိုင်အနီး မှာ
2.9.2013 ရက် နေ့လည် ယနေ့(၃း၃၀)အချိန်ခန့်တွင် န၀ဒေး တံတားကြီးအောက်ဘက် ယိုင်လဲနေသော ကျောက်တိုင် သို့ ဓါတ်တိုင် မှ ပေ(၁၀၀)အတွင်း သစ်ပင်တစ်ပင်မှာ ဆက်သွယ်ရေး ကြိုးပေါ်မှ တဆင့် လူသွားလည်းပေါ်သို့ လဲကျနေလျှက်ရှိကြောင်း ပြည်သူ များမှ သတင်းပေးပို့ထားပါတယ် ယခု (၆း၃၀)အချိန်အထိ မည်သူမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပြည်သူများမှ သတင်းပေးပို့ထားသည်။


အဆိုပါသတင်း နှင့် ပတ်သတ်ပြီး
ပြည်မြို့ န၀ဒေး တံတားအောက်ဖက်အနီးတွင် လမ်းပေါ်သို့တစ်ဝက်နီးပါးခန့်ရှိလဲကျနေလျှက်ရှိသော သစ်ပင်ကို ပြည်သူတွေအကြောင်းကြားမှု့ နှင့် 2.9.2013 ည(၆း၄၅)အချိန် သွားရောက်သတင်းယူရန် ၄င်းလဲကျလျှက်ရှိသောသစ်ပင်အနီး
သို့ရောက်ရှိနေချိန်တွင် သရဲချောက်မှာတောင်ကြောက်ရလောက်အောင် မည်သူမှ မရောက်ရှိကြသေးပေ ကျွန်တော် ဌာနဆိုင်ရာတွေကိုဖုန်းဆက်သော်လည်း မထူးခြားခဲ့ ထို့နောက်(၇း၁၅)အချိန်တွင် အမှတ်(၂)စခန်းသို့
စခန်းမှုးထံသို့ ဖုန်းဆက်အကြောင်းကြား ပြီး လမ်းမကြီးပေါ်တွင်လဲကျလျှက်ရှိသော သစ်ပင်အားလမ်းသွားလမ်းလာ ကားများ ဆိုင်ကယ်များ စက်ဘီးများမနည်းရှောင်နေရတော့ မိမိစီးလာတဲ့ဆိုင်ကယ်
မီးလေးနဲ့ လဲကျလျှက်ရှိသောသစ်ပင်အားမီးထိုး ပြထားပြီး မိမိတတ်နိုင်သလောက် လမ်းမပေါ်ရှိ အကိုင်းငယ်လေးများအား ချိုးဖဲ့ပြီး လမ်းသွားလမ်းလာပြည်သူများမှာ လည်းကျွန်တော်တစ်ယောက်ထဲအကိုင်းတွေရှင်းနေတာကို ကြည့်သွားယုံမှ
လွဲလို မည်သူမှ လာရောက်ကူညီရှင်းပေးခြင်းမရှိခဲ့ပါ အဆိုပါကိစ္စတွင် ငါနဲ့မဆိုင်ဟူ၍ တွေးမိနေကြပုံပေါ်ပါသည်။ ထို့နောက် (၇း၄၅)မိနစ်အချိန်ခန့် ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှုး နှင့် ဗဟိုမီးသတ်မှ မီးသတ်ရဲဘော်များ စုစုပေါင်း(၉)ယောက်
ခန့် လာရောက်ရှင်းလင်းကြပြီး ည(၈း၅)မိနစ်အချိန်ခန့်တွင် ရှင်းလင်းပြီးသွားကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါ လဲကျရာသစ်ပင်၏ အနီးအနားဝန်းကျင်မှာလည်း လမ်းဘက်သို့တစ်ဘက်စောင်းနေလျှက်ရှိသော စိတ်မချရသော သစ်ပင်
များလည်း ရှိနေသေးသည်ကိုတွေ့ရှိရပါသည်။ပြည်သတင်း.......

0 comments:

Post a Comment

Facebook Like Page