Tuesday, July 2, 2013

မီဒီယာ(2)ဦးထောင်ကျတော့မည်လား?

Leave a Comment
24.6.2013 ရက်နေ့ညနေမှာကျွန်တော့ကို ပြည်အမှတ်(၂)မှ ဒုရဲအုပ်တစ်ယောက်ဖုန်းဆက်လာပါတယ် 25.6.2013 မနက်ဖန် ကျွန်တော်တို့ကိုပြည်အမှတ်(၂) ရဲစခန်းမှာချိန်းဆိုထားပါတယ်မနက်(၉)နာရီလောက်ပါ...(အရင်ကကျွန်တော်တင်ပြခဲ့တဲ့ (ဧရာဝတီ ချစ်သူများကွန်ယက်) ကမ်းနားမှာရှိတဲ့ ဦးထိုင်ထိုင်ဆောက်လုပ်နေတဲ့ အဆောက်အဦးကြီးကို ဆန္ဒပြတဲ့နေ့ကိုမှတ်မိအုံးမှာပေါ့ .............

"သမ္မတကြီးချစ်တဲ့ဧရာဝတီမြန်မာပြည်ရဲ့ဧရာဝတီ။"...မီဒီယာ(2)ဦးထောင်ကျတော့မည်လား?????????????????????ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် 17.5.2013 ရက်နေ့ နံနက် 8:10 အချိန်ခန့် ပြည်မြို့၊ ဆံတော်ရပ်ကွက် ၊ ကမ်းနားလမ်း ၊ ဧရာဝတီမြစ်ကမ်းနား သောင်ပြင်ကို မြေဖို့ပြီး အဆောက်အဦးကြီးတခု ဆောက်လုပ်နေသဖြင့် ဧရာဝတီမြစ်၏ အလှသဘာဝကို ဖုံးကွယ်နေခြင်း၊ မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းတို့ကြောင့် ပြည်မြို့နေ လူထုက လုံးဝမကျေနပ်ကြပါ။ ထိုသောင်ပြင်မြေနေရာကြီးကို မည်သူက မည်သူ့ကို မည်သို့မည်ပုံပေးသည်ဖြစ်ပါစေ၊ မြစ်၏ ရေစီးကြောင်းကို ထပ်မံ၍ ပျက်စီးစေပါသည်။ ၀ိသမလောဘသားမှအပ မြို့နေလူထုက မကျေနပ်ကြပါ။ အများနှင့်ဆိုင်သော ဧရာဝတီမြစ်အတွက် မကျေနပ်ပါ၍ ထိုအဆောက်အဦးကြီးကို ဖျက်သိမ်းပေးရန်။ ''ဧရာဝတီ၏သဘာဝစီးဆင်းနေခြင်းကိုဟန့်တားပြောင်းလဲစေသည့်လုပ်ဆောင်မှူများဖယ်ရှားပေးပါ။" "မိဘပြည်သူများအသုံးပြုနေသောဧရာဝတီမြစ်ကမ်းမပြိုပျက်ရန်၊ကျန်းမာရေးအပန်းပြေရန်တာတမံပြုလုပ်ပေးစေလိုပါသည်။" " မဟာသဘာဝရှင်ကိုမြင်တွေ့ခွင့်ပေးပါ။" "သမ္မတကြီးချစ်တဲ့ဧရာဝတီမြန်မာပြည်ရဲ့ဧရာဝတီ။" ဟူသောစာတမ်းများပါသောဗင်နှိုင်းများဖြင့်ဧရာဝတီချစ်သူများကွန်ရက်ပြည်မြို့နယ်မှဦးမြင့်အေး (LL. မှ ဦးဆောင်ပြီး အင်အား100 ခန့် ၄င်းအဆောက်အဦးရှေ့တွင် ထိုရည်ရွယ်ချက်များဖြင့် ငြိမ်းချမ်းစွာစုဝေး ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ပါသည်။ ထိုစုဝေးဆန္ဒဖော်ထုတ်သူများကို မြို့မရဲစခန်း စခန်းမှုး ဒုရဲမှုး ၀င်းခိုင်နှင့် ပြည် အမှတ်(၁) ရဲစခန်း စခန်းမှုးရဲအုပ် အောင်လင်းတို့က 8:45 အချိန်ခန့်တွင် လူစုခွဲခဲ့ကြောင်း သတင်းရရှိသည်။

အဲလိုတွေဖြစ်ခဲ့တဲ့နောက်ပိုင်း ကျွန်တော်တို့တွေသတင်းရယူပြီး ကျွန်တော်ကနတ်တလင်းကိုသတင်းယူရန်ထွက်ခဲ့ပါတယ် ညရောက်တော့ဖုန်းဝင်လာပါတယ် အိမ်ကိုရဲနှစ်ယောက်လာမေးသွားတယ်တဲ့ ကျွန်တော်ကသတင်းသွားယူတာလေ ဆန္ဒပြတာမှမဟုတ်တာ သတင်းသမားတွေမှာဆန္ဒပြလို့လည်းမရပါဘူး ပြည်သူ့အသံဟာကျွန်တော့အသံပါပဲ ပြည်သူ့တွေကိုအချိန်နျင့်တပြေးညီးတင်ပြဖို့သတင်းတွေသယ်ဆောင်နေတဲ့ပြည်သတင်းလူငယ်ပါ (ဘ၀)တစ်ခုမှာဘာမှအစွန်းထင်းမခံတဲ့ပြည်သတင်းလူငယ်ပါ အခုတော့မှတ်ကျောတ်အတင်ခံခဲ့ရပါတယ် ထားပါတော့ဗျာ ကျွန်တော်ပြည်သတင်းလူငယ်နှင့် ပဲခူးသတင်းစဉ် ပြည်ခရိုင်အယ်ဒီတာ ကိုသန်းထိုက်အောင် တို့အား ဆန္ဒပြတဲ့သူတွေထဲမှာခေါင်းဆောင်အနေနဲ့ပါတယ်ဆိုပြီး တရားစွဲဆိုမယ်လို့တော့သိရပါတယ် ကဲဒီလောက်ဆိုဖြစ်စဉ်ကိုသိလောက်ပြီထင်ပါတယ်အားလုံးပျော်ရွှင်နိုင်ကြပါစေကျွန်တော့သတင်းကို ကျွန်တော်ကိုယ်တိုင် ပြန်တင်နေရပါတယ်..ချစ်မိတ်ဆွေများအတွက်မနက်ဖြန်ကိုလည်းဆက်လက်ပြီးတင် ပြပေးသွားနိုင်အောင်ကြိုးစားပါ့မယ်လို့ ပြည်သတင်းလူငယ်...........


0 comments:

Post a Comment

Facebook Like Page