Friday, August 9, 2013

ပျောက်ကွယ်စပြုနေသော မြန်မာစကားလုံးများ(သို့)မြန်မာစကား

Leave a Comment

ပြည်သတင်းသည် မြန်မာစာ မြန်မာစကားကို အလွန်ပင်စိတ်ပါဝင်စားသူတစ်ယောက်ဖြစ်ပါသည် သို့သော် ထိုစာများကို မိမိအားလပ်တဲ့အချိန်တိုင်း လေ့လာ စုဆောင်းမှု့များပြုလုပ်လေ့ရှိရာတွေထဲမှာ
တချိန်တုန်းက မြန်မာတွေ သုံးနူန်းခဲ့သော (သို့)ပြောက်ကွယ်စ ပြုနေသော မြန်မာစကားလုံးများကို ယခုလိုပြန်လည်ဖော်ပြပေးလိုက်ပါ့မယ် မိမိရထားတဲ့စာအုပ် စာပေတွေထဲက ကြိုးစားပြီး တင်ပြပေး
ထားခြင်းဖြစ်သောကြောင့် ရသလောက်လေးပဲတင်ပြပေးနိုင်ပါတယ်လို့ ပြောကြားလိုပါတယ်...ပြည်သတင်း...

ပျောက်ကွယ်စပြုနေသော မြန်မာစကားလုံးများ(သို့)မြန်မာစကား
*****************************************

ဘာသာစကားလေ့လာသောပညာ ရှင်များသည် ကမ္ဘာပေါ်ရှိ ဘာသာစကားများကို မျိုးရိုးတူရာစုစည်း၍ ဘာသာစကား မျိုးရိုးများခွဲခြားသတ်မှတ်ထားကြပါသည်။ တိဗက်ကုန်းပြင်မြင့်နှင့် တရုတ်နိုင်ငံအကြားရှိ
ဘာသာစကားများ၏ မျိုးရိုးကို တိဗက်တရုတ်မျိုးရိုး ဟုခေါ်ခဲ့ကြပါတယ်။ တိဗက်တရုတ်မျိုးရိုးမှ ဆင်းသက်လာသော တိဗက်မြန်မာမျိုးနွယ် ။ ထိုမှဆင်းသက်လာသော လိုလိုမြန်မာမျိုးခွဲ မှ မြန်မာဘာသာစကားဆင်း
သက်လာကြောင်း ပညာရှင်များစွာမှ မိန့်ဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စု တိုင်းရင်းသားဘာသာစကားအများစုသည် မျိုးနွယ်တူ ဘာသာစကားများဖြစ်ပါသည်။ မြန်မာဘာသာစကား၏ အထင်ရှားဆုံး
လက္ခာဏာတစ်ရပ်မှာ (တက်ကျသံ) ခေါ် အသံအတက် အကျ ရှိခြင်းဖြစ်သည်။ စကားလုံးများ ၏တက်ကျသံပြောင်းလျှင် စားကားလုံးအဓိပ္ပာယ်ပါပြောင်၏။ ဥပမာ (ပြသည်။ပြာသည်။ပြားသည်)ပေါ့ နောက်ဥပမာအရဆိုလျှင်တော့
(ကန်သည်။ကန့်သည်။ကန်းသည်)ပေါ့ အဲသလိုမျိုးလေးတွေကိုလည်း ရှာတွေ့ခဲ့ပါတယ် ။ အသံ အတက် အကျ သံပြောင်းတာနဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ပါအကုန်ပြောင်းသွားတာပါပဲ။ ထိုကဲ့သို့သော ဘာသာစကားသံများကိုတော့
(တက်ကျ သံဘာသာစကားများ)ဟုခေါ်ပါတယ်။ မြန်မာဘာသာစကားတွင် စကားလုံးအများစုမှာ အသံတစ်သံစီသာထွက်သော စကားလုံးများဖြစ်ည်။ ဥပမာ..လူ။ခွေး။သွား။လာ။နီ။ဖြူ။ရယ်။ငို။မုန်း။ချစ်။ စသည့်စကားလုံများကြည့်နိုင်သည်။
ထို့ကြောင့် အသံတစ်သံကို ၀ဏ္ဏတစ်ခုဟုသတ်မှတ်နိုင်ပါသည်။ ၀ဏ္ဏတစ်ခု မှာ အသံတစ်သံစီသာရှိသော စကားလုံးများ အရေအတွက်များသည့်အတွက် မြန်မာဘာသာစကားကို ဧက၀ဏ္ဏဘာသာစကားဟုခေါ်သည်။ ထို
မြန်မာစကားတွင် စကာလုံးများကို ကော်နှင့်ကပ်ထားသကဲ့သို့ တစ်လုံးနှင့်တစ်လုံးပူးတွဲအသုံးပြုနိုင်သည်။ လိုသလိုပူးတွဲအသုံးပြုနိုင်ကြောင်း တွေနိုင်သည်။ ထိုဘာသာစကားမျိုးကို ပူးတွဲဘာသာစကားဟုခေါ်သည်။
ထိုမြန်မာအက္ခရာသည် အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းအက္ခရာဖြစ်သော ဗြာဟ္မီအက္ခရာမှ ဆင်းသက်သည်။ ဗြာဟ္မီအက္ခရာသည် ခရစ်မပေါ်မီက ပေါ်ထွန်းခဲ့သော အက္ခရာဖြစ်သည်။ မြန်မာတို့နှင့် ထိတွေ့ရသော အခြားဘာသာစကားများမှ
စကားလုံးများသည် မြန်မာဘာသာစကားထဲသို့ဝင်ရောက်ကာအသုံးတွင်ကျယ်ပြီး အသားကျအနည်ထိုင်သွားသည်။ ထိုစကားလုံးများကိုမွေးစားစကားလုံးများဟုခေါ်သည်။ ပါဋိ၊ သက္ကတ၊ မွန်ဘာသာ တိုမှစကားလုံးများသည်
ပုဂံခေတ်ကတည်းကပင် မြန်မာဘာသာထဲသို့ မွေးစားစကားလုံးများအဖြင့် ၀င်ရောက်လာကြသည်။ သာဓကအားဖြင့် သုခ၊ ဒုက္ခ၊ သံသရာ၊ နိဗ္ဗာန် တို့သည် ပါဋိဘာသာမှဝင်လာသော မွေးစားစကားလုံးများဖြစ်သည်။
“ဆရာ၊ အမတ်၊ ကြမ္မာ၊ စင်္ကြ တို့သည် သက္ကတဘာသာဝင်လာသော မွေးစားစကားလုံးများဖြစ်သည်။ ကတော်၊ ဇရပ်၊ မောင်းမ၊ စလောင်း၊ တို့သည် မွန်ဘာသာမှဝင်လာသောမွေးစားစကားလုံးများဖြစ်သည်။ ကာတွန်း၊ အယ်ဒီတာ
မိုင်၊ ဧက၊ ဗုံး၊ တယ်လီဖုန်း၊ တို့သည် အင်္ဂလိပ်စာ ဘာသာမှဝင်လာသော မွေးစားစကားလုံးများဖြစ်သည်။ ထို့အတူ ကော်ပြန့် (တရုတ်) ၊ ဆနွင်းမကင်း (ထိုင်း) ၊ ဒူးရင်း (ပသျူး) ၊ စသည်ဖြင့် မြန်မာဘာသာစကားတွင် မွေးစား
စကားလုံးများစွာဝင်ရောက်နေကြောင်း ပညာရှင်တို့က ဖော်ထုတ်ပြကြသည်။
မြန်မာဘာသာစကားတွင် ကင်္ကာ (မျက်မှောက်) ၊ တရထည် (တူသော) ၊ မျောက်မျဉ်း (ခဏအိပ်ပျော်သည်) ၊ စသည်ဖြင့် ယခုခေတ်တွင် မသုံးတော့သော ပေါရာဏ ခေါ်စကားဟောင်းများလည်းရှိသည်။ ထိုအတူ ၀က်ထော
သည် (ပိုက်ဆံပေါသည်) ၊ ဂေါ်ငနဲ (ပိုးပန်းတက်သူ) ၊ မကြည်ဘူး (မလိုလား) ၊ ငတို (သူခိုး) ၊ စသည်ဖြင့်ခေတ်ကာလအလျောက် လူ့အဖွဲ့အစည်းအစုအဝေးအလိုက် တီထွင်ပြောဆိုသော ဗန်းစကားများလည်းရှိသည်။
ပြောဆိုရေးသားသုံးနှုန်းရာတွင် ကြိုးကိုင်သည် (မိမိစိတ်တိုင်းကျချယ်လှယ်သည်) ၊ မျက်နှာကြီးသည် (ဂုဏ်အရှိန်အ၀ါကြီးသည်) ၊ ကျားနာ (နာကြည်းစွာခံထားရ၍ တုံ့ပြန်ရန်မူလိုသူ) ၊ တက်ညီလက်ညီ (အားထုတ်ကြိုးပမ်းမှု
ညီမျှစွာ) စသည်ဖြင့် တင်စားသုံးသောစကားများ၊ “အငိုလွယ်အရှိုက်ခတ်” ၊ “မြွေမသေ တုတ်မကျိုး” စသည်ဖြင့် ပုံခိုင်းသုံးနှုန်းသောစကားပုံများ၊ “ပညာရဲရင့်ပွဲလယ်တင့်” ၊ “သားသမီးမကောင်းမိဘခေါင်း” စသည်ဖြင့် တိုက်ရိုက်
သုံးနှုန်းသည့်ဆိုရိုးများဟူ၍ အသုံးအနှုန်းအမျိုးမျိုးရှိသည်။ ဘာသာစကားတစ်ကို အပြောဘာသာစကား (စကားသံ) နှင့် အရေးဘာသာစကား (အရေအသား) ဟူ၍ ခွဲခြားနိုင်သည်။ မြန်မာဘာသာစကားလုံးတွင် အပြောဘာသာစကား
(မြန်မာစကား) ၊ နှင့် အရေးဘာသာစကား (မြန်မာစာ) တို့ အကျုံးဝင်လျက်ရှိသည်။
ဤသို့ဖြင့် မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများကို လေ့လာသိရှိရပါသည်။မြန်မာရေးရာ စာအုပ်မှကောက်နုတ်ဖော်ပြသည်။ “(ပြည်သတင်း)”
Like · ·


0 comments:

Post a Comment

Facebook Like Page