Tuesday, July 23, 2013

ဆောင်းပါးရှင်..မင်းယွန်း(ခေတ္တရာ) မှ ပြည်သတင်း သို့ လူသားချင်းစာနာမှူ့လူတိုင်းရှိသင့်(ဒုတိယပိုင်း)..

Leave a Comment


  အခုတင်ပြပေးသွားမှာကတော့ ပထမတစ်ခေါက်တုန်းကဖြစ်ခဲ့တဲ့ အကြောင်းအရာလေးပါ။ဆိုခဲ့တဲ့အတိုင်း သားက ၁၆.၁၀.၂၀၁၂ ရက်နေ့ နေ့လည်ပိုင်းကျမှ ပြိုင်ရမှာဆိုတော့  နောက်နေ့မနက် (၆း၀၀)ကားနဲ့ပဲပြန်ဖြစ်ခဲ့ပါတယ်။
အဲဒိနေ့ကားက ဖြေးဖြေမှန်မှန်လေးမောင်းတာဆိုတော့ ခရီးသည်နည်းလို့ ခရီးသည်စောင့်ရင်းမောင်းနေတာလို့ပဲထင်မိပါတယ်။ဒီလိုနဲ့စီးလာရင်း အောင်လံမြို့ရောက်ဖို့ (၁၀)မိုင်ကျော် အကွာလောက်ပဲလိုတော့တယ်လို့ထင်မိပါတယ်။
အဲမှာရွာလေးတစ်ရွာရှိပါတယ် အဲဒိရွာကလူတစ်ယောက်ထွက်လာပြီး ကျွန်တော်တို့စီးလာတဲ့ကားကိုတားပါတယ်။ကားလည်းရပ်ပေးရော သူကရွာထဲကနေကားလမ်းမကြီးကိုထွက်တဲ့လှည်းလမ်းလေးဘက်ကို လက်ယပ်ပြီးခေါ်လိုက်တယ်
အဲမှာလှည်းတစ်စီးထွက်လာပြီး လှည်းပေါ်ကနေလူ နှစ်ယောက် ဆင်းလာကြပါတယ်။မိန်းကလေးတစ်ယောက် နှင့် ယောက်င်္ကျားလေး တစ်ယောက်ပါ။ကျွန်တော်ကလည်း ကားပေါ်ကနေအဆိုပါ မြင်ကွင်းကိုစိတ်ဝင်စားတာနဲ့ အသေအချာကြည့်
မိပါတယ် တကယ့်ကိုမှ ပီဘိတောသူတောင်သားတွေပါ။ပိုပြီးစိတ်ဝင်စရာကောင်းတာကတော့ ယောက်င်္ကျားဖြစ်သူရဲ့ ပုခုံးပေါ်မှာ မိန်မ၀တ်လုံခြည်တစ်ကွင်းကိုစလွယ်သိုင်းထားပြီး လက်မောင်းမှာလည်း လက်ဖွဲ့လိုလိုစည်းနှောင်ထားပါတယ်
အဆိုပါလူ နှင့် အတူလိုက်ပါလာကြသောသူတို့၏မျက်နှာပုံတွေမှာမသာယာကြပါ။သူတို့အားလုံးရဲ့ မျက်နှာတွေမှာ ၀မ်းနည်းမှု့တွေစိတ်မကောင်းတဲ့ပုံတွေ အတိုင်းသားပေါ်လွင်နေပါတယ်။အဆိုးဆုံးကတော့ ထဘီကိုစလွယ်သိုင်းထားတဲ့လူပါပဲ။
ကျွန်တော့အတွေး နှင့် မှန်းကြည့်လိုက်မိတယ်  အင်း....ဒီလူ..သူ့အမေဆုံးလို့သဂြိုလ်ပြီး သူ့အမေထဘီကို လွယ်ထားတာပဲလို့တွေးခဲ့မိပါတယ်။
        သူတို့ နှစ်ယောက်ကားပေါ်ရောက်လာပြီး ကျွန်တော်ရဲ့ ခုံ (၄)ခုံကျော်လောက်မှာဝင်ထိုင်နေကြပါတယ်။ထို့ကြောင့်ကျွန်တော်လည်း စပ်စုလို့မရတော့လို့အသာလေးအတွေးတွေ နှင့်မျှောနေခဲ့ပါတယ်။ ဒီလိုနဲ့ ကားဆက်ထွက်လာပြီး ကန်နှစ်ဆင့်
ဆိုတဲ့ရွာက ထမင်းဆိုင်မှာ ထမင်းစားနားဖို့ကားကိုရပ်လိုက်ကြပါတယ်။ဒါ့ကြောင့်လည်း အလွန်နှေးကွေးစွာ မောင်းနှင်လာသော ကားဆရာတို့က အချိန်ကိုက်စွာနဲ့ နှေးကွေးစွာမောင်းလာတယ်ဆိုတာကိုသဘောပေါက်မိတယ်။ဒါနဲ့ထုံးစံအတိုင်းကားပေါ်
မှ အကုန်ဆင်းပေးရတာပေါ့။ဟိုထဘီစလွယ်သိုင်းထားတဲ့သူတို့ကလည်း ကားပေါ်မှဆင်းပြီး မြက်ဖျာလေးခင်းထိုင်နေကြတာပေါ့။ကျွန်တော်ကလည်းနဂိုကမှမေးချင်နေတာဆိုတော့ စိတ်ဝင်စားလွန်းလို့ ပါ မနေနိုင် မထိုင်နိုင် စပ်စုမိလိုက်ပါတယ်။
အဲဒိတော့မှ အတွေးကတက်တက်စင်အောင် လွဲတော့တာပါပဲ။နောက်ထပ်အတွေးတွေက တရစပ်ဝင်လာပါတော့တယ်။အဲဒိလူက ပဲရိတ်ရင်းပိုးထိ(မြွေကိုက်)ခံရတာတဲ့။ သြော်....ဒီလိုကိစ္စမျိုးတွေက ဆေးရုံအမြန်ရောက်မှဖြစ်မှာလေ။အခုကားက ဒီမှာ
ထမင်းစားနားတာဆိုတော့ ကြာဦးမှာလေ။နောက်လာတဲ့ကားတစ်စီးကို တားပြီး အမြန်လိုက်သွားလိုက်ပါလားလို့ ကျွန်တော်က အကြံပေးပေမဲ့ သူတို့က အင်းမလုပ် အဲမလုပ်နဲ့ ဘာမှပြန်မပြောကြဘူး။ပုံစံကြည့်ရတာတော့ အခုစီးလာတဲ့ ကားခကို
ကားဆရာကိုပေးပြီး နောက်ထပ်ကားခ မပါတော့လို့နဲ့တူတယ်လို့ထင်မိပါတယ်။ အဲအချိန်မှာ ကိုရွှေကားဆရာတို့ကတော့ သီးသန့်ခန်းထဲမှာ အေးအေးလူလူ ထမင်းများစားသောက်လို့ပေါ့။ကားပေါ်ကိုခရီးသည် တက်လာပြီဆိုကတည်းက သူတို့
ရှိတဲ့ ကားအရှေ့ပေါက်ကနေတက်ရတာ။ သူတို့ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။တကယ်ဆိုရင် လူနာတွေကို အောင်လံဆေးရုံကိုအရောက်ပို့ပေးပြီးမှ အောင်လံ သို့ မဟုတ် အောင်လံ ကျော်မှာ ထမင်းစားလည်းရနိုင်တာပဲမဟုတ်လား။သူတို့(အခမဲ့)
ထမင်းစားရဖို့အရေးဟာ လူတစ်ယောက် အသက်ထက်ပိုအရေးကြီးနေသလိုပါပဲ။ ဒီကိစ္စ တွေဟာအချိန်အနည်းငယ် နောက်ကျတာနှင့် အသက်အန္တာရယ် အလွန်စိုးရိမ်ရပါတယ်။ဒါတွေကို သိထားသင့်ပါတယ်။စိတ်မကောင်းစရာပါပဲ။လူတွေဒီလောက်
ကိုယ်ချင်းစာတရားတွေခေါင်းပါးနေကြပြီလား။ကိုယ့်ကားပေါ်မှာရှိတဲ့ ခရီးသည်တွေပေါ်မှာ ကိုယ်ဟာတာဝန်အရှိဆုံးလူဆိုတာကိုရော မေ့နေတာလား။ မျက်ကွယ်ပြုနေတာလား။လူသားချင်းစာနာမှု့တွေ အော်နေကြရုံနှင့် မပြီးသေးပါဘူး။လူတိုင်း
လူတိုင်းရဲ့ ရင်ထဲမှာ  လူသားချင်းစာနာစိတ်တော့ လူတိုင်းမွေးသင့်ပါတယ် ။ရှိနေသင့်ပါတယ်။အဲဒါမှ လူ့ဘောင်လူ့လောကကြီး လုံခြုံပြီး ငြိမ်းချမ်းနိုင်မှာပါ။
                            ဒီဖြစ်စဉ်အစ အဆုံးကို ခြုံငုံသုံးသပ်မိတဲ့အခါ မြွေကိုက်ခံရတဲ့သူရဲ့ ပုံစံကို ကြည့်ရုံ နှင့် ကျေးလက်ပညာရေး။အသိပညာဖွံ့ဖြိုးမှု့။ကျေးလက်ကျန်းမာရေးအခြေအနေတွေကိုသိရှိနားလည်နိုင်မှာပါ။အဲဒိလိုအတွေးအမျှင်တန်းနေစဉ်မှာပဲ
အောင်လံဆေးရုံရောက်လို့ ဒီလူတွေဆင်းသွားပြီဆိုမှပဲ။စိတ်တစ်ဝက်သက်သာခဲ့ရပါတယ်။ဒါပေမဲ့ ဆေးရုံမှာ ရင်ဆိုင်ရမဲ့ သူ့ရဲ့ ကံကြမ္မာကိုတော့ ကျွန်တော်သိခွင့်မရခဲ့တော့ပါ။ဖြစ်စေချင်တာကတော့ ပြောင်းလည်းလာတဲ့ယနေ့ခေတ်ကြီးထဲမှာ လူတိုင်း
လူတိုင်း ဘယ်သူသေသေ ငတေမာ စိတ်ဓါတ်တွေကိုတော့ ပြင်ဖို့ကောင်းကြပါပြီလို့ပဲပြောချင်ပါတယ်.......။။။။။။           ပြည်သတင်း.....မှ ဆောင်းပါးရှင် မင်းယွန်း(ခေတ္တရာ) အားအထူးပင်ကျေးဇူးတင်မိပါကြောင်းနှင့် ဒီဆောင်းပါးကို စာရွက်ပဲပေးခဲ့တာပါ
အေဖိုး စာရွက်ပေါ်မှ စာလုံးလေးများကို မနည်းကြိုးစားပြီး စာများပြန်ရိုက်ခဲ့ရပါတယ်....ပြည်သတင်း.......အသိပညာ။အတတ်ပညာများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ.......

0 comments:

Post a Comment

Facebook Like Page