Sunday, July 28, 2013

ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပန်ခွေခဏချမှု့ဖြင့်

Leave a Comment


ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပန်ခွေခဏချမှု့ဖြင့်
**************************************
မြို့လည်ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင်ပန်းခွေချမှုဖြင့်-ကိုသိန်းမင်းထွန်း(ရွှေလက်လှရပ်ကွပ်)ကိုပုဒ်မ(၁၈၈)ဖြင့်အရေးယူပေးရန်အတွက်မြို့နယ်တရားရုံးတွင်လာရောက်လျှောက်ထားခဲ့သည်ဟုအမညိမဖေါ်လိုသူ-ဥပဒေ၀န်ထမ်းတဦးမှ-သတင်းပေးပို့လာခဲ့ပါသည်။
ထိုကိစ္စအတွက်ရဲစခန်းကိုစူံစမ်းကြည့်ရာ၊အမှတ်(၂)စခန်းမှုးက သူတို့ထံသို့ ရဲကျင့်ထုံးအနေနှင့်တော့မရောက်ရှိသေးကြောင်းနဲ့၊သူသတင်းကြားကတော့-သိန်းမငိးထွန်း ကိုတော့အရေးယူမလိမ့်မယ်လို့ထင်ကြောင်းကိုကြားသိရကြောင်းတို့ကိုပြောပြပါသည်
အာဇာနည်နေ့မတိုင်မှီညက-ဆိုင်ကယ်တစီး၊လူနှစ်ယောက်ကဟမ်းစပီကာအသေးတလုံးနှင့်-နောက်နေ့-အာဇာနည်နေ့ တွင်မြို့လည်မြင်းစီးကျောက်ရုပ်တွင် ပန်းခွေမချရ-ပန်းခွေချလျှင်-ပုဒ်မ(၁၈၈)နှင့်အရေးယူခြင်းခံရမည်ဟု-လမ်းတချို့တွင်လိုက်အော်တာတော့ကြားသိရကြောင်း-ရှေ့နေဦးမြင့်အေးကပြောပြပါသည်-သူကတော့သူတယောက်ထဲကြားခဲ့တာဖြစ်ပြီးဘယ်သူ့ကိုလိုက်မေးမေး မကြားမိကြောင်းနဲ့၊မမြင်မိကြောင်းတို့ကိုသာကြာသိရသဖြင့်-လမ်းတိုင်း၊ရပ်ကွပ်တိုင်းသို့လိုက်အာ်(ကြေငြာ)တာတော့မဟုတ်ကြောင်းပြောပြပါသည်
ဂျုလိုင်လ(၂၂)ရက်နေ့က-ကိုသိန်းမင်းထွန်းကို-ရဲနှစ်ယောက်က ကိုယ်ရေးအကျဉ်းလာမေးကြောင်း၊သိရပါသည် သူက-ဘာအတွက်လာမေးရသည်ကိုထိုရဲတွေကိုမေးတော့ရေေ၇ရာရာမဖြေနိုင်ပဲအထက်ကမေးခိုင်းလို့-ဟုသာပြောပြီး သူ့အနေနှင့်တော့-အာဇာနည်နေ့က-သူတို့က-ပွင့်လင်းလူ့ဘောင်-ခေါင်းစဉ်နှင့်-ပန်းခွေချခဲ့ပြီး-သူတို့လိုအခြားအဖွဲ့တွေလဲ-ပန်းခွေတွေချခဲ့ကြပါတယ်-သူတို့တွေအားလုံးပန်းခွေချပြီးအလေးပြုကြပါတယ်အလေးပြုပြီး-ပန်းခွေတွေကို-အားလုံးပြန်ယူသွားခဲ့ပါတယ်-ဒါပေမဲ့တခုရှိတာက သူက ရှေ့ဆုံးရောက်နေသဖြင့်-အဖွဲ့အားလုံးရဲ့ပန်းခွေတွေကိုသူတယောက်ထဲကပဲလက်ဆင့်ကမ်းပေးကြသဖြင့်ကူညီပြီးပန်းခွေတွေအားလုံးနီးပါးကို-သူတယောက်ထဲကသယ်ယူပြီးချပေးခဲ့တာဖြစ်သဖြင့် သူ့ကိုတော့အရေးယူတော့မယ်လို့ထင်ကြောင်းပြောပြပါတယ်။
ထိုကိစ္စအတွက်-ရန်ကုန်မှတရာလွှတ်တော်ရှေ့နေကြီး၊နီုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်သူ ဦးရောဘတ်ဆန်းအောင် က-ပုဒ်မ(၁၈၈)ဆိုတာရုံးချိန်မှာထုပ်ပြန်ရတာ-မြို့နယ်အဆင့်ဝန်ထမ်းကထုပ်ပြန်တယ်ဆိုရင်-တမြို့နယ်လုံးသိအောင်ကြေငြာရတယ်-အမြားပြည်သူသိအောင်ကြေငြာရတယ်-ဥပဒေနဲ့အညီချရတဲ့အမိန့်ဖြစ်ရမယ်-ဥပဒေနဲ့ညီကြောင်းကိုရှင်းလင်းနိုင်ရမယ်ဥပဒေကိုဖီဆန်နေတဲ့အမိန့်တိုင်းကပုဒ်မ(၁၈၈)မမြောက်ဘူး၊ဥပဒေနဲ့မညီရင်အကျုံးမ၀င်ဘူး-ထုပ်တဲ့ဥပဒေက ဥပဒေနဲ့ညီမညီ ကိုစောတကတက်လို့ရတယ်-တကယ်လို့-သူတို့ဒီလိုလုပ်ချင်ရင်-လုပ်လို့ရတဲ့ပုံစံက-ကြောက်ရုပ်တွင်ပန်းခွေမချရအရေးယူခြင်းခံရမယ်-]စသဖြင့် ပဲလုပ်လို့ရမယ်-အခုဟာကချိမ်းချောက်တဲ့ပုံစံဖြစ်နေတယ်- လို့သူကပြောပြပါတယ်။
မနှစ်က-လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး လာတုံးကတော့- အာဇာနည်နေ့က အနိဋာရုံ အခမ်းအနားဖြစ်လို့မြို့လည်မြင်းစီးကျောက်ရုပ်မှာ ပန်းခွေချအခမ်းပြုလုပ်ရန်မသင့်တော်ကြောင်းကိုပြောပြခဲ့ပါသည်။
ထိုစဉ်က-ထိုဝန်ကြီးဖိတ်ကြားမှုကြောင့်သွားတက်ခဲ့ရသူ-နိုင်ငံရေးအကျဉ်းသာဟောင်းကို-ကျော်ဆန်းက-အရမ်းရက်ဆက်တယ်ဗျာ-သူတို့မလို့ဒီလိုပြောထွက်တယ်-ဒီအာဇာနည်တွေရဲ့ကျေးဇူးကိုကန်းတာဗျ-မြို့လည်ခေါင်-မြင်းစီးကျောက်ရုပ်မျက်နှာခြင်းဆိုင်က-ဗိုလ်ရှုခံအဆောက်အဦးကိုတော့-အရက်ဆိုင်ဖွင့်ဘို့-စည်ပင်-ကငှားထားတာတော့-တင့်တယ်ပြီး-ဒီကျေးဇူးရှင်တွေကိုတော့ကျေးဇူးကန်းနေကြတယ်လို့-သူကပြောပြပါတယ်။အဆိုပါ သိန်းမင်းထွန်းဟာ မိမိနေထိုင်ရာရပ်ကွက်အတွင်း မှာ လည်း ရိုးသားကြိုးစားသူသာဖြစ်ပြီး ရပ်ကွက် မှ ရပ်ရေးရွာရေးများကိုလည်းမိမိကိုယ်တိုင် ဦးစီး ဦးဆောင်ပြီးဘာသာရေး သာသနာရေးများကို ရိုးသားကြိုးစားသူဖြစ်ပါတယ် ဒီလိုလူတွေကိုခဏခဏ တရားစွဲနေရင်တော့ တရားစွဲတဲ့သူတွေ အစွဲခံရတဲ့ လူတစ်ယောက်ရဲ့နေရာမှာ သွားနေကြည့် လူတစ်ယောက်တန်ဖိုးကိုဘာမှမသိဘဲ ရမ်းပြီးအမှု့ဖြစ်ရင် ပြီးရောဆိုပြီး တွေးနေကြတာတွေ တနေ့ကောင်းကောင်းကြီး ပညာဖို့ စီစဉ်ထားပါတယ်လို့  မြို့နေ လူတစ်ဦးမှ ပြောကြားသွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

0 comments:

Post a Comment

Facebook Like Page