Thursday, September 12, 2013

ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အထူးစစ်ဆေး

Leave a Comment

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်မြို့တွင် အထူးယာဉ်စည်းကမ်းထိန်းသိမ်းရေး အနေဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။ စစ်ဆေးရေးအနေဖြင့် ပြည်မြို့၊ ဗိုလ်ချုပ်မြင်းစီးရုပ်အနီး၊ ဗဟို မီးသတ်ရှေ့ အနီးအနား တစ်ဝိုက်တွင်ဖြစ်ပြီး အဓိကအားဖြင့် မော်တော်ဆိုင်ကယ် စီးနှင်းမောင်းနှင်မှုကို စစ်ဆေးခြင်းဖြစ်ပြီး ဆိုင်ကယ်လိုင်စင်၊ ဆိုင်ကယ်မောင်းလူလိုင်စင် အပါအဝင် အပြည့်အစုံစစ်ဆေးခြင်းမဟုတ်ပဲ ဆိုင်ကယ်စီးဦးထုပ် အသုံးပြုထားခြင်းရှိ၊ မရှိ မျှသာ စစ်ဆေးခြင်းဖြစ်ပါသည်။ စစ်ဆေးသည့် အချိန်မှာ နံနက် ၉ နာရီမှ နံနက် ၁၁ ခန့် အချိန်ထိဖြစ်ကြောင်း သိရှိရပါသည်။ ယခုစစ်ဆေးမှု၏ ထူးခြားချက်မှာ ယခင်က ကဲ့သို့ စစ်ဆေးသောနေရာတွင် ကျောင်းသားဆိုလျှင် ဒဏ်ငွေတစ်မျိုး၊ သာမာန်လူဆိုလျှင် ဒဏ်ငွေတစ်မျိုး ပေးဆောင်ရသည်မျိုးမဟုတ်ပဲ စနစ်တကျအနေဖြင့် ဒဏ်ငွေပေးဆောင်ရမည့် စာရွက်စာတမ်းများကိုယူဆောင်ကာ CB Bank (ပြည်ဘဏ်ခွဲ) တွင် ငွေကျပ် ၅၀၀၀ နှင့် တရားရုံးတွင် ငွေကျပ် ၁၅၀၀ ပေးဆောင်ရပြီး ရရှိလာသော ငွေသွင်းချလန်များဖြင့် မိမိ၏မော်တော်ဆိုင်ကယ်ကို ပြန်လည်ထုတ်ယူရကြောင်း သိရှိရပါသည်။ ထို့သို့ဒဏ်ငွေ ပေးဆောင်ရန်အတွက် CB Bank နှင့် တရားရုံးသို့သွားပြီး ဗဟိုမီးသတ်ရှေ့သို ပြန်လာကာ မိမိ၏မော်တော်ဆိုင်ကယ်ကို ပြန်လာထုတ်ယူရသဖြင့် ၄င်းအနီးအနားတဝိုက်ရှိ ဆိုင်ကယ် Carry လုပ်သူများ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် အပို့အကြို လုပ်ပေးကာ အလုပ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ပြည် (စက်တင်ဘာ ၁၂)
Pyay City

0 comments:

Post a Comment

Facebook Like Page