Wednesday, September 4, 2013

ကြီးကြီးရယ် မှ ကျယ်ကျယ် ပြည်သတင်းလူငယ် ရှင်လေးပါး(ပြည်)

Leave a Comment

ကြီးကြီးရယ် မှ ကျယ်ကျယ် ပြည်သတင်းလူငယ်
******************************
အမည်အရင်းက ကျော်ဝင်းခိုင်
ကျုပ်တို့ခေါ်တာ ရှမ်းတရုတ်
ဒီကောင် သိပ်ကို အလုပ်လုပ်နေတယ်
ကြီးကြီးရယ် မှ ကျယ်ကျယ် ပြည်သတင်းလူငယ်တဲ့
မတန်မရာ တွေးတယ်ထင်မိ
ကိုယ့်သမိုင်း နဲ့ လာမညှိနဲ့လို့ တွေးမိ တဒင်္ဂ
ကျုပ်နောင်တတွေရမိတယ်
အရှိကို အရှိတိုင်း ဖြူဖြူစင်စင်နဲ့
ဘွင်းဘွင်းဘဲ ဒဲ့ပြော
ကျုပ်အံ့သြရပါရဲ့
ဒီကောင်လေးမှာ ပေးဆပ်မှု့တွေက အနန္တ
စွန့်လွှတ် အနစ်နာခံမှု့တွေကလည်း ပွလို့ပါဘဲ
တကယ်တော့ သမိုင်းဆိုတာ အဓိက
ဖျောက်ဖျက်လို့မရဘူးဆိုတာ စိတ်မှာတွေး
တကယ့်ကို အာဇာနည်သွေးပါဘဲ
လူပါးဝတယ်ထင်မိ အမှန်တော့
လူရည်လည်တဲ့ အဆင့်ထိပါဘဲ
အမှန်တရားအတွက် လူထုအားလုံးမျက်နှာအတွက်
အဖက်ဖက်ကပေးဆပ် ဒီကောင်လေးကို ကျူပ်ကျေနပ်တယ်
သိချင်ရင်အကုန်လာမေး မခြွင်းမချန် ကျုပ်ဖြေပေးမယ်
ငကန်းသေရင် ငဆွေပေါ်တယ်တဲ့
မြန်မာလူမျိုးတွေရဲ့စကား
လက်တွေ့သဘောတရားနဲ့ဘဲ ကျုပ်ယုံတော့မယ်
ကျုပ်တို့အတွက် ဒီကောင်လေး မရှိမဖြစ်လိုနေသေးတာမို့
နှောင်းရဲဘော်တို့ကို ဖိတ်ခေါ်
မတရားမှု့မှန်သမျှ ကျုပ်တို့ဆော်ကြမယ်
ရဲရဲနီတဲ့သတင်းသမား ကျုပ်တို့အနားကိုဖိတ်ခေါ်တယ်
လာလေ..လာလေ..လာခဲ့ကွယ်

ရှင်လေးပါး(ပြည်)

ရှင်လေးပါး(ပြည်) မှ ပြည်သတင်းလူငယ် အတွက်ဂုဏ်ပြုကဗျာလေးပါ။ ပြည်သတင်း

0 comments:

Post a Comment

Facebook Like Page