Facebook post များကို embed ပြုလုပ်နိုင်မည်
==========================
Facebook သုံးစွဲသူများက ၎င်းတို့ရဲ့ blog များနဲ့ website များပေါ်မှာ post တွေကို embed ပြုလုပ်နိုင်ရန် အတွက် feature သစ်ကို Facebook က မိတ်ဆက်ပေးခဲ့ပါတယ်။
ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ hashtag တွေနဲ့ အခြား content တွေ ပါဝင်တဲ့ post တွေကို embed ပြုလုပ်နိုင်မှာ ဖြစ်ပြီး၊ embed လုပ်ထားတဲ့ post တွေကို Like နဲ့ share တိုက်ရိုက် ပြုလုပ်နိုင်တယ်လို့ Facebook မှ Dave Capra က ပြောကြားခဲ့ပါတယ်။
ဒီ feature ကို CNN, Bleacher Report, Huffington Post, Mashable, People စတဲ့ site ငါးခုမှာ စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သုံးစွဲသူအားလုံးထံ ဖြန့်ချိပေးမယ်လို့ သိရပါတယ်။
Ref: CNN
Internet Journal
https://www.facebook.com/pyaynews

0 comments:
Post a Comment