ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မြိ့နယ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပညာရေးဌာန၊ မြို့နယ် ပြန်
ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍
ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်
မြင့်မား လာစေရေး၊ စာပေ လေ့လာလိုက်စားခြင်းဖြင့် စာပေမှ အသိဥာဏ်ပညာ ဗဟုသုတ
တိုးပွား လာစေပြီး စာပေ၏ တန်ဖိုးကို သိရှိလာစေရေးနှင့် စကားပြောဆို ရဲဝံ့မှု
တိုးတက် မြင့်မား လာစေရေး တို့ကို ရည်ရွယ်လျက် ယမန်နေ့ မွန်းလွဲ ၂ နာရီက
ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ၌ ကျောင်းသား၊
ကျောင်းသူများ မိမိတို့ အလိုရှိရာ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန် အတွက်
စာအုပ်၊ စာစောင်မျိုးစုံဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း၊
ဖတ်ရှုထားသော စာအုပ်၏ အနှစ်သာရတို့ကို တစ်ဦးချင်း ပြောပြစေခြင်းဖြင့်
ယှဉ်ပြိုင်စေ ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်
ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ် ပညာရေးမှူး
ဦးထွန်းမောင်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြရီနှင့် မြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး
ဒေါ်ခင်ယုယုနွယ်တို့က ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ
အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊
ကျောင်းသူများ၏ စာပေဖတ်ရှု လေ့လာနေမှုတို့ကို ကြည့်ရှုအား ပေးခဲ့ကြောင်း
သိရသည်။
0 comments:
Post a Comment