Friday, August 16, 2013

မြောက်ကိုရီးယား နိုင်ငံသည် အနှစ်(၆ဝ) မြောက် အပစ်အခတ် ရပ်စဲရေး အထိမ်းအမှတ်(ဘာသာပြန်ဆောင်းပါး)

Leave a Comment

မြောက်ကိုရီးယား နိုင်ငံသည် အနှစ်(၆ဝ) မြောက် အပစ်အခတ် ရပ်စဲရေး အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ပြုံယမ်းမြို့ အဓိက ရင်ပြင်တွင် ဇူလိုင် ၂၇ ရက်က
ကျင်းပခဲ့သည်။   အဆိုပါ အခမ်းအနားသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တရုတ် ဒုတိယ သမ္မတတို့ တက်ရောက် ခဲ့ကြသည်။ ထို့ပြင် စစ်ပြတိုက် အသစ် ဖွင့်လှစ်သည့် အခမ်းအနားသို့လည်း တက်ရောက် ခဲ့ကြသည်။ ဤစစ်ပြတိုက်တွင် ၁၉၆၈ ခုနှစ်က ဖမ်းဆီးရ မိထားခဲ့သော USS Pueblo သူလျှို သင်္ဘောကို လည်း ပြသထားသည်ဟု ဆိုသည်။ ယခုနှစ် စစ်ရေးပြ အခမ်းအနားကို ပြည်သူ ထောင်ပေါင်းများစွာက ပါဝင် ဆင်နွှဲခဲ့ကြပြီး  မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေးပြ အခမ်းအနားလည်း ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယား၏ ရှားပါးသော စစ်ရေးစွမ်းရည် အသစ်များကို ထုတ်ဖော် ပြသခြင်းလည်း ပါဝင်ခဲ့သည့် အပြင်  တပ်တစ်တပ်က နျူကလီးယား အမှတ်အသားဖြစ်သည့် တောက်ပသော အဝါရောင်ဖြင့် အမှတ်အသား ပြုထားသော ကြီးမားသော သေတ္တာကြီးများ သယ်ဆောင် လာသည်ကို တွေ့ရသည်။ ငွေကြေး အမြောက်အမြား ကုန်ကျခံ၍ လက်နက်ကြီးများ တပ်ဆင်ထားကာ ဖနောင့်ပေါက်၍ ခြေဆန့်လျှောက်ရသော Goose Steps ခြေလှမ်း ကျဲကြီးများဖြင့် ချီတက် လာကြသည့် မြောက်ကိုရီးယား တပ်သားများ၏ စစ်ရေးပြ အခမ်းအနားသည် စစ်အေးကာလ အရှိန်မြင့်မား ခဲ့စဉ်က ဆိုဗီယက်နှင့် တရုတ်တို့ ၏ ချီတက် ပြခဲ့ကြပုံကို ပြန်လည်၍ မြင်ယောင် လာစေပါတော့သည်။ စနေနေ့က စစ်ရေးပြ အခမ်းအနား၌ ထုတ်ပြသော လက်နက်များတွင် အသစ်အဆန်း ပါဝင်ခြင်းမရှိခဲ့ဟု ဆိုသည်။
စနေနေ့က စစ်ရေးပြ အခမ်းအနားကို မြောက်ကိုရီးယားတို့က အဖမြေ လွတ်မြောက်ရေး စစ်ပွဲတွင် အောင်ပွဲခံသောနေ့ ဟူ၍ ခေါ်ဆိုကြပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ၁၉၅ဝ- ၁၉၅၃ ကိုရီးယား စစ်ပွဲသည် အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့်  ပြီးဆုံးသွားခဲ့ရာ  ကိုရီးယား ကျွန်းဆွယ်သည် ဥပဒေအရ စစ်ဖြစ်နေဆဲ အဓိပ္ပာယ် ဖြစ်နေသည်။ ဝါရှင်တန်မြို့တော်တွင် သမ္မတ ဘားရက် အိုဘားမားက အမျိုးသား မြက်ခင်းပြင်တွင် ရှိသော  ကိုရီးယား စစ်ပြန်များ အမှတ်တရနေရာ၌ မိန့်ခွန်း ပြောကြားခဲ့ပြီး စစ်ပွဲပြီးဆုံးသည့် အထိမ်းအမှတ် နှစ်ပတ်လည် နေ့ဖြစ်၍ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ၊ ငြိမ်းချမ်းရေး ထွန်းကားပါ စေဟူ၍ ဆုမွန်ကောင်း တောင်းခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့ ဒီနေရာမှာ ယုံကြည်မှုနှင့် ပြောနိုင်တာကတော့ စစ်မှာစာချုပ်နှင့် စစ်ဖြစ်ကြသည်ဟု မရှိ။ လူဦးရေ သန်း ၅ဝ ရှိသော တောင်ကိုရီးယား လူမျိုးများသည် လွတ်လပ်စွာ နေထိုင်ကြပြီး မြောက်ကိုရီးယားတွင် ရှိသော အခြေအနေနှင့် ဆန့်ကျင်လျက်   ဒီမိုကရေစီ ထွန်းကားလျက် ရှိကြောင်း''  အိုဘားမားက ထည့်သွင်း ပြောကြားသွားခဲ့၏။
အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ လုပ်ဖော်ကိုင်ဖက် မဟာမိတ်အဖြစ်  ဆက်လက် တည်ရှိနေကာ တည်ငြိမ်မှု အခြေခံနှင့် ပစိဖိတ်ဒေသတွင် တည်ရှိနေကြောင်း၊  လွန်ခဲ့သည့် စစ်ဖြစ်ခဲ့ရသော နှစ်များတွင် တိုက်ပွဲဝင်ခဲ့ကြသော အမေရိကန် တပ်ဖွဲ့ဝင်များအား ချီးကျူးပါကြောင်းနှင့် ထိုနေရာများတွင် လက်ရှိစခန်း ချနေရသော ယောက်ျား၊ မိန်းမအားလုံးကိုလည်း ချီးကျူးပါကြောင်း ပြောကြားသွားသည်။ ဆိုးလ်အမျိုးသား တက္ကသိုလ် ငြိမ်းချမ်းရေးနှင့်ပြန် လည် ပေါင်း စည်းရေး လေ့လာရေးဌာန အကြီးတန်း သုတေသနမှူး ချန်းဟောင်ဆုတ်က မြောက်ကိုရီးယားသည် ကင်ဂျုံအွန်၏ ခေါင်းဆောင်မှုကို မီးမောင်း ထိုးပြလို၍ ယခုလို နှစ်ပတ်လည်နေ့ကို ကျင်းပခြင်း ဖြစ်သည်ဟု ပြောသည်။ ''ဒါဟာ နိုင်ငံရေးအရ လုပ်တာပါ။ ကင်ဂျုံအွန် အာဏာ ရှိနေသေးကြောင်းနဲ့ အင်အား ခိုင်မာကြောင်း ပြသတဲ့သဘောပါ'' ဟုလည်း ပြောသည်။ ကင်သည် တရုတ် ဒုတိယ သမ္မတနှင့် ဘေးချင်း ယှဉ်ရပ်နေခြင်းကို တွေ့ခြင်းအားဖြင့် စစ်အေး ကာလကို ပြန်မြင်ယောင်စေကာ ထိုစဉ်က မြောက်ကိုရီးယားနှင့် တရုတ်တို့သည် တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကို ဆန့်ကျင်၍ ရပ်တည် ခဲ့ကြသကဲ့သို့ မြောက်ကိုရီးယား အနေဖြင့် တရုတ်တို့နှင့် ဆက်ဆံရေး အခြေအနေသည် ပြန်လည် ကောင်းမွန်လာကြောင်း အသိပေးရန် ပြသလိုခြင်း ဖြစ်သည်။
သူ၏ဖခင် ကင်ဂျုံအီ ကွန်လွန်သည့် ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှာ သားဖြစ်သူ ကင်၏ အုပ်ချုပ်မှုစခဲ့သည်။ စစချင်းဆောက်နှင့် ထွင်းဆိုသလို ဝါရှင်တန်နှင့် ဆိုးလ်တို့ တင်းမာမှု အမြင့်မားဆုံး ဖြစ်စေခဲ့သည်။ သူလက်ထက်တွင် တာဝေးပစ်ဒုံးကျည် နှစ်ကြိမ်ပစ်ခတ်မှုနှင့်  နျူကလီးယား စမ်းသပ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂက တင်းကျပ်သော ဆိုင်ရှင် လုပ်ပိတ်ပင်မှုများနှင့် ပြစ်တင် ရှုတ်ချမှုများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သည်။
မြောက်နှင့် တောင်ကိုရီးယားတို့သည် အကြမ်းဖျင်း သံတမန် ဆက်ဆံရေးဘက်သို့  မကြာသေးသော သီတင်းပတ်များက ပြောင်းလဲလာခဲ့သည်။ သို့ရာတွင် မတ်လနှင့် ဧပြီလများက မြောက်ကိုရီးယားက ဝါရှင်တန်နှင့် ဆိုးလ်၊ တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေး လေ့ကျင့်မှု နှစ်ပတ်လည်ကို တုံ့ပြန်ရန်နှင့် ပြုံယမ်း ၏ ဖေဖော်ဝါရီလက နျူကလီးယား စမ်းသပ်မှုကို ပြစ်တင် ရှုတ်ချခဲ့ခြင်းကို တုံ့ပြန်သည့် အနေဖြင့် နျူကလီးယား စစ်ပွဲ နိမိတ်ပြခြိမ်း ခြောက်မှု လုပ်ခဲ့သည်။
မြောက်ကိုရီးယားက လျှို့ဝှက်ထားသော တာဝေးပစ်ဒုံးကျည် KN-08 ထုတ်ပြလိုက်သည်ကို နိုင်ငံခြားမှ စစ်ရေးစောင့်ကြည့် အကဲခတ်သူများ အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သူမှာ ကင်၏ အဖိုးပင်ဖြစ်သည်။ ဤအတောအတွင်း တောင်ကိုရီးယားတွင် သမ္မတ ပတ်ဂျွန်   ဟေးက မြောက်ကိုရီးယား၏ ရန်စခြင်းကို သည်းမ ခံတော့ကြောင်း ကတိပေးထားသည်။ ၂ဝ၁ဝ ပြည့်နှစ် အတွင်း မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား လူမျိုး ၅ဝ အသက် ဆုံးရှုံးခဲ့ရကြောင်း၊ သို့သော်လည်း ဆိုးလ်အနေဖြင့် မြောက်ကိုရီးယားနှင့် ယုံကြည်မှု တည်ဆောက်ရေးကို လုပ်ဆောင်နေပါကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ အမှန်တကယ် ပြောင်းလဲ တိုးတက်ချင်သည် ဆိုလျှင် ပြောင်းလဲ တိုးတက်မည့် လမ်းကြောင်းပေါ်   စလျှောက် လှမ်းမည်ဆိုလျှင် နျူကလီးယား လက်နက်  ထုတ်လုပ်မည့် အစီအစဉ်ကို စွန့်လွှတ်ရန် တိုက်တွန်းကြောင်း မိန့်ခွန်းတစ်ခုတွင် ပြောကြားသွားသည်။ မြောက်ကိုရီးယား အနေဖြင့်  နျူကလီးယား ဗုံးအကြမ်းစား အနည်း အကျဉ်းပိုင်ဆိုင်ထားပြီဟု ခန့်မှန်းရသည်။ သို့သော် လည်း အရွယ်အစား သေးငယ်သော နျူကလီးယား ထိပ်ဖူးကို တာဝေးပစ် ဒုံးကျည်တွင်  တပ်ဆင် ပစ်ခတ်နိုင်သည့် အဆင့်ထိ တည်ဆောက်ရန် နည်းပညာ အရာတွင် မပြည့်စုံ မကျွမ်းကျင်သေးဟု အကဲဖြတ်သူများက သုံးသပ်သည်။
''စစ်ရေးပြ အခမ်းအနား အလှအပသည် လက်နက်စနစ်ကြီးများ တကယ်တမ်း အသုံးပြု၍ရ၊ မရသည် အဓိကမဟုတ်ဘဲ လူအထင်ကြီးအောင်၊ လန့်သွားအောင် လုပ်ပြလိုက်ခြင်း ဖြစ်ပြီး ဒုံးကျည် ပစ်လွှတ်ရေးစင်မှာ ဒုံးကျည်တကယ် ပစ်လွှတ်မှာ မဟုတ်သော်လည်း  ကြည့်၍ အလွန်ကောင်း လှပါသည်''ဟု ကန်ဆက်စ်ပြည်နယ် တက္ကသိုလ် ဆိုဗီယက်နှင့် ရုရှား စစ်ရေး ကျွမ်းကျင်သူ ဒေးဗစ်စတုန်းက ပြောကြားခဲ့သည်။ သို့သော် ယင်းသို့ပြုလုပ် ပြခြင်းမှာ အန္တရာယ် ကြီးနိုင်သည်။ ယခင်နှစ်က စစ်ရေးပြ အခမ်းအနားကြီး ပြီးဆုံးသွားခဲ့သော်လည်း တစ်ကမ္ဘာလုံးရှိ စစ်ရေးကျွမ်းကျင်သူများက အဆိုပါ စစ်ရေးပြ အခမ်းအနားတွင်  စစ်လက်နက် စနစ်ကြီးများ ထုတ်ပြသွားသည့် အထဲတွင် ဇာတ်လိုက်နေရာက ပါဝင်သည့် အရာ (Star of the show) မှာ KN-08 တာဝေးပစ် ဒုံးကျည်ဖြစ်သည်။  ၎င်းလက်နက်သည် အစစ်အမှန် မဟုတ်ဘဲ အတုကြီး ဖြစ်နေနေ နမူနာပုံစံ အဆင့်ပဲရှိရှိ မြောက်ကိုရီးယားသည်    အမေရိကန် ပြည်ထောင်စုကို နျူကလီးယား ထိပ်ဖူးတပ် ICBM တိုက်ချင်းပစ် ဒုံးပျံဖြင့် ပစ်လွှတ် တိုက်ခိုက်နိုင်သည့် အန္တရာယ်ရှိကြောင်း ပြောနေခြင်းဟု မှတ်ယူရမည်သာ ဖြစ်သည်ဟု ဆိုသည်။
တရုတ် ကွန်မြူနစ်ပါတီနှင့် မြောက်ကိုရီးယား နိုင်ငံ၏သားကောင်း၊ သမီးကောင်းလေးများသည် သူတို့၏ နိုင်ငံနှင့် လူမျိုးကို အသက်စွန့်၍ သူရဲကောင်း ပီသစွာ ကာကွယ် စောင့်ရှောက်ခဲ့သည်။ ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု တတိယအကြိမ် ပြုလုပ်လိုက်သဖြင့် တရုတ်က အမေရိကန် တို့နှင့် ပေါင်းပြီး မြောက်ကိုရီးယား နိုင်ငံခြား ကုန်သွယ်မှုဘက်နှင့် ဆက်ဆံမှု ဖြတ်တောက် ပစ်ခဲ့သည်။ သို့သော် မြောက်ကိုရီးယားကို အရမ်းလုပ် လိုက်ပြန်လျှင်လည်း ထင်ရာစိုင်းသွားလျှင် ဒေသလုံခြုံ တည်ငြိမ်ရေးမှာ အန္တရာယ် ဖြစ်လာနိုင်မည်ကို တရုတ်တို့ စိုးရိမ်ပူပန် နေကြောင်း ရေးသား လိုက်ရပါသည်။   
ကိုကိုဟန်

0 comments:

Post a Comment

Facebook Like Page