7.7.2013 ရက်နေ့ ည(၈း၀၀)နာရီအချိန်တွင် ပြည်မြို့လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ စနေဒေါင့် နှင့် တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားအားဖူးမျှော်နိုင်သော
ရွှေဆံတော်စေတီတော်မြတ်ကြီး ပထမ အောင်မြေ(အပြင်) တွင် ဖုန်းမော် အမှတ်တရ ဇူလှိုင်(7) ကျောင်းသားအရေးတော်ပုံ ကိုအမှတ်တရပွဲပြုလုပ်ခဲ့ကြပါသည် အဆိုပါအခမ်းအနားအမှတ်တရပွဲကို ဦးကျော်ဆန်း (နိုင်/ကျဉ်း) နှင့် ဦးမြင့်သိန်း(N.L.D)တို့ မှ ဦးဆောင်ကာ အင်အား (၂၀) ခန့်တက်ရောက်ခဲ့ပါသည် 7.ဇူလှိုင် ဖုန်းမော်နှင့် ဗ.က.သ ကျောင်းသားများ အတွက် ရွှေဆံတော်စေတီတော်မြတ်ကြီးစနေဒေါင့်တွင် အမျှဝေခြင်း ပန်းလှုခြင်း ဆီမီးထွန်းခြင်း မေတ္တာပို့ဝေခြင်းများကို အစီအစဉ်(၅) ခုနှင့်ပြုလုပ်ခဲ့ကြ ပြီး တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားအား ဖူးမျှော်နိုင်သောရွှေဆံတော်ရင်ပြင်တော်ပေါ်ရှိ ပထမ အောင်မြေ (အပြင်) မှာ ( (၁၉၆၅ ခုနှစ် ကျောင်းသားအရေးတော်ပုံ ဇူလှိုင်(7)ရက် )စာတမ်းပါ စာအုပ်ကို ဦးကျော်ဆန်း(နိုင်/ကျဉ်း) နှင့် ဦးမြင့်သိန်း(N.L.D)တို့မှ ဖက်ကြားသွားခဲ့ပြီး အမှတ်တရ စကားဝိုင်းများပြုလုပ်ပြီး အခမ်းအနားကို (၈း၅၄)မိနစ်အချိန်တွင် ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်....
0 comments:
Post a Comment