ဆရာဝန်လုပ်မှာလား ၊ ဈေးရောင်းမှာလား
ဆရာဝန်လုပ်မှာလား ၊ ဈေးရောင်းမှာလား
**************************
သရ၀ဏ်(ပြည်)
တလောကကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက် ပြန်တွေ.သည် ။
ကိုးတန်းတုန်းကသူနှင်. အ.ထ.က(၁) ပြည်မြို.မှာ စာသင်ခန်းတစ်ခန်းထဲ၌
ကျောင်းအတူနေဖူး ၊ ပညာဆည်းပူးဖူးသည် ။ သူက ဟိန္ဒူဘာသာဝင်
။ကျွန်တော်တက္ကသိုလ်တက်နေစဉ်သူသည် ဆေးကျောင်းသူတစ်ယောက်နှင်.အိမ်ထောင်ကျသွားသလိုလို သတင်းကြားသည် ။ နောက်တော.သူနှင်.ကျွန်တော် အဆက်ပြတ်သွားသည် မှာ နှစ် (၂၀)ခန်.ကြာသည် ။ ပြီးခဲ.သော လကတော.သူနှင်. မမျှော်လင်.ပဲ ပြန်တွေ.သည် ။ သူသည် တိုက်နှင်. ကားနှင်. ချမ်းသာသောလူတစ်ယောက်ဖြစ်နေပါပြီ
။ သားတစ်ယောက် သမီးတစ်ယောက်ရ၍ စော်ဘွားကြီးကုန်းတွင်
ရေပိုက်နှင်.ပိုက်ဆက်ပစ္စည်း အရောင်းဆိုင်ဖွင်.ထားကာ
စီးပွားရေးအတော်အဆင်ပြေနေလေသည် ။ သူ.အမျိုးသမီးဘာလုပ်နေသလဲဟုကျွန်တော်ကမေးရာ
“ ဆေးကျောင်းပြီးလို.ဆရာဝန်ဘွဲ.တော.ရတယ်
၊ ဒါပေမယ်. ဆရာဝန်အလုပ်ကဘာလုပ်မှာလဲကွာ ။ ငါသူ.ကို ငါ.ဆိုင်မှာပဲ
ရေပိုက်တွေရောင်းခိုင်းထားတယ် ။ အခုဆိုရင်သူကအရောင်းအ၀ယ်မှာ
ငါ.ထက်တောင်တော်နေသေးတယ် ။ သူ.ခြေ သူ.လက် အားလုံး
သူ.ကိုလွှဲထားလို.ရတာကြောင်. ငါလဲဆိုင်ကိုသူနဲ.ပဲ လွှဲထားပြီး တစ်နေ.တစ်နေ.
ကလေးကို ကျောင်းကြို ကျောင်းပို.လုပ်လိုက် ၊ လျှောက်လည်လိုက်နဲ.
ဟန်ကျနေတယ်ကွ “
“ ဒါဆို မင်းမိန်းမ ဆေးမကုတော.ဘူးပေါ. “
“ မင်းကလဲ ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးနဲ.လား လာမေးနေတယ်။ ဘာဖြစ်လို.ဆေးကုတော.မလဲကွ ၊ ငါ.ဆိုင်က ဒီလောက်ဝင်ငွေကောင်းနေမှပဲ “
သူ.စကားဆုံးသည်နှင်. ကျွန်တော်.မျက်စေ.ထဲဝယ် ရုပ်ရှင်ဆန်ဆန်
မြင်ယောင်လာသည်မှာ ဖုန်များတက်နေသော နားကြပ်တစ်စုံ ၊
ဆေးကျောင်းတက်ခွင်.ရအောင်ငယ်စဉ်
သူငယ်တန်းမှစကာ နောက်ဆုံးနှစ် အပိုင်း ( ခ) အထိ ကျက်မှတ်ထားခဲ.သော
စာအုပ်များ ၊ အသစ်ကျပ်ကြွတ် ငွေစက္ကူများ၊ ရေပိုက် ၊ပိုက်ဆက်ပစ္စည်း ၊
ဘုံပိုင်ခေါင်း ၊ ဆော.ကက် ၊ ချက်ဘားများ ကို ကိုင်တွယ်ရောင်းချနေသော
လက်များ ၊ ဂဏန်းပေါင်းစက် တစ်ခု ၊ ဆရာဝန်မရှိသဖြင်. မျှော်နေကြသော တောမြို.
၊ နယ်စွန်နယ်ဖျား ဆေးရုံဆေးခန်းမှ လူနာများ ၊ နောက်ဆုံးပေါ် ALPHARD
ကားဖြူကြီး
လောကကြီးဝယ် မည်သည်.အလုပ် မည်သည်.အသက်မွေးဝမ်းကျောင်းမှု သည် အခြား မည်သည်.အလုပ် မည်သည်.အသက်မွေးဝမ်းကျောင်းမှုထက်
သာလွန်မြင်.မြတ်သည်ဟု ကျွန်တော်မဆုံးဖြတ် ၀ံ.ပါ ။ ဆရာဝန်တစ်ယောက်သည်
လူ.အသိုင်းအ၀ိုင်းအတွက် အရေးကြီးသလို ၊ ပိုက်ဆက်သမားတစ်ယောက် ၊
ဖိနပ်ချုပ်သမားတစ်ယောက်သည်လည်း လောကကြီးအတွက် အသုံးဝင်ပါသည် ။မည်သူသည်
မည်သူ.ထက်သာသည် ဟုပြောရခက်ပါသည် ။ အလုပ်တစ်ခုကို နှိမ်.ချပြောဆိုရန်
ကျွန်တော်.တွင် ရည်ရွယ်ချက်မရှိပါ ။
နောက်ထပ်တွေးစရာတစ်ခုထပ်ရသည် မှာ Real Lives .., Real Stories မဂ္ဂဇင်းတွင်
ဆရာဝန်တစ်ယောက်အကြောင်းဖတ်ရ၍ ဖြစ်သည် ။ ထိုဆရာဝန်သည်လည်းအမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပါသည်
။ သူသည် ဆေးကျောင်းတက်၍ ဘွဲ.ရပြီးသောအခါ အိမ်ထောင်ကျ၍ ယောက္ခမများ၏ စီမံမှု
အရ ဆရာဝန်အလုပ်ကိုမလုပ်ရတော.ပဲ ရန်ကုန်မြို. မဟာ
ဗန္စုလလမ်းတွင်ရွှေဆိုင်ထွက်၍ ရွှေဆိုင်ပိုင်ရှင် ဘ၀ကိုခံယူခဲ.သူဖြစ်သည် ။
ထိုစာ အုပ်ထဲ၍ ခရေစေ.တွင်းကျပင် ရွှေလောကသို.အစိမ်းသက်သက်ဝင်ရောက်ခဲ.ပုံ ၊ ယောက္ခမ ၏သင်ကြားပေးမှုဖြင်. တဖြည်းဖြည်းနားလည်လာပုံ ၊ ခေတ်ပညာတတ်တစ်ယောက်ဖြစ်သဖြင်. ခေတ်မီစီမံခန်.ခွဲမှုပညာများဖြင်.
ပေါင်းစပ်လိုက်သောအခါ သူ.ရွှေဆိုင်သည် တဟုန်ထိုးအောင်မြင်လာပုံ ၊
သူသင်ယူလာခဲ.သော ဆေးပညာကိုနှမြောသော်လည်း ဆရာဝန်အဖြစ်ဆေးကုသရန်
ရည်ရွယ်ချက်မရှိတော.ပုံ များကို အင်တာဗျူးဆောင်းပါး၌
ထည်.သွင်းပြောပြထားပါသည် ။
ဆရာဝန်ဖြစ်မှ ဈေးသည် အဖြစ်သို. ပြောင်းလဲ ရောက်ရှိသွားသူနှစ်ယောက်အကြောင်း
ကို ဥပမာအဖြစ် တင်ပြရသော်လည်း အကယ်စင်စစ် အပြင်လောကကြီး၌ ဆရာဝန်ဘွဲ.ရကာမှ
အဆိုတော်လုပ်နေ သူများ ၊ ရုပ်ရှင်မင်းသား မင်းသမီးလုပ်နေသူများ ၊ စာရေးဆရာ
လုပ်နေသူများ ၊ ခြံစိုက်စားနေသူများ ၊ ဆေးဆိုင်ဖွင်.ရောင်းနေသူများ ၊
ဆောက်လုပ်ရေးကန်ထရိုက် လုပ်နေသူများ ၊ ပွဲစားလုပ်နေသူများစွာလဲရှိသေးသည်
။ ဤကမ္ဘာပေါ်ဝယ် မည်သူတစ်ဦးတစ်ယောက်မှ ကိုယ်ရထားသောဘွဲ.နှင်.
အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်စားပါမည်ဟု သစ္စာဓိဌာန်
ပြုထားခြင်းမရှိလေရာ မည်သူမဆို ဘာဘွဲ.ကိုရရ ကိုယ်ကြိုက်တာကိုယ်လုပ်နိုင်
သည်မှာ ထိုသူများ၏ အခွင်.အရေးဖြစ်သည် ။
သို.သော်
ပြောစရာရှိသည်မှာ မြန်မာပြည်၏အနေအထားနှင်. တက္ကသိုလ်ဝင်ခွင်.ရွေးချယ်ပုံ
စနစ်ဖြစ်သည် ။ အများသိကြသည်.အတိုင်း မြန်မာနိုင်ငံ၌
တက္ကသိုလ်ဝင်ခွင်.ရွေးချယ်ပုံမှာ
ဆယ်တန်းအောင်သော အမှတ်အနည်းအများကိုလိုက်၍ အမှတ်အများဆုံးလူ ( ) ကို
ရန်ကုန် ဆေးတက္ကသိုလ် ၊ နောက်ထပ် တိုင်းနှင်.ပြည်နယ် များမှ အမှတ်အများဆုံး (
) ကို မန္တလေးဆေးတက္ကသိုလ် ၊ မကွေးဆေးတက္ကသိုလ် စသည်ဖြင်.
လူဦးရေကိုအမှတ်ဖြင်.ကန်.၍ ခေါ်ယူခြင်းဖြစ်သည် ။ ထို.ကြောင်. ဥပမာ
အမှတ်အများဆုံး လူ ( ၁၀၀ ) ကို ဆေးတက္ကသိုလ်တစ်ခုက ခေါ်ယူသည် ဆိုလျင် အမှတ်
တစ်မှတ်မျှကပ်လျော.နေသော ( ၁၀၁) ယောက်မြောက် ကျောင်းသား ကျောင်းသူမှာ (
အမှတ်တစ်မှတ်လျော.နည်းမှုအတွက်နှင်.
) မည်မျှဆေးပညာကိုတန်ဖိုးထား ၀ါသနာပါသည်ဖြစ်စေ ဆေးတက္ကသိုလ်ဝင်ခွင်.
မရတော.ပေ ။ဆေးပညာကိုမည်မျှ ၀ါသနာ မပါသူဖြစ်စေ
ဆယ်တန်းကိုအမှတ်ကောင်းနှင်.အောင်ပါက ဆေးတက္ကသိုလ်တက်ခွင်.ရမည်ဖြစ်သည် ။
ဤနေရာ၌ ၀ါသနာမပါပဲဆေးတက္ကသိုလ်တက်ခွင်. ရခဲ.သော ကျောင်းသား
၊ကျောင်းသူတစ်ယောက်အတွက် ၊ တက်ချင်ပါလျက် အမှတ်တစ်မှတ် နှစ်မှတ် ကြောင်.
ကပ်၍ ပြုတ်ကျန်ရစ်ခဲ.သော ဆေးပညာကိုဝါသနာပါသည်. ကျောင်းသားမှာ ဘ၀နှင်.ချီ ၍
နစ်နာရတော.သည် ။ဘွဲ.ရကာမှ ဆေးမကုပဲ ဈေးသည်လုပ်မည်.
ဆေးကျောင်းသားလောင်းတစ်ယောက်အတွက်
နေရာဖယ်ပေးခဲ.ရသော ( ၁၀၁ ) ယောက်မြောက် ကျောင်းသားမှာ သူလည်းဆရာဝန် မဖြစ် ။
သူ.နေရာတွင် ရှေ.က၀င်သွားသူ တစ်ဦးမှာလည်း အချိန်ကုန်လူပန်း၊ နိုင်ငံတော်၏
ဘဏ္ဍာများပြုန်းတီးပြီး သဲထဲရေသွန်ဖြစ်ကြခြင်းမှာ စနစ်
မကောင်းသောကြောင်.ဖြစ်သည် ။
ဆယ်တန်းအောင်စ ၊အသက် (၁၆ ) နှစ်သာသာ
အရွယ်သည် ဘ၀ အတွေ.အကြုံ နည်းသေးသည် ဖြစ်ရာ ထိုအရွယ်တွင်
ဘ၀တစ်ခုလုံးနှင်.ဆိုင်သော တက္ကသိုလ်ဝင်ခွင်.ကို ( ပြင်ဆင်ခွင်.မရှိ )
တစ်ခါတည်း အပြီး သတ် ရွေးချယ်လျှောက်ထားစေခြင်းမှာ အကောင်းထက်အဆိုးကို ပို၍
ဖြစ်ပေါ်စေမည်ဖြစ်သည် ။ဝါသနာပါသည် ဖြစ်စေ ၊မပါသည်ဖြစ်စေ ၊ ပါရမီပါသည်
ဖြစ်စေ ၊မပါသည် ဖြစ်စေ ဆယ်တန်းတွင်မျက်စေ.စုံမှိတ် ကျက်အားကြောင်.
အမှတ်ကောင်း သူသာဆရာဝန်ဖြစ်ခွင်.ရှိ၍ အမှတ်မကောင်းသော်လည်း အိုင်ကျူ ( I.Q )
မြင်.သော ၊ ဆရာဝန်တကယ်ဖြစ်လိုသော ၊ဆေးပညာကိုဝါသနာပါ သော ၊ လူ.အသက်ကယ်ရတာ
ဂုဏ်ယူသော လူငယ်များ ဆရာဝန်ဖြစ်ခွင်. လုံးဝလမ်းဆုံးနေသော စနစ်သည်
နိုင်ငံနှင်.လူမျိုးအတွက် မကောင်းသော အကျိုးဆက်များကိုသာ ပေါ
်ထွန်းလာစေမည်ဖြစ်သည် ။
ထိုစနစ်အစား တက္ကသိုလ်
ဒုတိယနှစ်အောင်မှ ၀င်ခွင်.စာမေးပွဲ စစ်၍ ဆေးတက္ကသိုလ် ၊စက်မှုတက္ကသိုလ်
စသည်ဖြင်. လက်သင်.ခံသောစနစ်သည် ပို၍ လူမှန်နေရာမှန်ရွေးချယ်နိုင်ပေ၏
။ ကျောင်းသားများအနေနှင်.လည်း အသက် (၁၆) နှစ်အရွယ်တွင် မိဘကခိုင်း၍
လုပ်ရသည်ထက် ၊ တက္ကသိုလ်တွင် ( ၂ )နှစ်တက် ပြီးကာမှ ကိုယ်.၀ါသနာ
ကိုယ်အချိန်ယူ စဉ်းစား ပြီး ဆုံးဖြတ်ခြင်းက အမှန်တရားနှင်.
နီးစပ်နိုင်ပေသည်။ နိုင်ငံကျော်စာရေးဆရာမကြီး ကြည်အေး သည်
ရိုးရိုးဝိဇ္ဖာဘွဲ. ( B.A ) ဘွဲ. ကိုရယူပြီးမှ ဆေးတက္ကသိုလ်ဝင်ခွင်.ကို
ဝင်ဖြေပြီးအောင်မြင်သဖြင်. ဆရာဝန်တစ်ယောက်ဖြစ်လာခဲ.ကြောင်း
သိမှတ်ဖူးပါသည် ။ ယခုလိုစနစ်မျိုးနှင်.ဆိုလျင် ဆယ်တန်းအောင်ကတည်းက တစ်ခါထဲ
ဆုံးဖြတ်လိုက်သဖြင်. ကြည်အေးလည်း ဆရာဝန်ဖြစ်လာနိုင်မည်မဟုတ်ချေ ။
နိုင်ငံခြားတိုင်းပြည်များတွင် လူတစ်ယောက်သည် မည်သည်.အသက်အရွယ်
သို.ရောက်နေသည်ဖြစ်စေ ဆေးပညာအပါအ၀င် သက်ဆိုင်ရာ ဘာသာရပ်တွင်
တက္ကသိုလ်တစ်ခုခုက ၀င်ခွင်.စစ်ဆေးပြီး အရည်အချင်းကိုကြေနပ်လက်ခံပါက
တက်ရောက်၍ ဆက်လက်ပညာသင်ခွင်.ရှိပေသည် ။ ထို.ကြောင်.အသက်ကြီးမှ
ပါရဂူဘွဲ.ရသူများ ၊ ဆေးပညာဘွဲ.ရသူများ ၊ ဘီအေ ၊ အမ်အေ ၊
ရှေ.နေဘွဲ.ရသူများလည်း မရှားပေ ။ ပညာလိုအိုသည်မရှိပေ။
မြန်မာပြည်မှာလို လူတစ်ရာကိုပဲရွေးလိုက်ပြီဖြစ်၍ ( ၁၀၁ ) ယောက်မြောက်
ပြုတ်ကျန်ခဲ.ပေတော. ဆိုသည် မှာတိုးတက်သောနိုင်ငံများ၌ မရှိတော.ပေ
။ဤကဲ.သို.တစ်လမ်းသွားတစ်ဖက်ပိတ်
ပညာရေးစနစ်မျိုးကိုသာ ကျင်.သုံးခဲ.မည်ဆိုပါက အမေရိကန်ပြည်ထောင်စု၌
သမ္မတကြီး အေဗရာဟမ်လင်ကွန်းသည်ပင်လျင် ဥပဒေဘွဲ. ရလာစရာအကြောင်းမရှိပေ ။
ဝါသနာမပါပဲ နုနယ်ပျိုရွယ်စဉ် အသက် (၁၆ )နှစ် နှင်. ( ၂၀ ) ကြားတွင်
မိဘက၀င်ဆုံးဖြတ်၍ ဆရာဝန် ၊အင်ဂျင်နီယာဖြစ်လာရသူများသည် သူတို.ဆန္ဒမပါပဲ
ဘ၀ကိုရွေးချယ်ခဲ.ရသူများဖြစ်၍ လုပ်ငန်းခွင်၌ မပျော်ပိုက်ချေ ။
အချို.မှာအရည်အချင်းမပြည်.မီ ပေ ။ ဆေးရံ ဆေးခန်းများ ၌ မကြာခနကြားရတတ်သော
ပေါင်းသင်းဆက်ဆံရေးဆိုးသည်.ဆရာဝန်
၊ လူနာများအားအလွဲလွဲ အမှားမှား ကုသမှုပေးသည်.ဆရာဝန် ၊ ပေါ.လျော.၍
လူသေစေသောဆရာဝန် ၊ ငွေမျက်နှာမှတစ်ပါး အခြားဘာမှ စိတ်မ၀င်စားသောဆရာဝန် ၊
လူနာများအား အောက်လက်ငယ်သားသဖွယ် အော်ငေါက်ဆက်ဆံ တတ်သော ဆရာဝန် စသည်များမှာ
ဝါသနာမပါပဲ ဆေးပညာ ကိုဝါသနာအရ မဟုတ်ပါပဲ ဆယ်တန်းအောင်စဉ်ပွင်.လာသော
အခွင်.အရေးတံခါးတစ်ချပ် မှ တစ်ဆင်. လျှောတိုက် မျှောချလာခဲ.သူ များဖြစ်သည် ။
ဝါသနာကိုအခြေခံ ကာကြိုးစားလာခဲ.သော ဆရာဝန်များကတော. တစ်စထက်တစ်စ
နာမည်ကျော်ကြားကာ အများကလေးစား ချစ်ခင်ရသော အောင်မြင်သည်. ဆရာဝန်ကြီးများ
ဖြစ်လာကြသည် သာ များ လေသည် ။
တချို.ကလည်း ဆေးပညာနှင်.ဘွဲ.ရ
ပြီးမှ အခြားဝါသနာပါရာအလုပ်များ သို.ပြောင်းလဲ စွန်.ခွာသွားလေသည် ။
ဆရာဝန်တစ်ယောက် သူ.အလုပ်ကိုစွန်.သွားတိုင်း ၊ တိုင်းပြည်၌ တစ်မျိုးနစ်နာ
လေသည် ။ အထူးသဖြင်.လူတစ်သိန်းလျင် ဆရာဝန် ( ၃၀ ) ယောက်နှုန်းသာရှိသော
မြန်မာနိုင်ငံလို နိုင်ငံမျိုး၌ ဆရာဝန်တစ်ယောက်လျော.သွားခြင်းမှာ
လူ ( ၃၃၃၃ ) ဦး၏ ကျန်းမာရေး စောင်.ရှောက်မှု ဟာကွက် တစ်ခုဖြစ်
သွားခြင်းဖြစ်သည် ။ ရွှေရောင်းခြင်းကြောင်. ၊ ရေပိုက်ရောင်းခြင်းကြောင်.
ထိုလူနှစ်ဦး၏မိသားစု များ ချမ်းသာကြွယ်ဝ ကောင်း ကြွယ်ဝ သွားပါမည်။
သို.သော် လူများစု၏ ကျန်းမာရေးစောင်.ရှောက်မှု ကွက်လပ် ကြီး ဖြစ်သွား
သည်ကိုကား မည်သို.မျှ အစားမထိုးနိုင်ပါပေ ။
နဂိုထဲက ၀ါသနာ မပါ ၍ ၀င်မလျှောက်ခဲ.လျင် ထိုလူနှစ်ယောက်၏နေရာတွင် အမှတ်ကပ်၍ ပြုတ်ကျန်ခဲ.သောလူနှစ်ဦးလည်းဆရာဝန်ဖြစ်မည် ၊ နိုင်ငံတော်နှင်. ပြည်သူတွေအတွက်လဲ အကျိုးရှိမည် ၊ ၀ါသနာမပါပဲဆေးကျောင်းတက်ခဲ.ရသော
ကျောင်းသားများအတွက်လည်း ခြောက်နှစ်ကျော်ကာလပါတ်လုံး ငွေကုန်
လူပန်းခဲ.သည်များလဲသက်သာမည် ။ အားလုံးအတွက် အကျိုးရှိမည်ဖြစ်သည် ။
ဝါသနာအရဖြစ်လာရသောဆရာဝန် ၊ အင်ဂျင်နီယာ ၊ဥပဒေပညာရှင် ၊ စစ်ဗိုလ်
စသည်တို.သည် ၀င်ငွေ ဘယ်လောက်ပဲနည်းပါးသည်ဖြစ်စေ
ပညာရှင်မာနတော.ရှိကြမည်ဖြစ်သည် ။ မည်မျှဝင်ငွေနည်းသည် ပဲဖြစ်ဖြစ်
မိမိရွေးချယ်ခဲ.သော Professional အလုပ်တစ်ခုကို တန်ဖိုးထားလေးစားမည်ဖြစ်သည်
။ ကိုယ်.ကိုယ်ကို ဥပမာပေး၍ ပြောရလျင် တစ်နေ.ကိုငွေတစ်သိန်းမှန်မှန်ပေးမည် စာရေးခြင်း၊ စာဖတ်ခြင်းကို တစ်သက်လုံးစွန်.လွှတ်ရမည်ဆိုလျင် ကျွန်တော်သည် ဘယ်တော.မှလက်ခံမည် မဟုတ်ချေ ။ငွေသည်အရေးကြီးသည် မှန် သော်လည်း လောကကြီး၌ ငွေထက်တန်ဖိုးရှိသောအရာများစွာလည်း ရှိပါသေးသည် ။
အခြားနိုင်ငံများ၌လည်းဆရာဝန်ဘွဲ.ရကာမှအခြားအလုပ်လုပ်သူများလဲရှိသည်ဟု စောဒကတက်ချင်လဲတက်နိုင်ပါသည် ။သို.သော်တိုးတက်ပြီးနိုင်ငံများ၌ လူဦးရေနှင်.စာလျင်ဆရာဝန်အရေအတွက်မှာ
အလွန်များပြားသဖြင်. တစ်ယောက်တစ်လေ လျော.သွားခြင်းမှာ မထောင်းတာလှပေ ။
ဥပမာ အမေရိကန်ပြည်ထောင်စု၌ လူတစ်သိန်းလျှင် ဆရာဝန် ( ၅၄၉ ) ယောက်ရှိပါသည် ။
ဗြိတိန်တွင် လူတစ်သိန်းလျင် ဆရာဝန် ( ၁၆၆ ) ယောက် ၊ စင်္ကာပူတွင် (၁၄၀)၊
အီတလီတွင် (၆၀၆ )ယောက် ၊ရုရှားတွင် (၄၁၇)ယောက်၊တရုတ်တွင် (၁၆၄ ) ယောက် ၊
မြန်မာတွင် (၃၀ ) ယောက်သာ ရှိပါသည် ။ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသကဲ.သို.
မရှိမဲ. ရှိမဲ. ဆရာဝန်များက ဆေးမကုကြသောအခါ တိုင်းပြည်မှာ မိအေးနှစ်ခါနာ
ဆိုသလို ဖြစ်နေပေသည် ။
မြန်မာနိုင်ငံ၌ ပြုပြင်ရမည်မှာ မိဘတို.၏
စိတ်နေစိတ်ထား ( mind set ) ကိုလည်းပြုပြင်ရမည် ဖြစ်သည် ။ လောကကြီး၌ ဆရာဝန်
၊အင်ဂျင်နီယာ ၊ စစ်ဗိုလ် အလုပ်သာ အမြတ်ဆုံးဖြစ်ဘိသည်.အလား
ထိုလမ်းကြောင်းသို. မိမိသားသမီးများကို ဖားစီး ငါးစီး အတင်းအဓမ္မ
ပုံစံဝင်အောင် လမ်းကြောင်းနေကြခြင်းသည် တကယ်တမ်း၌ ဟုတ်ရော ဟုတ်ရဲ.လား
၊ငါ.သားသမီးဝါသနာနှင်.ရော ကိုက်ရဲ.လားဟု တက္ကသိုလ်ဝင်ခွင်.မလျှောက်မီ
အပြန်ပြန်အလှန်လှန် စဉ်းစားကြဖို. လိုမည်ဖြစ်သည် ။ လူ.လောက၌ ဆရာဝန်အားလုံး
လူတော်များမဟုတ်ကြသလို ၊ ဆရာဝန်မဟုတ်သူတိုင်းလည်း လူညံ.များမဟုတ်ကြပါ ။
ဝါသနာကိုမူတည်၍ အံဝင်ခွင်ကျ ကြိုးစားသူများသည် သူ.နယ်ပယ်နှင်.သူ
အစွမ်းထက်သောခေါင်းဆောင်များ ဖြစ်လာကြမည် ဖြစ်သည် ။
အရေးကြီးသည်မှာ လူများသည် မိမိဝါသနာပါရာအလုပ်ကို သင်ကြားခွင်.ရကြဖို.ပဲလိုပါသည် ။ ထိုသို.မဟုတ်ပါက ဆရာဝန်ဖြစ်ပြီးမှဈေးရောင်းခြင်း ၊ ဈေးသည် ဖြစ်ပြီးမှ အပ်ပုန်း ကိုင်ခြင်း စသော ကမောက်ကမ ကိစ္စများ အတောမသတ်အောင်ဖြစ်လာနေမည် ဖြစ်ပါကြောင်း ။
သရ၀ဏ် (ပြည်)
ကိုးကား
World statistics
JACARANDA
Atlas ( Sixth Edition ) pyayct မှကူးယူဖော်ပြသည်။ပြည်သတင်း....
0 comments:
Post a Comment