Tuesday, July 30, 2013

ပြည်မြို့ တွင် ယာဉ်တိုက်မှုကြောင့်ခုနှစ်နှစ်ကလေးငယ်အပါအ၀င်မိသားစုသုံးဦးဒဏ်ရာရရှိ

Leave a Comment



ယာဉ်တိုက်မှုကြောင့်ခုနှစ်နှစ်ကလေးငယ်အပါအ၀င်မိသားစုသုံးဦးဒဏ်ရာရရှိ ဇူလိုင်လ(၂၉)ရက်နေ့လည်၃နာရီခွဲအချိန်တွင်ပဲခူးတိုင်းဒေသကြီးပြည်မြို့မူယာပင်ရပ်စက်သုံးဆီအရောင်းဆိုင်အနီးဗိုလ်ချုပ်လမ်းမတွင်အနောက်မှအရှေ့သို့မောင်းနှင်လာသောမိသာစုသုံးဦးစီးနင်းလိုက်ပါလာသည့်ဆိုင်ကယ်အားယာဉ်မောင်းမင်းသူအောင်(၂၇)နှစ်မောင်းနှင်လာသောအပြာရောင်လိုက်ထရပ်ကား ၈င/၇၀၀၁မှကျော်တက်စဉ်ချိတ်ဆွဲတိုက်မိခဲ့ကြောင်းသိရပါသည်။ ယာဉ်မောင်းဦးမြင့်ဇော်မောင်းနှင်ပြီးဇနီးဒေါ်မြသွင်နှင့်သားမောင်အောင်ကျော်ဖြိုးတို့လိုက်ပါ လာသည့်ဆိုင်ကယ်မှလမ်းလယ်ကျွန်းအနီးမောင်းနှင်ခဲ့သည့်အတွက်ကားမှကျော်တက်စဉ်ဆိုင်ကယ်ညာလက်ကိုင်အားကားနောက်မှီးဖြင့်ချိတ်မိသည်ဟုသိရပါသည်။ ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ်ယာဉ်မောင်းဦးမြင့်ဇော်မှာညာဘက်နံရိုး၊ညာဒူးခေါင်းနှင့် ညာဒတောင်ဆစ်တို့တွင်ပွန်းပဲ့ဒဏ်ရာများ၊ဒေါ်မြသွင်မှာညာဘက်လက်သန်းကျိုးဒဏ်ရာ ခုနှစ်နှစ်အရွယ်သားဖြစ်သူမောင်အောင်ကျော်ဖြိုးမှာနဖူးတွင်လက်တစ်ဆစ်ခန့်ကွဲအက်ဒဏ်ရာများရရှိခဲ့သည်ဟုသိရပါသည်။ “စိုးရိမ်စရာတော့မရှိပါဘူး။ဒဏ်ရာကတော့ဆေးစာအနေနဲ့ဘဲပြောပေးလို့ရမယ်။ဆရာဝန်ကြီး တွေဘဲကျန်တဲ့အပိုင်းကိုဖြေပေးလို့ရမယ်။”ဟုဓါတ်မှန်ခန်းတာဝန်ကျတစ်ဦးမှပြန်လည်ဖြေကြားခဲ့သည်။ အကြောင်းအရာကိစ္စနှင့်ပတ်သတ်၍မြို့မရဲစခန်းမှလိုက်ထရပ်ယာဉ်မောင်း မင်းသူအောင်အား ယာဉ်ပ၂၅/၂၀၁၃ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၃၇/၃၃၈အရအမှုဖွင့်ဆောင်ရွက်ထားကြောင်းအဆိုပါရဲစခန်းမှသိရပါသည်။

New Ice မှ ပြည်သတင်းသို့ပေးပို့ထားပါသည်။

0 comments:

Post a Comment

Facebook Like Page