Thursday, August 15, 2013

ခေတ်စနစ်တစ်ခုပြောင်းရေး၊ဒီမိုကရေစီအရေးနှင့်တိုင်းပြည်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန်တောခိုတိုက်ပွဲဝင်ရင်း (လက်နှစ်ဘက်၊မျက်စိ တစ်လုံးနှင့်တစ်ဝက်)စွန့်လွှတ်ခဲ့ရသော ကိုမိုးကျော် အတွက်ဂုဏ်ပြုပွဲအခမ်းအနား

Leave a Comment

16.8.2013 ရက်နေ့ ဒီကနေ့မှာ ပြည်မြို့ ဆေးရေးရပ် တပ်လမ်းလမ်း(တစ်လမ်းမောင်းကွေ့) ရှိ ဘာသာရေးအဓိကရုဏ်းများဆန့်ကျင်ရေး နှင့်တားဆီးကာကွယ်ရေး ကွန်ယက်ရုံး(ပြည်) ရုံးတွင် မနက်(၇း၀၀)နာရီအချိန် မှာအခမ်း
အနားတစ်ခုပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါအခမ်းအနားပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကတော့ ခေတ်စနစ်တစ်ခုပြောင်းရေး၊ဒီမိုကရေစီအရေးနှင့်တိုင်းပြည်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန်တောခိုတိုက်ပွဲဝင်ရင်း (လက်နှစ်ဘက်၊မျက်စိ
တစ်လုံးနှင့်တစ်ဝက်)စွန့်လွှတ်ခဲ့ရသော ကိုမိုးကျော် အတွက်ဂုဏ်ပြုပွဲအခမ်းအနားအပါအ၀င် ၄င်းနှင့်အတူတူတောခို တိုက်ပွဲဝင်ရင်း တော်လှန်ရေးအတွင်းကျဆုံးသွားခဲ့ရသော ကိုကြည်ဆန်း၊ကိုဝင်းကျော်၊ကိုဆန်းလင်းအောင် တို့အား
ရည်စူးမေတ္တာပို့ အမျှဝေဆုတောင်းပေး ဆွမ်းသွတ်တရားတော်နာများကျင်းပပြုလုပ်ခဲ့ပါတယ် အဆိုပါအခမ်းအနားကိုတက်ရောက်ခဲ့သူစုစုပေါင်းအင်အား(70)ခန့်တက်ရောက်ခဲ့ပါသည်။အခမ်းအနားကိုအစီအစဉ်(7)ခုနှင့်ပြုလုပ်သွားခဲ့ပြီး
မနက်(၉း၀၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။ပြည်သတင်း.......
(4 photos)

0 comments:

Post a Comment

Facebook Like Page