Saturday, August 24, 2013

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သမ္မတ နိုင်ငံ သံအမတ်ကြီး H. E. Mr. Seba-stianus Sumarsono သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဝန်ကြီးရုံး သို့ လာရောက် တွေ့ဆုံ

Leave a Comment





နေပြည်တော် သြဂုတ် ၂၃

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သမ္မတ နိုင်ငံ သံအမတ်ကြီး H. E. Mr. Seba-stianus Sumarsono သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဝန်ကြီးရုံး သို့ လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံ PT PLN(Persero) ကုမ္ပဏီက ဆောင်ရွက်ပေးမည့် မြန်မာနိုင်ငံတွင် ဓာတ်အား ပေးပို့မှု အရည်အသွေး တိုးတက်စေရေး နှင့် ဓာတ်အား ပျောက်ဆုံး မှု လျော့နည်း စေရေး၊ ရှေ့ပြေး စီမံချက်အတွက် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့မှု၊ သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက် သက်ရောက်မှု နည်းသည့် Clean Coal Technology ကျောက်မီးသွေးသုံး ဓာတ်အားပေး လုပ်ငန်း အတွေ့အကြုံနှင့် နည်းပညာရပ် ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံ၌ လေ့လာရန် မြန်မာနိုင်ငံမှ အဖွဲ့တစ်ဖွဲ့ စေလွှတ်စေလိုမှု၊ မြန်မာနိုင် ငံတွင် ကျောက်မီးသွေး အသုံးပြု၍ ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် အဆိုပြု ထားကြသည့် ကုမ္ပဏီများ ရှိသော်လည်း လေ့လာမှု လုပ်ငန်းများ နှေးကွေးနေ သည့်အတွက် ၂ဝ၁၆ ခုနှစ်နောက်ပိုင်းမှ သာ ဓာတ်အား ရရှိနိုင်မှု ၂ဝ၁၄-၂ဝ၁၅ ခုနှစ်များတွင် တိုးတက် လိုအပ်လာသည့် ဓာတ်အားကို ဖြည့်ဆည်း ပေးလိုသည့် အတွက် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံတစ်ခုခန့် အမြန်ပြီးစီးစေလို သည့် ဆန္ဒရှိမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး အား ဂျပန်နိုင်ငံ စီးပွားရေး ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီး ဌာနဝန်ကြီး H. E. Mr. Toshimitsu MO-TEGI ဦးဆောင်သော ဂျပန်ကိုယ်စား လှယ်အဖွဲ့ လာရောက် တွေ့ဆုံပြီး ယခုနှစ် မေလမှ စတင်၍ မြန်မာနိုင်ငံသို့ ဂျပန် နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ODA ချေးငွေများ ပြန်လည်ပေးအပ်ခဲ့ရာ ရန်ကုန်မြို့ရှိ ဓာတ်အားပေး စက်ရုံများနှင့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်မွမ်းမံ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ လျှပ်စစ် စွမ်းအားစီမံချက် Master Plan ရေးဆွဲခြင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA) မှ တစ်ဆင့် ဆောင်ရွက် ပေးနေမှု တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

0 comments:

Post a Comment

Facebook Like Page