Tuesday, July 2, 2013

22.6.2013 အောင်ကျော်မိုးမှ (ပေးစာ)

Leave a Comment
ပဲခူးတိုင်းဒေသကြီး ၊သဲကုန်းမြို့  သဲကုန်းရပ်ကွက် (၂) မှ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုးလှိုင်သည် ရပ်ကွက်သူ/သားများအား ညှာတာထောက်ထားမှုမရှိဘဲ မောက်မာရိုင်စိုင်းစွာ ဖြင့်  ပြောဆိုဆက်ဆံ၍ကိုယ်ကြမ်းဖြင့် ရပ်ကွက်သူ/သားတွေကို အုပ်ချုပ် နေလျက်ရှိပါသည် လည်းကောင်း ဦးဆိုးလှိုင်သည် ယခင်က ယခုကဲသို့  ရုပ်ဆိုးအကျည်းတန်သည့် အမူယာ စရိုက်မျိုး မရှိခဲ့ ပါ ယခုအခါမှ ရပ်ကွပ်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ ၍ အကျင့် စရိုက်များပြောင်းလည်းသွားချင်းဖြစ်ပါသည်၊ ရပ်ကွပ်သူ/သားတွေကို မတူသလို ဆက်ဆံပြီး အခင်းကြီး၊အခင်းငယ်ကိစ္စတွေဆိုရင် ငွေကြေး ချမ်းသာတဲ့ သူမှသာ
ရပ်တည်ကာကွယ်ပေးပြီး ငွေကြေး မပြည်စုံသူများကို မသိကျိုးကျွံ ပြုပြီး ရှောင်ပါတယ်။

ဒီထက်ပို၍ဆိုးတာက နိုင်ငံတော်က ချပေးသော တန်ဖိုးနည်းဖုန်းကပ်များကို ကိုယ်ကျိုးအသုံးပြုပြီး စီးပွားရှာပါတယ် ၊ ရပ်ကွပ်သူ/သားတွေကမကျေနပ်ကြလို့  မေးမြန်းတဲ့ အခါ မင်းတို့ လို ကူလီတွေ၊ပဲပြုတ်သည်တွေ၊အသုပ်ရောင်းတဲ့ သူတွေ၊ဆိုက္ကားသမားတွေက ဘာအဆင့် တန်းရှိလို့  ဖုန်းကိုင်ချင်ရတာလည်းဆိုပြီး ချိုးချိုး နှိမ်နှိမ် ပြောလွှတ်ပါတယ်ဗျာ..ဒီလိုယုတ်မာ ကောက်ကျစ်တဲ့  အင်္ဂါရပ် တွေနဲ့  ပြည့်နှပ်နေတဲ့ ရပ်ကွပ် အုပ်ချုပ်သူ လူကြီးမျိုး ကျွန်တော်တို့  သဲကုန်းသူ/သားများအားလုံး မှ ရပ်ကွက်အုပ်ချုပ်ရေမှု ဦးစိုးလှိုင်အား ဖြူတ်ချပေးပြီး အသစ်တင်ပေးပါရန် တောင်းဆိုအပ်ပါတယ် ခင်ဗျာ အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး တာဝန်းရှိ အထက်လူးကြီးမင်းများနှင် တကွသက်ဆိုင်ရာ အာဏာပိုင် လူးကြီးမင်းများအားတောင်းဆိုအပ်ပါတယ်ခင်ဗျာ

လည်းကောင်းဦးစိုးလှိုင်သည် ယခင်ကတိုင်ကြားခဲ့ သော ဖုန်းကိစ္စနှင့် ပါတ်သတ်ပြီး သူကိုတိုင်ရမလားဆိုးပြီး (၁၃.၆.၂၀၁၃) ည (၈)နာရီခန့် တွင် ညောင်ကုန်းရပ်ကွက် (၂)မှ ဦးချစ်လွင်အား ၀က်အူလှည့်ဖြင့် ထိုးရာ ပါတ်ဝန်းကျင်မှ အဆွဲမြန်ခဲ့ ၍ လွတ်မြောက်ခဲ့ ရပါသည်၊ ထို့ ကြောင့်  ကျွန်တော်တို့  သဲကုန်းမြို့ နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ စရိုက်များနှင့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာအာဏာပိုင်များနှင့်  နိုင်ငံတော်သမ္မတကြီး သိစေရန် တင်ပြအပ်ပါသည်ခင်ဗျာ...


0 comments:

Post a Comment

Facebook Like Page