Tuesday, July 2, 2013

ရွှေတောင်မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှုးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး သိရှိစေရန်တင်ပြထား

Leave a Comment
 
ကျွန်တော်တို့ရွှေတောင်မြို့နယ် ရွှေဟင်္သာကျေးရွာအုပ်စုသည် မြေနုကျွန်းမြေများဖြစ်ပါသည် မြေရင့်မြေမာများ
လုံးဝမရှိပါ တချိန်က မြစ်ကျောက်စရစ်တူးဖော်သော လှေများမှာ အနည်းငယ်သာရှိပါသည် ထိုအနည်ငယ်မှာတောင် ကျောက်စရစ်တူးဖော်ခြင်းကြောင့် ကမ်းပါးပြိုလို့ ပြောင်းရွေ့ခဲ့ရတဲ့ရွာတွေတောင်အကြိမ်ရည်မနည်းတော့ပါဘူး လုပ်စားလာခဲ့တဲ့မြေများဆုံးရှုံးလို့ ဆင်းရဲတွင်းလည်းနက်နေရပါတယ်


ရွှေဟင်္သာကျေးရွာမှာ တစ်ရွာလုံး (၄)ကြိမ်
စကားမြားကျေးရွာမှာ တစ်ရွာလုံး(၃)ကြိမ်
ကျွန်းမီးကျေးရွာမှာ တစ်ရွာလုံး(၆)ကြိမ်
အဲလိုတွေပြောင်းရွေ့ခဲ့ရပါတယ် ရွာလုံးကျွတ်တစ်ကြိမ်ပြောင်းရင် ဘယ်လောက်ထိကုန်ကျမယ်ဆုံးရှုံးမှု့တွေဘယ်လောက်ရှိနေမယ်ဆိုတာကိုခန့်မှန်းကြည့်နိုင်ပါတယ် ယနေ့အချိန်အထိ ယာယီတဲကလေးများနှင့်နေထိုင်နေရသူများလည်းရှိနေပါသေးတယ် မိဘတွေက မြို့ရွာတွေမှာစီးပွားရှာသွားတဲ့အချိန်မှာ အိမ်မှာကျန်ခဲ့တဲ့သမီးငယ်လေးများကိုလည်း လူသားမဆန်စွာ လုံခြုံမှု့မရှိတဲ့အိမ်ကြောင့် ရက်စက်စွာအနိုင်ပြုကျင့်ခဲ့တဲ့ ရင်နင့်ဖွယ်တွေလည်းတော်တော်ရှိနေရပါပြီ အဲလိုအဆင်မပြေမှု့အဓိက ကတော့ ဒီမြစ်ကျောက်စရစ်တူးဖော်လို့ ကမ်းပါးပြိုပြီး နေစရာမရှိလို့မွဲခဲ့ရတဲ့အဖြစ်တွေကစခဲ့တာပါ ယနေ့ 18.6.2013 ရက်ပိုင်းမတိုင်ခင်အချိန်တွေမှာတော့ မြစ်ကျောက်စရစ်တူးဖော်တဲ့သူတွေဟာ ကျွန်တော့တို့နဲ့ တစ်မြေတည်းနေပြီး တစ်ရွာလုံးအိမ်ခြေ(၄၀)ခန့်တစ်ရွာတည်ပြီးမြစ်ကျောက်စရစ်တူးဖော်ခြင်းများပြုလုပ်နေပါတယ် ဘယ်လောက်ထိလုပ်လာသလည်းဆိုရင် C.P.သဘောင်္ကြီး(၅) စင်းလောက်နဲ့လာရောက်စုပ်ယူပြီးအကြီးအကျယ်လုပ်နေကြပါတယ် အရင်က သဘောင်္ငယ်လေးများနဲ့တောင်ရွာတွေပြောင်းရွေ့ခဲ့ရတာတွေလူမမယ်ကလေးမလေးတွေရဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ရတာကိုအားမရလို့ထင်ပါတယ်ဗျာ ပြောရင်းနဲ့ဝမ်းနည်းမိပါတယ်ဗျာ ကိုပြည်သတင်းလူငယ်လည်း တတ်နိုင်တဲ့ဘက်ကကူညီပေးလို့ကျေးဇူးတင်ပါတယ်ဗျာ သဘာဝ ပတ်ဝန်းကျင်ကိုဖျတ်စီးနေတဲ့ ဒီကိစ္စတွေကို ၀ိုင်းဝန်းကူညီပေးစေလိုပါတယ်...ဆိုင်ရာပိုင်ရာ ဌာနအသီးသီးကိုလည်းတင်ပြပေးကြပါ အမြန်ဆုံးကယ်တင်ပေးပါရန် တစ်ရက်ကို တစ်ရက်ကမ်းပါးပြိုမှု့တွေကြောင့်ရင်ထိပ်နေရပါတယ်......

7.6.2013 ရက်စွဲပါ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှုးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး သိရှိစေရန်တင်ပြထားပါသည်....  

ကိုစိုးကျော်ထိုက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ မှ ပြည်သတင်းလူငယ်အားပြောကြားခဲ့ပါသည်......



0 comments:

Post a Comment

Facebook Like Page