Sunday, July 21, 2013

လူသားခြင်းစာနာမှူ့ လူတိုင်းရှိသင့်(ဆောင်းပါးရှင် မင်းယွန်း (ခေတ္တရာ)...မှ ပြည်သတင်းသို့ (ပထမပိုင်း).22.7.2013..

Leave a Comment


လူသားခြင်းစာနာမှူ့ လူတိုင်းရှိသင့်(ဆောင်းပါးရှင် မင်းယွန်း (ခေတ္တရာ)...မှ ပြည်သတင်းသို့ (ပထမပိုင်း).22.7.2013..
**************************************************************

ကျွန်တော် ဒီဆောင်းပါးလေးကို ရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ ကိစ္စများမြောင်လူတို့ဘောင်မှာ အောက်ခြေလူတန်းစားဖြစ်တဲ့ ကျွန်တော်တို့အဖို့မှာ အချိန်ဆိုတဲ့အရာကြီးက တိုရေရှားရေနိုင်လှပါတယ်။ ဒီကြားထဲမှာ
ကိုယ်ဝါသနာပါရာ စာရေးသားခြင်းအလုပ်ကို မနည်းလုလုပ်နေရပါတယ်။ဒီဆောင်းပါးလေးကိုမရေးနိုင်သေးပေမဲ့ ဖြစ်ပျတ်ခဲ့တဲ့အကြောင်းအရာတွေကတော့ ရင်ထဲကထါက်မသွားခဲ့ပါဘူး။အဲဒါကြောင့် အခုလိုအလျှင်းသင့်တဲ့အချိန်ကျမှ ရေးသားလိုက်ရတာပါ။

တကယ်တော့ နေပြည်တော်ဆိုတာ ကျွန်တော်တို့အတွက် တစိမ်းဆန်လှပါတယ်။အကြောင်းကတော့ နေပြည်တော်နဲ့ ထိတွေ့ ဆက်ဆံရတဲ့ဝန်ထမ်းလည်းမဟုတ်။နေပြည်တော် ကိုသွားလာလည်ပတ်၊တည်းခိုရမဲ့ ဆွေမျိုးတွေကလည်း
မရှိဆိုတော့ နေပြည်တော်နဲ့ ကျွန်တော် သူစိမ်းဆန်တာ မမှာပါဘူး။ ဒါပေမဲ့ အခုပြီးခဲ့တဲ့နှစ် (၂၀၁၂)ခုနှစ် အောက်တိုဘာလ (၁)တည်းမှာကိုပဲ နေပြည်တော်ကို (၂)ကြိမ်တိုင်တိုင်ရောက်ခဲ့ပါတယ်။

ရောက်ခဲ့ရတဲ့အကြောင်းရင်းကတော့ သားတော်မောင်ဖြစ်တဲ့ (၇)တန်းကျောင်းသားက(၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှူ့ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု စန္ဒရားအတီးဝင်ပြိုင်
ဖြစ်လို့ပါပဲ။ဖခင်ဖြစ်တဲ့ကျွန်တော်က ပြိုင်ပွဲဝင် သားတော်မောင်နောက်လိုက်ပါအားပေးယင်း တစ်ကြိမ်ရောက်ခဲ့ပါတယ်။သားတော်မောင်က ၁၆.၁၀.၂၀၁၃ ရက်နေ့မှာ ပြိုင်ရပါတယ်။ အဲဒိနောက်နေ့မှာပါ သားကို ဆရာတွေနဲ့အပ်ပြီး ကျွန်တော်က နေပြည်တော်-ပြည်
ပြေးဆွဲနေတဲ့ express နဲ့ပြည်လာခဲ့တယ်။အိမ်ရောက်လို့သိပ်မနေလိုက်ရပါဘူး သားက ၂၀.၁၀.၂၀၁၂ ရက်နေ့မှာ ဆုယူရမယ်ဆိုပြီးဖုန်းဆက်လာတာနဲ့ နောက်တစ်ကြိမ် ပြန်သွားရပါတယ်။ အဲဒိနှစ်ခေါက်က ဒီဆောင်းပါးရေးဖို့အကြောင်း ဖြစ်လာတာပါပဲ။ဒီဆောင်း
ပါးကို ဒုတိယအခေါက်က အဖြစ်ကိုရှေ့တင်ပြီးရေးမှ စာဖတ်သူများပိုရှင်းမှာဖြစ်တဲ့အတွက် ဒုတ်ယအခေါက်က အဖြစ်ကိုဦးစွာတင်ပြလိုက်ရပါတယ်။###############

ကားဆရာများကို ဘယ်သူက ထမင်းကျွေးတာလည်း
*************************************

သားတို့ဆုယူတာက ၂၀.၁၀.၂၀၁၂ ရက်နေ့မနက်ပိုင်းမှာတင်ပြီးတာဆိုတော့ အဲညနေမှာ (၆း၀၀)နာရီ ကားနဲ့ပဲပြန်လာခဲ့ပါတယ်။ပဲခူးရိုးမ ကိုကားကဖြတ်မောင်းလာပြီး ည(၉း၀၀)နာရီကျော်ကျော် ကားကထမင်းဆိုင်တစ်ဆိုင်ရှေ့ကိုရောက်တော့
(ဒီဆိုင်မှာ ကားခဏရပ်ပြီး ထမင်းစားပါမယ်။ခရီးသည်များလည်းထမင်းသုံးဆောင်နိုင်ပါတယ်။ကျန်းမာရေးကိစ္စများလည်းသွားလာနိုင်ပါတယ်။ကားတံခါးများပိတ်ထားမှာဖြစ်တဲ့အတွက် ပျောက်ရှနိုင်တဲ့ပစ္စည်းများကို ကိုယ်နှင့်တစ်ပါတည်းယူဆောင်ပြီးကားအောက်
ကိုအားလုံးဆင်းပေးကြဘို့ မေတ္တာရပ်ခံပါတယ်။)ဆိုပြီး ကားဆရာများကကြော်ငြာချက်ထုတ်ပြန်လို့ ကျွန်တော်အပါအ၀င် ခရီးသည်အားလုံးဆင်းပေးကြရပါတယ် အဲဒိမှာကျွန်တော်တို့နဲ့အတူပါလာတဲ့ ကျွန်တော့ညီနဲ့သားအပြင် ၀ါသနာရှင်ဒု စန္ဒရားပြိုင်ပွဲ ၀င်
ညီငယ်လေးနဲ့ သူ့ရဲ့ ဦးကြီးတို့လည်းဆိုင်ထဲဝင်ပြီးအဆာပြေထမင်းစားကြပါတယ်။ ကျွန်တော်ကတော့ ထမင်းမစားပဲ ၀ီစကီ (၄)ပက်ပြားလေးနဲ့ ရေသန့် (၁)ဘူးမှာသောက်တယ်။ ကားစီးရင်အန်တတ်တဲ့ကျွန်တော့ သားလေးကတော့ shark အချိုရည်တစ်ဘူး၊
ကျွန်တော့ညီနဲ့ ပြိုင်ပွဲဝင်ညီလေးက ထမင်းဆီစမ်း ကြက်ဥကြော် နှင့် တစ်ပွဲစီ မှာစားကြပါတယ်။ ဦးလေးကြီးကတော့ ထမင်းသုတ်ကို အမဲကြော်နဲ့တစ်ပွဲ မှာစားခဲ့တာပေါ့။အဲ့...ပြောဖို့ကျန်သွားတယ် ကိုရွှေကားဆရာများကတော့ ထမင်းဆိုင်ရှင်တွေရဲ့
special Guiest တွေလေ။သူတို့က သီးသန့်ခန်းထဲမှာ သီးသန့်ပေါ့။

ကားဆရာများစားသောက် ပြီးကားထွက်မယ်ဆိုရော ဆိုင်ရှင်က ကျွန်တော်တို့စားထားတဲ့ဝိုင်းကိုရောက်လာပြီး ကျသင့်ငွေရှင်းပါလေရော။ တတွတ်တွတ်တွတ် နဲ့ဘာတွေရွက်သွားမှန်းမသိ ရွက်လည်းပြီးရော (၅၇၀၀)ကျပ်တဲ့။ ဗျာ.........
အဲဒါနဲ့ မှားများနေမလားဆိုပြီး ကျွန်တော်က တစ်ခုချင်းစီ ပြန်တွက်ခိုင်းတော့ ထမင်းသုတ် အမဲကြော်နဲ့က(၁၂၀၀)။ ကျွန်တော် ထပ်ပြီး ဗျာလိုက်မိတယ်.....ထမင်းဆီဆမ်းကြက်ဥကြော်နဲ့ တစ်ပွဲ(၉၀၀)ကျပ်စီ(၂)ပွဲ။ ၀ီစကီ(၄)ပက်ပြားက(၁၀၀၀) shark အချိုရည်တစ်ဘူးက
(၁၀၀၀)တဲ့ ရေသန့်(၃၀၀) မျတ်နှာသုတ်တာဝါက တစ်ခု(၂၀၀)ကျပ်စီနဲ့ (၂)ခု။ စုစုပေါင်း(၅၇၀၀)တဲ့ အိတ်ထဲက ပိုက်ဆံ (၁၀၀၀)တန်ခြောက်ရွက်မောင်းထုတ်လိုက်ရတော့ ဆိုင်ရှင်ကကောင်တာကိုလှမ်းအော်ပါလေရော (၃၀၀)အမ်းမယ်ဟေ့ ဆိုတော့ စားပွဲထိုးကောင်လေးက
(၂၀၀)န်လေးကိုင်လာပြီး မြို့က စတိုးဆိုင်တွေမှာ (၅၀)ကျပ်သာပေးရတဲ့ တစ်ရှုးထုတ်ကလေးတစ်ထုတ် ကိုင်လာပြီး အကြွေမရှိလို့ဟုဆိုကာပြန်လာပေးသွားပါတယ်။ကျွန်တော်လည်းဘာမှမပြောချင်တာနဲ့ ဆိုင်ရှင်ကို (ဒီနေရာ ကိုဘယ်လိုခေါ်သလည်းဗျ)ဆိုတော့ဆိုင်
ရှင်က(၀ံအော်) တဲ့။ကျွန်တော်လည်းသဘောကျသွားတာနဲ့ သြော်....၀ံတောင်မှအော်သေးတာ လူအော်တာမဆန်းတော့ပါဘူးလေ....လို့ခပ်ပြုံးပြုံးပြောပြီးကားပေါ်ပြန်တက်ခဲ့ပါတော့တယ်။ပြီးတော့ အတွေးတစ်ခုက ကပ်ပါလားပါတယ် (ကားဆရာများကို ထမင်းကြွေးတာ
ထမင်းဆိုင်ကပိုင်ရှင်တွေလား.......ခရီးသည်တွေလားဆိုတာကိုပေါ့။##############################(ဒုတိယ ပိုင်းအား 23.7.2013) ရက်နေ့မှာဆက်လက်ဖက်ရူပါရန်......ပြည်သတင်း.....

0 comments:

Post a Comment

Facebook Like Page