Thursday, August 22, 2013

ပြည်မြို့က ယာဉ်မောင်း လမ်းလျှောက်နေသူအား ကားဖြင့်ဝင်တိုက်သေ

Leave a Comment

ပြည်မြို့က ယာဉ်မောင်း လမ်းလျှောက်နေသူအား ကားဖြင့်ဝင်တိုက်သေ
*********************************************

၉.၈.၂၀၁၃ ရက်နေ့၊ ည ၁၀း၅၅ ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေ ယာဉ်မောင်း ဦးမင်းဦး(၅၃) နှစ်သည် တိုက်ကြီးမြို့နယ် တွင် လမ်းလျှောက်သွားနေသူအား တိုက်မိပြီး အတိုက်ခံရသူ သေဆုံးသွားကြောင်း သိရှိရပါသည်။ ယာဉ်မောင်း ဦးမင်းဦးသည် ကိုယ်ပိုင်ယာဉ် ပရိုဘောက်စ် ၁ခ/----အား တိုက်ကြီးမြို့နယ်၊ ရန်ကုန် ပြည်လမ်းအတိုင်း ပြည်ဘက်သို့မောင်းနှင်လာရာ မိုင်တိုင်အမှတ် (၆၆/၆) အနီးအရောက် ယာဘက်လမ်းစပ်မှ လမ်းလျှောက်သွားနေသော ဥက္ကံမြို့နေ ဦးလှမိုး (၅၀) နှစ်နှင့် သမီး မသဇင်မိုး (၁၆) နှစ်တို့အား နောက်မှဝင်တိုက်ရာ နှစ်ဦးစလုံး ဒဏ်ရာများရရှိပြီး မသဇင်မိုးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားသဖြင့် ဥက္ကံမြို့နယ် မြို့မရဲစခန်းက ယာဉ် (ပ) ၁၂/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ကြေးမုံ

0 comments:

Post a Comment

Facebook Like Page