Wednesday, July 31, 2013

ဆီဖိုးငွေ(70000) ခုနှစ်သောင်းကျပ် ပေးရမယ်လို့ စည်ပင်မှ (SAE)ဦးဇော်မင်းဦး မှ ပြော

Leave a Comment


28.7.2013 ရက်နေ့ကသတင်းပါ။
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ကိုးသောင်းချင်းစုရပ်ကွက်တွင် အိမ်ခြေ(၅၀)ခန့်
ရှိရာမှာ အိမ်ခြေ(၂၀)ခန့်မှာ ရေများအလွန်ဝပ်လျှက်ရှိရာ သွားရေးလာရေး များနှင့် ကလေးသူငယ်ကျန်း
မာရေးများ ဆိုးရိမ်နေရပါတယ် ခြင်တွေအရမ်းကိုက်ပါတယ် အချိန်ပြည် ခြင်ထောင်များထောင်ထားရပါတယ်
ကလေးတွေလည်း ခြင်ကြောင့် သွေးလွန်တုပ်ကွေးများဖြစ်နေလျှက်ရှိပါတယ် လမ်းတွေကို တော့ရပ်ကွက်
နေသူများစုပေါင်းပြီး ပြုပြင်ကာသွားလာနေရပါတယ် အဆိုပါရေ၀ပ်မှူ့များမှာ နှစ်စဉ်နှစ်တိုင်း ၀ပ်နေတာဖြစ်
ပြီး ခါတိုင်းနှစ်များမှာ မိုးမှာရေတင်ပြီး နွေမှာတော့ ရေများခမ်းခြောက်သွားခဲ့တာပါ ယခုနှစ်မှာတော့ ထိုရေများ
မှာ ဘယ်လိုမှ မခမ်းခြောက်နိုင်ဘဲ ကလေးသူငယ်များလည်း သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံကြီးသို့ ပို့ဆောင်
ထားရပါတယ် ဟု ကိုးသောင်းချင်းစုရပ်ကွက် မှ ရပ်ကွက်သားတစ်ဦးဖြစ်သူ ကိုဇော်သူလင်းမှ ပြည်သတင်းသို့
ပြောကြားသည်။

ထိုရပ်ကွက်အနီး အောင်ဆန်းပြည်သာယာအပိုင်း(၁) ဆေးရုံလမ်းသစ် ဟိန္ဒူဘုရားကျောင်းဝန်းအတွင်းနေထိုင်သူ
ကိုကျော်မောင်မှလည်း ကျွန်တော်တို့ ဌာနဆိုင်ရာတွေကို လွန်ခဲ့သော(၃)လခန့်က စာတွေတင်ခဲ့ပါတယ် သုံးလအတွင်းမှာ
ခရိုင်။မြို့နယ်။ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး။စည်ပင်သာယာ။အဲဒိဌာနဆိုင်ရာတွေကို စာ(၃)ကြိမ်တင်ပြခဲ့ပါတယ်
ဘာမှမထူးသေးပါဘူး စည်ပင်ကလူကြီးတွေလာကြည့်တယ် ပြီးတော့ ရေမြောင်းတွေပြန်ဖောက်ပေးမယ်လို့ပြောပါ
တယ် သို့ပေမဲ့ သူတို့ကို ဆီဖိုးငွေ(70000) ခုနှစ်သောင်းကျပ် ပေးရမယ်လို့ စည်ပင်မှ (SAE)ဦးဇော်မင်းဦး မှ ပြော
ခဲ့ပါတယ် စဉ်းစားကြည့်ပါအုံး ကျွန်တော်တို့ ရပ်ကွက်က လူတွေကဆင်းရဲတယ်လေ ဒီငွေ(70000)ကို ဘယ်လိုစု
ပေါင်းပြီးပေးနိုင်မှာလည်း ကျွန်တော်တို့ ဖြစ်ချင်တာက စည်ပင်ကလူကြီးတွေရယ် ကျွန်တော်တို့ ရပ်ကွက် သူ/သား
များ ပေါင်းပြီး ဒီရေ၀ပ်မှူ့တွေ လမ်းလေးတွေကို စုပေါင်းပြုပြင်သွားပြီး ကျွန်တော်တို့ ရပ်ကွက်ဘက်ကလည်း တတ်
နိုင်သလောက်စုပေါင်းငွေလေး နှင့် ပေးသွားချင်ပါတယ် ငွေ(70000)ကိုတော့ဘယ်မတတ်နိုင်ပါဘူးခင်ဗျာ အဲဒိနောက်
တော့ ခုချိန်ထိ ဘယ်လူကြီး မှ မလာတော့တာပါဟု ကိုကျော်မောင်မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။

0 comments:

Post a Comment

Facebook Like Page