ပြည်မြို့မှာ ဗျောက်အိုးများအတော်ဆိုးနေ..(13.9.2013)
*************************************
သီတင်းကျွတ်မရောက်သေးဘူး တော်သလင်းလထဲမှာကို နားကွဲလုမတတ်ဗျောက်အိုးသံတွေအတော်ကို ဆူညံစွာတစ်မြို့လုံးကြားနေရပါတယ်။ ဗျောက်အိုးဖောက်လို့ဘာရမှာလဲ...
၁။ နှလုံးရောဂါရှိသူတွေသေစေနိုင်တယ်..
၂။ ဗျောက်အိုးဖောက်သူတွေအခိုက်မသင့်လျှင် အနာတရတွေဖြစ်တတ်တယ်..
၃။ ဗျောက်အိုးမှထွက်လာတဲ့ယမ်းနံ့တွေကြောင့် ကလေးသူငယ်တွေအသက်တွေဆိုးရိမ်ရတယ်..
၎။ ပြည်သူတွေအထိတ်တလန့်ဖြစ်စေတယ်..
၅။ ဗျောက်အိုးသာရောင်းပြီး ပြဿနာတစ်စုံတရာဖြစ်လာပါကလည်း ရောင်းသူမှာတာဝန်လုံးဝယူနိုင်မှု့မရှိဘူး....
၆။ ရောင်းသူများ အတော်ဂွင်တည့်နေကြတယ်...
၇။ ရက်ကွက်ကလေးတွေထဲမှာတောင်မဟုတ်တော့ပဲ လမ်းမကြီးတွေဘေး မှာတောင် ခမ်းနားတဲ့ဆိုင်ကြီးတွေနဲ့ ရောင်းနေကြတယ်..
ဒါဆိုရင် တာဝန်ရှိတဲ့သူတွေက မမြင်တာလား မသိတာလား.နေရာတစ်နေရာကိုတော့ ပြောပြမယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီး ဗဟိုမီးသတ်ရုံအရှေ့အနား မှာတစ်ဆိုင်ပါ...ဗျောက်အိုးတွေဒီနှစ်မှာအတော်လေးပေါများလာတယ်
အရင်ကထက်ပိုပြီးပြင်းထန်တဲ့ ဗျောက်အိုးကြီးတွေ အရင်ကမြေတုန်ဗျောက်အိုးတွေ
ပေါ်လာတယ်..ဒီနှစ်တော့ ရပ်ကွက်တုန် ဗျောက်အိုးကြီးတွေပါထက်ပေါ်လာတယ်...မပူနဲ့နောက်နှစ်တွေကျရင် မြို့တစ်မြို့လုံးတုန်ခါသွားစေမဲ့ဗျောက်အိုးကြီးတွေပါပေါ်လာနိုင်တယ် ဒါဆိုရင် ဗျောက်အိုး
ကြောင့် ဗျောက်အိုးဖောက်တဲ့သူရော ရောင်းတဲ့သူရောဘာအကျိုးတွေရမှာလည်း ရောင်းသူတွေကတော့ လမ်းမကြီးတွေဘေးတွေမှာ ဆိုင်အကြီးကြီးကိုဖွင့်ပြီးတော့ ပစ္စည်းမျိုးစုံကိုတင်နေတော့ ၀ယ်သူတွေကစိတ်
မထိမ်းနိုင်တော့ဘူးလေ တစ်ခုတော့ ဒီနေရာလေးကအသိပေးချင်ပါတယ် မိမိသားသမီးတွေကို ပျော်စေချင်ရင် ဗျောက်အိုးတွေပေးမသုံးပါနဲ့ မိမိသားသမီးတွေ ဗျောက်အိုးကြောင့်အနာတရဖြစ်တာတွေ ကျွန်တော်တို့ပြည်မြို့မှာအများကြီးပါ
ဒီသတင်းတွေကို အွန်လိုင်းကတစ်မျိုး ဖုန်းနဲ့ကတစ်ဖုံ သတင်းတွေပေးတော့ စုံစမ်းကြည့်လိုက်မိတယ် ပြည်သူ့အသံတွေအများကြီးပါပဲ ဒါပေမဲ့ ဗျောက်အိုးကောင်းကြောင်းတော့မပါဘူး ကောင်းတာမှမရှိတာ ရှိလာမှာလည်းမဟုတ်ဘူး
အဲဒိလို ပြည်သူအတွက်အကျိုးမရှိတဲ့ ဗျောက်အိုးတွေကို တရားဝင်ရောင်းခွင့်များပြုနေပါသလား မပြုဘူးဆိုရင်လည်း မြို့ထဲကို နေ့ခင်းဖြစ်ဖြစ် ညပဲဖြစ်ဖြစ် လေ့လာကြည့်ပါအုံးလို့ဒီနေရာလေးကပြောပြတာပါ ဘာကြောင့်လည်းဆိုတော့
ဗျောက်အိုးသည်တွေအရမ်းရောင်းရလေ ၀ယ်မိသူတိုင်အရမ်းဒုက္ခရောက်တော့မှာမြင်နေမိလို့ပါ တွေ့လည်းတွေ့ခဲ့ပြီးပါပြီ ဗျောက်အိုးကြောင့် လက်ညိုးကလေးတစ်ဆစ်ပြတ်သွားတဲ့ကလေးတွေ၊မျက်လုံးကမ်းသွားတာတွေ၊ဗျောက်အိုးစတွေ
မှန်လို့ အရေကြည်ဖုထခဲ့သူတွေ၊အားလုံးနဲ့တွေ့ပြီးသွားပါပြီ ဒါ့ကြောင့် တရားဝင်သလိုခွင့်ပြုထားတဲ့ ဗျောက်အိုးသည်တွေ ဗျောက်အိုးဖောက်သူတွေကို မိမိသားသမီး၊ညီအကိုမောင်နှမ၊များကဲ့သို့ လေးစားချစ်ခင်ပါတယ်ဆိုရင် ဒီကိစ္စကိုတော့
အမြန်ဆုံးထိထိမိမိ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုပါတယ် သူများစီးပွားရေတစ်ခုကိုပျက်စေတဲ့ရည်ရွယ်ချက်မပါခဲ့ပါဘူး..သို့သော်လည်း အများပြည်သူ့အတွက် အရေးကြီးလိုအပ်နေတာတွေထဲက တစ်ခုကို လေးစားစွာတင်ပြပေးပါရစေ
.....ပြည်သတင်း...............

0 comments:
Post a Comment