Friday, September 20, 2013
ပြည်မြို့နယ် မြန်မာမွတ်စလင်များမှ န၀င်းရေဘေးသင့်ပြည်သူများကိုအိမ်အရောက်လိုက်လံလှုဒါန်း
ပြည်မြို့နေ မြန်မာမွတ်စလင်များမှ န၀င်းရေဘေးသင့်ပြည်သူများကိုအိမ်အရောက်လိုက်လံလှုဒါန်း
**************************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ န၀င်းရပ်ကွက်ရေဘေးသင့်ပြည်သူများအားအိမ်အရောက်လိုက်လံ ပစ္စည်းများပေးအပ်လှုဒါန်းလျှက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။
အဆိုပါ မြန်မာမွတ်စလင်များ နှင့်ဘာသာရေးအထိကရုဏ်းများ ဆန့်ကျင်တာဆီးရေးကွန်ယက်အဖွဲ့(ပြည်)တို့မှ ကျောင်းကြီးအိုးတန်းရပ်ကွက် (ရွှေကြာပင်ပလီ)ဒီကနေ့မနက်(၁၀း၃၀)အချိန်မှ ကား(၁)စီး၊ဆိုင်ကယ်(၃)စီးဖြင့် န၀င်းရပ်ကွက်အတွင်းရှိ နေအိမ်ရေ၀င်နေသူများ နှင့် န၀င်းရပ်ကွက်
(၀ါဆိုဘုန်းတော်ကြီးကျောင်း)အတွင်းရှိယာယီကယ်ဆယ်ရေးစခန်း မှ ရေဘေးသင့်သူများအားလုံးကို (ဆန်(၃)ပြည်၊ခေါက်ဆွဲ(၂)ထုပ်၊ကော်ဖီမစ်(၂)ထုပ်၊ရေသန့်(၁)ဘူး)ပါ တစ်အိမ်ထောင်(၁)
ထုပ်နူန်းဖြင့် န၀င်းဘက်မှာဆိုရင်အခုစုစုပေါင်း(၃၅၀)အိတ်ကျော် န၀င်းရေဘေးသင့်များအားလုံးထံသို့သွားရောက်လှုဒါန်းခဲ့သည်။ န၀င်းရပ် ဘောဂ(၃)လမ်းနေအိမ်မှ မမြတ်ဆုဝေက ပြည်သတင်းသို့ ဤသို့ပြောသည်...အဲလိုတိုက်ရိုက်လာဝေမှပဲရပါတယ်
နို့မို့ဆိုရင်မရဘူး ရေတွေလည်းလိုအပ်နေပါတယ် အခုလိုလာရောက်လှုဒါန်းသူတွေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဟု ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။
လာရောက်လှုဒါန်းသူများထဲမှ ဦးမျိုးထွန်း မှဤသို့ပြောကြားသည်....ကျွန်တော်တို့တွေဒီန၀င်းကို ရေဘေး၊မီးဘေး၊လေဘေးတွေကို ဒီတစ်ကြိမ်နဲ့ဆိုရင်(၅)ကြိမ်ရှိသွားပါပြီ အများပြည်သူတွေခံစားနေရတဲ့
ဒုက္ခတွေကို ကိုယ်ချင်းစာပြီးလာရောက်လှုဒါန်းတာပါ အိမ်အရောက်လှုဒါန်းပါတယ် တစ်အိမ်မှမရတာမရှိခဲ့ပါဘူး လိုက်ပို့ပေးတဲ့ လှေသမားတွေပါအကုန်ပေးပါတယ် ရွှေတောင်ကို
လည်း ဒီကနေ့ကျွန်တော်တို့ (ရွှေကြာပင်ပလီ)မှာ ၀တ်ပြုပြီးရင်သွားရောက်လှုဒါန်းဖို့ရှိပါတယ်ရွှေတောင်ရေဘေးလည်းတော်တော်ဆိုးတယ်လိုကြားရပါတယ် အခုလိုလှုဒါန်းနေရတာကို ၀မ်းသာမိပါတယ် သူတို့တွေက အလှု
ရှင်တွေကို အရမ်းလိုအပ်နေတဲ့ကြပုံပါပဲ အိမ်အရောက်ဝေပြီးတော့ န၀င်းဝါဆိုဘုန်းကြီးကျောင်းမှ ရောက်နေကြတဲ့ ရေဘေးသင့်သူတွေဆီကိုလည်း သွားရောက်လှုဒါန်းခဲ့ပါပြီ..ဟုပြည်သတင်းသို့ပြောကြားသွားခဲ့သည်။
ပြည်မြို့ ဟာဂျီဦးမောင်မြင့် မှ ဤသို့ပြောကြား...ကျွန်တော်တို့တွေအားလုံးတက်ညီလက်ညီနဲ့ လိုအပ်နေတဲ့ နေရာမှာသွားရောက်လှုဒါန်းခဲ့တာပါ ပြည်မြို့က န၀င်းရယ် ခရမ်းကုန်းရယ် (၂)နေရာကိုလှုဒါန်းမှာပါ ခရမ်းကုန်းကတော့ ရွှေတောင်ပြီးမှ သွားလှုဖြစ်မယ် အခုတော့
ဝတ်ပြုရအုံးမှာဖြစ်လို့ ၀တ်ပြုပြီး နေ့လည်(၂)နာရီလောက်မှ ရွှေတောင်ကိုဆက်သွားမယ် အခုလောလောဆယ်တော့ န၀င်းဘက်ကိုပဲ လှုခဲ့ရသေးပါတယ် ပြည်ဘက်ဆိုရင်(၁၀)ဖိုးလှုဒါန်းမှာပါ ရွှေတောင်မြို့ ရေဘေးအတွက်
လည်း(၁၀)သိန်းဖိုး စုပေါင်းရင်တော့ သိန်း(၂၀)လောက်လှုဒါန်းမှာပါ ပိုက်ဆံတော့မဟုတ်ပါဘူး လိုအပ်နေတဲ့ပစ္စည်းတွေပဲလှုဒါန်းမှာပါ လှုဒါန်းတဲ့နေရာမှာ ဖြစ်နိုင်အိမ်အရောက်လိုက်လှုဒါန်းနေပါတယ် န၀င်းမှာတော့ အိမ်အရော်လှေများငှားပြီးသွား
ရောက်လှုဒါန်းခဲ့ပါတယ် ရင်တွင်းစကားပြောပါဆိုရင်တော့ အရမ်းကျေနပ်ပါတယ် အလှုကြီးတစ်ခုပါ ကျွန်တော်တို့ မြန်မာမွတ်စလင်တွေအားလုံး နှင့် ဘာသာရေးအထိကရုဏ်းများ ဆန့်ကျင်တာဆီးရေးကွန်ယက်အဖွဲ့(ပြည်)တွေတက်ညီလက်ညီဝိုင်းဝန်းကူညီလှုဒါန်းခဲ့တာပါ
ရေဘေးသင့်ဒုက္ခသည်များအတွက် စိတ်မကောင်းပါဘူး
လှုဒါန်းရတဲ့အတွက်ဝမ်းသာပါတယ် ကျေနပ်ပါတယ် အားလုံးကလည်း ကျွန်တော်တို့အဖွဲ့ကို ကျေးဇူးတင်ပါတယ် ဆုတွေလည်းပေးခဲ့ကြတော့ ၀မ်းသာလို့မဆုံးပါဘူး..ဟုပြည်သတင်းသို့ပြောကြားသွားခဲ့သည်။ အဆိုပါ မြန်မာမွတ်စလင်များ သည်
ကျောင်းကြီးအိုးတန်းရပ် ရွှေကြာပင်ပလီ မှ ဒီကနေ့မနက်ပိုင်း(၁၀း၃၀)အချိန်မှ စတင်၍ န၀င်းရပ်ကွက်အတွင်းသို့ထွက်ခွာလှုဒါန်းမှု့များပြုလုပ်ပြီး ဒီကနေ့ နေ့လည်(၁၂း၂၀)မိနစ်အချိန်တွင် ကျောင်းကြီးအိုးတန်းရပ် ရွှေကြာပင်ပလီတွင်ပြန်လည်ရောက်ရှိခဲ့
ကြောင်းသတင်းရရှိခဲ့ပါသည်။...ပြည်သတင်း.....
0 comments:
Post a Comment