၂၄-၄-၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ညီအစ်မ(၂)ဦးသည် နေအိမ်၌ရှိနေစဉ်
လှိုင်သာယာမြို့နယ်နေ မသက်သက်မွန်နှင့် ၎င်း၏မိခင်ဖြစ်သူ
ဒေါ်လှလှဝင်းတို့ရောက်ရှိလာပြီး တရုတ်နိုင်ငံ၊ ရွေလီမြို့ရှိ
ငှက်ပျောခြံတွင် စရိတ်ငြိမ်းတစ်လလျှင် ကျပ်(၂)သိန်း ရမည်ဟု
ပြောဆိုစည်းရုံးခဲ့သည်။ အလားတူ ၂၅-၄-၂ဝ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ်နေ
မ××××သည် နေအိမ်တွင်ရှိနေစဉ် ခင်မင်ရင်းနှီးသူ အောင်ဖြိုးဦးဆိုသူမှ
၎င်း၏သူငယ်ချင်းပိုင်ဆိုင်သည့် ငှက်ပျောခြံတွင် စားစရိတ်ငြိမ်း
တစ်လလျှင်ကျပ်(၂)သိန်းရမည်ဟု စည်းရုံးခဲ့ကာ လှိုင်သာယာမြို့နယ်နေ
မသက်သက်မွန်နှင့်တွေ့ဆုံပေးခဲ့သည်။ ၎င်းအပြင် မသက်သက်မွန်၏မိဘများဖြစ်သော
ဦးမင်းအောင်နှင့် ဒေါ်လှလှဝင်းတို့မှလည်း ထပ်မံစည်းရုံးပြောဆိုခဲ့သည်။
၎င်းနောက် ၂၆-၄-၂ဝ၁၃ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ညီအစ်မ(၂)ဦးနှင့် အင်းစိန်မြို့နယ်မှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၃)ဦးတို့အား ရန်ကုန်-မန္တလေး-မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်၊ ထိုမှတစ်ဆင့် ရှန်းတုန်းပြည်နယ်၊ ဖိန်းရှန်မြို့သို့ ဆက်လက်ခေါ်ဆောင် သွားသည်။ ၄-၅-၂ဝ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံသို့ခေါ်ဆောင်လာသူအမျိုးသမီးမှ ၎င်းတို့စည်းရုံး ခေါ်ဆောင်လာသူ(၃)ဦးအနက် အမျိုးသမီး(၁)ဦးအား တရုတ်အမျိုးသားထံရောင်းစားခဲ့ပြီး ကျန်(၂)ဦးအား အခြားအခန်း(၁)ခန်းသို့ ပို့ဆောင်ပိတ်လှောင်၍ အစောင့်များနှင့် စောင့်ကြပ်ထားရှိခဲ့သည်။ ၉-၅-၂ဝ၁၃ ရက်နေ့တွင် အစောင့်များမရှိစဉ် ၎င်းတို့(၃)ဦးမှ ခေါ်ဆောင်လာသူအမျိုးသမီးအား ရိုက်နှက်၍ ထွက်ပြေးလာကာ မူဆယ်မြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုသို့ ဖုန်းဖြင့်ဆက်သွယ်အကူအညီ တောင်းခံခဲ့ရာမှ ၁၉-၆-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
သို့ဖြစ်၍ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ အမျိုးသမီး(၂)ဦးနှင့် အင်းစိန်မြို့နယ်မှ အမျိုးသမီး (၁)ဦးတို့အား အလုပ်ရမည်ဟုလိမ်လည်ပြောဆိုပြီး ရန်ကုန်မှတရုတ်နိုင်ငံသို့ အဆင့်ဆင့်ခေါ်ဆောင် သွားကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ လှိုင်သရဖူလမ်းနေ မလှလှဝင်း(၄၂)နှစ်နှင့် ခင်ပွန်းဖြစ်သူ မင်းအောင်(၃၈)နှစ်၊ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ ပီမိုးနင်း(၅)လမ်းနေ အောင်ဖြိုးဦး(၂၂)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်နေသူ မသက်သက်မွန်(ခ)ဇင်မာစု(ခ) လင်းလင်းတို့ ၄ ဦးအား အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်)မှ တရားလို ပြုလုပ်၍ ၂ဝ-၆-၂ဝ၁၃ ရက်တွင် တိုင်တန်းခဲ့ရာ မူဆယ်မြို့မ ရဲစခန်း(ပ)၁၂၆/၂ဝ၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ မ××××သည် မိသားစုနှင့်အတူ အဆောင်၌ အခန်းငှားနေထိုင်စဉ် လှိုင်သာယာမြို့နယ်နေ ဒေါ်လှလှဝင်း ရောက်ရှိလာပြီး တရုတ်နိုင်ငံ၊ ရွေလီမြို့ရှိငှက်ပျောခြံတွင် တစ်လလျှင်ကျပ်(၁)သိန်းဖြင့် (၆)လအလုပ်လုပ်မည်ဆိုပါက (၃)သိန်းကြိုတင် ပေးမည့်အပြင် လမ်းစရိတ်ပါကျခံပေးမည်ဟုပြောဆိုစည်းရုံးသဖြင့် မ××××သည် ၁ နှစ် ၇ လသား အရွယ် သမီးဖြစ်သူကိုပါခေါ်ဆောင်၍ ၂၉-၃-၂ဝ၁၃ ရက်နေ့တွင် ဒေါ်လှလှဝင်း၊ လှိုင်သာယာမြို့နယ်နေ မင်းအောင်တို့နှင့်အတူ ရန်ကုန်-မန္တလေး-မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်သို့ လိုက်ပါသွား ခဲ့သည်။ နောက်တစ်နေ့တွင် ရှန်းတုန်းပြည်နယ်၊ ဖိန်းရှန်မြို့သို့ ထပ်မံခေါ်ဆောင်သွားပြီး တရုတ် အမျိုးသားထံ သားမယားအဖြစ်ရောင်းစားခဲ့ရာ တရုတ်အမျိုးသားနှင့် တစ်ပတ်ခန့်ပေါင်းသင်းခဲ့ ပြီးနောက် ခေါ်ဆောင်လာသူအမျိုးသမီးထံ ပြန်လည်ရောက်ရှိနေထိုင်ခဲ့သည်။ ထို့နောက် လူများမရှိခိုက် မ××××သည် ၎င်း၏သမီးနှင့်အတူထွက်ပြေးလာရာ တရုတ်ရဲ၏အဖမ်းခံရပြီး နောက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုသို့ ပြန်လည်လွဲပြောင်းပေးသဖြင့် ၁၈-၆-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့ဖြစ်၍ လှိုင်သာယာ မြို့နယ်နေ မ××××အား ငှက်ပျောခြံတွင်အလုပ်လုပ်ရမည်ဟု လိမ်လည်ပြောဆိုပြီး ရန်ကုန်မှ တရုတ်နိုင်ငံသို့ အဆင့်ဆင့် ခေါ်ဆောင်ကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ လှိုင်သရဖူလမ်းနေ မလှလှဝင်း(၄၂)နှစ်ပါ (၂)ဦးအား အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်၍ ၂ဝ-၆-၂ဝ၁၃ ရက်နေ့တွင် တိုင်တန်းခဲ့ရာ မူဆယ်မြို့မရဲစခန်း(ပ)၁၂၇/၂ဝ၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူများသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်၍ ၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၂ဝ-၆-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အခ တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅) ရပ်ကွက်၊ လှိုင်သရဖူလမ်းနေ မလှလှဝင်း(၄၂)နှစ်၊ ၎င်း၏ခင်ပွန်းဖြစ်သူ မင်းအောင်(၃၈)နှစ်နှင့် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ ပီမိုးနင်း(၅)လမ်းနေ အောင်ဖြိုးဦး (၂၂)နှစ်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး မသက်သက်မွန်(ခ)ဇင်မာစု(ခ)လင်းလင်းမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်းအားအမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် မူဆယ်ရဲစခန်းမှ အဆိုပါလူကုန်ကူးမှုများအား အမြန်ဆုံးတရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit: Myanmar Police Force၎င်းနောက် ၂၆-၄-၂ဝ၁၃ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ညီအစ်မ(၂)ဦးနှင့် အင်းစိန်မြို့နယ်မှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၃)ဦးတို့အား ရန်ကုန်-မန္တလေး-မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်၊ ထိုမှတစ်ဆင့် ရှန်းတုန်းပြည်နယ်၊ ဖိန်းရှန်မြို့သို့ ဆက်လက်ခေါ်ဆောင် သွားသည်။ ၄-၅-၂ဝ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံသို့ခေါ်ဆောင်လာသူအမျိုးသမီးမှ ၎င်းတို့စည်းရုံး ခေါ်ဆောင်လာသူ(၃)ဦးအနက် အမျိုးသမီး(၁)ဦးအား တရုတ်အမျိုးသားထံရောင်းစားခဲ့ပြီး ကျန်(၂)ဦးအား အခြားအခန်း(၁)ခန်းသို့ ပို့ဆောင်ပိတ်လှောင်၍ အစောင့်များနှင့် စောင့်ကြပ်ထားရှိခဲ့သည်။ ၉-၅-၂ဝ၁၃ ရက်နေ့တွင် အစောင့်များမရှိစဉ် ၎င်းတို့(၃)ဦးမှ ခေါ်ဆောင်လာသူအမျိုးသမီးအား ရိုက်နှက်၍ ထွက်ပြေးလာကာ မူဆယ်မြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုသို့ ဖုန်းဖြင့်ဆက်သွယ်အကူအညီ တောင်းခံခဲ့ရာမှ ၁၉-၆-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
သို့ဖြစ်၍ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ အမျိုးသမီး(၂)ဦးနှင့် အင်းစိန်မြို့နယ်မှ အမျိုးသမီး (၁)ဦးတို့အား အလုပ်ရမည်ဟုလိမ်လည်ပြောဆိုပြီး ရန်ကုန်မှတရုတ်နိုင်ငံသို့ အဆင့်ဆင့်ခေါ်ဆောင် သွားကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ လှိုင်သရဖူလမ်းနေ မလှလှဝင်း(၄၂)နှစ်နှင့် ခင်ပွန်းဖြစ်သူ မင်းအောင်(၃၈)နှစ်၊ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ ပီမိုးနင်း(၅)လမ်းနေ အောင်ဖြိုးဦး(၂၂)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်နေသူ မသက်သက်မွန်(ခ)ဇင်မာစု(ခ) လင်းလင်းတို့ ၄ ဦးအား အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်)မှ တရားလို ပြုလုပ်၍ ၂ဝ-၆-၂ဝ၁၃ ရက်တွင် တိုင်တန်းခဲ့ရာ မူဆယ်မြို့မ ရဲစခန်း(ပ)၁၂၆/၂ဝ၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ မ××××သည် မိသားစုနှင့်အတူ အဆောင်၌ အခန်းငှားနေထိုင်စဉ် လှိုင်သာယာမြို့နယ်နေ ဒေါ်လှလှဝင်း ရောက်ရှိလာပြီး တရုတ်နိုင်ငံ၊ ရွေလီမြို့ရှိငှက်ပျောခြံတွင် တစ်လလျှင်ကျပ်(၁)သိန်းဖြင့် (၆)လအလုပ်လုပ်မည်ဆိုပါက (၃)သိန်းကြိုတင် ပေးမည့်အပြင် လမ်းစရိတ်ပါကျခံပေးမည်ဟုပြောဆိုစည်းရုံးသဖြင့် မ××××သည် ၁ နှစ် ၇ လသား အရွယ် သမီးဖြစ်သူကိုပါခေါ်ဆောင်၍ ၂၉-၃-၂ဝ၁၃ ရက်နေ့တွင် ဒေါ်လှလှဝင်း၊ လှိုင်သာယာမြို့နယ်နေ မင်းအောင်တို့နှင့်အတူ ရန်ကုန်-မန္တလေး-မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်သို့ လိုက်ပါသွား ခဲ့သည်။ နောက်တစ်နေ့တွင် ရှန်းတုန်းပြည်နယ်၊ ဖိန်းရှန်မြို့သို့ ထပ်မံခေါ်ဆောင်သွားပြီး တရုတ် အမျိုးသားထံ သားမယားအဖြစ်ရောင်းစားခဲ့ရာ တရုတ်အမျိုးသားနှင့် တစ်ပတ်ခန့်ပေါင်းသင်းခဲ့ ပြီးနောက် ခေါ်ဆောင်လာသူအမျိုးသမီးထံ ပြန်လည်ရောက်ရှိနေထိုင်ခဲ့သည်။ ထို့နောက် လူများမရှိခိုက် မ××××သည် ၎င်း၏သမီးနှင့်အတူထွက်ပြေးလာရာ တရုတ်ရဲ၏အဖမ်းခံရပြီး နောက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုသို့ ပြန်လည်လွဲပြောင်းပေးသဖြင့် ၁၈-၆-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့ဖြစ်၍ လှိုင်သာယာ မြို့နယ်နေ မ××××အား ငှက်ပျောခြံတွင်အလုပ်လုပ်ရမည်ဟု လိမ်လည်ပြောဆိုပြီး ရန်ကုန်မှ တရုတ်နိုင်ငံသို့ အဆင့်ဆင့် ခေါ်ဆောင်ကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ လှိုင်သရဖူလမ်းနေ မလှလှဝင်း(၄၂)နှစ်ပါ (၂)ဦးအား အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်၍ ၂ဝ-၆-၂ဝ၁၃ ရက်နေ့တွင် တိုင်တန်းခဲ့ရာ မူဆယ်မြို့မရဲစခန်း(ပ)၁၂၇/၂ဝ၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူများသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်၍ ၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၂ဝ-၆-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အခ တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅) ရပ်ကွက်၊ လှိုင်သရဖူလမ်းနေ မလှလှဝင်း(၄၂)နှစ်၊ ၎င်း၏ခင်ပွန်းဖြစ်သူ မင်းအောင်(၃၈)နှစ်နှင့် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်(၅)ရပ်ကွက်၊ ပီမိုးနင်း(၅)လမ်းနေ အောင်ဖြိုးဦး (၂၂)နှစ်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး မသက်သက်မွန်(ခ)ဇင်မာစု(ခ)လင်းလင်းမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်းအားအမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် မူဆယ်ရဲစခန်းမှ အဆိုပါလူကုန်ကူးမှုများအား အမြန်ဆုံးတရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment