လော့စ်အိန်ဂျလိစ် သြဂုတ် ၁၈
လူသားတစ်ဦး၏ ဦးနှောက်ကဲ့သို့ လုပ်ဆောင်
နိုင်စွမ်းရှိသော ကွန်ပျူတာ Chip ပြားကို သိပ္ပံ ပညာရှင်များက တီထွင်
ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။
ယနေ့ အသုံးပြုနေသော Chip ပြားများသည်
ရှုပ်ထွေး ၍နာနို အရွယ်အစား ထရန်စစ္စတာ ဘီလီယံပေါင်းများစွာ ပါဝင်ပြီး
အဆင့်မြင့် ကွန်ပျူတာ များနှင့် ပိုက်ဆံအိတ် အရွယ်အစား စမတ်ဖုန်းများ၏
စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန် စေကြောင်း သုတေ သီများက ပြောကြားသည်။
အဆိုပါ Chip ပြားများသည်
မျက်စိတစ်မှိတ်အတွင်း လုပ်ငန်း တာဝန်ထောင် ပေါင်းများစွာကို
လုပ်ဆောင်နိုင်စွမ်းရှိ သော်ငြားလည်း လူသား၏ ဦးနှောက်
လုပ်ဆောင်နိုင်စွမ်းကို အံတုနိုင်စွမ်းမရှိသောကြောင့် ဘွိုက်စ်ပြည်နယ်
တက္ကသိုလ် မှ သုတေသီများက ယင်းအချက်ကို ပြုပြင် ပြောင်းလဲနိုင်ရန်
တီထွင်ကြံဆလျက် ရှိသည်။
ထို့ကြောင့် ယခုအခါ လျှပ်စစ်နှင့်
ကွန်ပျူတာ အင်ဂျင်နီယာ အယ်လီဆာ ဘာနေးစမစ်၊ ခရစ်(စ်)ကမ်ဘဲလ်၊ ဗစ် ဟဲလ်
ဆာဇီနာတို့သည် သာမန် ဒစ်ဂျစ်တယ် ကွန်ပျူတာများထက် လူသားတစ်ဦး၏
ဦးနှောက်ကဲ့သို့ လုပ်နိုင်စွမ်း ရှိသော ကွန်ပျူတာ Chip ပြား
အသစ်တစ်မျိုးကို တီထွင်ထုတ်လုပ်လျက် ရှိသည်။
အဆိုပါ Chip ပြားသည် ပတ်ဝန်းကျင်နှင့်
လိုက်လျောညီထွေ တုံ့ပြန်နိုင်မှု၊ သင်ယူမှုတို့ကို လုပ်နိုင်စွမ်း ရှိသော
စနစ်များ ပါဝင်ပြီး မြန်ဆန်သော စွမ်းအားများကို လုပ်ဆောင်နိုင်စွမ်း
ရှိကြောင်း သုတေသီ တစ်ဦးဖြစ်သူ ဘာနေး စမစ်က ပြော ကြားသည်။
0 comments:
Post a Comment